Wave အကောင့်ဖွင့်ဖို့ “စာရင်းသွင်းမည်” ကို နှိပ်ပါ။ ညာဘက်ထိပ်ရှိနေရာတွင် အသုံးပြုမည့် ဘာသာစကားအား ရွေးချယ်နိုင်ပါသည်။
မိမိဖုန်းနံပါတ်ရိုက်ပြီး “ဆက်သွားရန်” ကို နှိပ်ပါ။
ယာယီ PIN နံပါတ် ၄လုံးကို SMS မက်ဆေ့မှ တစ်ဆင့် ရရှိမှာဖြစ်ပြီး ယာယီ PIN ကို ရိုက်ထည့်ပေးပါ။
PIN နံပါတ်အသစ် ၄လုံးကို ”သတိပြုရန်” တွင် ဖော်ထားသော ညွှန်ကြားချက်နှင့်အညီ သတ်မှတ်ပါ။
ရိုက်ထည့်ထားသော PIN နံပါတ်အသစ်ကို
ပြန်ရိုက်ပါ။
PIN နံပါတ် ၄ လုံးကို ထပ်မံရိုက်ထည့်ပါ။
အကောင့်စဖွင့်ရန် အသုံးပြုမည့်သူရဲ့ မှန်ကန်တဲ့ အထောက်အထားကဒ် မှတ်ပုံတင် (သို့) သက်သေခံကတ်အမျိုးအစားကို ရွေးပါ။
မှတ်ပုံတင် ရှေ့/နောက်ပုံ နှင့် Selfie ပုံ များထည့်ရန် တစ်ခုစီအားနှိပ်ပါ
အထောက်အထားကဒ်ရဲ့ အရှေ့ဘက် နှင့် အနောက်ဘက် အား လေးထောင့်ကွက်အတွင်း ဝင်စေရန်နှင့် ကဒ်နံပါတ် ကြည်လင်ပြတ်သားမှုရှိစေရန် သေချာချိန်၍ ဓာတ်ပုံရိုက်ပါ။
မှတ်ပုံတင်ဓာတ်ပုံ ဘယ်လိုရိုက်ရမလဲဆိုတဲ့ လမ်းညွှန်ချက်ကိုကြည့်ဖို့ ညာဘက်ထောင့်မှာရှိတဲ့ (?) ခလုတ်လေးကို နှိပ်ပြီး ကြည့်နိုင်ပါတယ်။
မျက်နှာအတည်ပြုရန် Selfie ဓာတ်ပုံရိုက်ကူးရပါမည်။ ဓာတ်ပုံရိုက်ကူးရာတွင် ဘဲဥပုံစံ ဘောင်ထဲမှာ အံဝင်ခွင်ကျထားပြီး မျက်မှန်၊ နှာခေါင်းစည်း (Mask) များ မတပ်ရပါ။
Selfie ပုံ ဘယ်လိုရိုက်ရမလဲဆိုတဲ့ လမ်းညွှန်ချက်ကိုကြည့်ဖို့ ညာဘက်ထောင့်မှာရှိတဲ့ (?) ခလုတ်လေးကို နှိပ်ပြီး ကြ ည့်နိုင်ပါတယ်။
မှတ်ပုံတင် ရှေ့/နောက်ပုံနှင့် Selfie ပုံ ကြည်လင်ပြတ်သားစွာ ရိုက်ပြီးပါက “ဆက်သွားရန်” ကို နှိပ်ပါ။
မှတ်ပုံတင်မှာ ရှင်းလင်းစွာ Scan ဖတ်၍မရပါက နောက်ထပ်သက်သေခံကတ်တစ်ခုခု ထပ်တင်ပေးဖို့ လိုအပ်ပါတယ်။ အခြားသက်သေခံကတ်တစ်ခုခု၏ အရှေ့နှင့် အနောက်ဓာတ်ပုံကို တင်ပေးပါ။ တင်ပြီးပါက "ဆက်သွားရန်" ကို နှိပ်ပါ။
အခြားအထောက်အထားတွေ ထပ်မံပေးပို့ရန် လမ်းညွှန်ချက်ကို ကြည့်ဖို့ ညာဘက်ထောင့်မှာရှိတဲ့ (?) ခလုတ်လေးကို နှိပ်ပြီး ကြည့်နိုင်ပါတယ်။
ကိုယ်ရေးအချက်အလက်တွေကို အပြည့်အစုံဖြည့်ပြီး “ဆက်သွားရန်” ကို ထပ်နှိပ်ပေးပါ။
ချက်အလက်များအားလုံး တင်သွင်းပြီးပါပြီ။ (၄၈) နာရီအတွင်းမှာပဲ Wave အကောင့်လေး အသုံးပြုလို့ ရတော့မှာဖြစ်ပါတယ်။
အချက်အလက်တွေကို စစ်ဆေးနေတုန်းမှာ “စစ်ဆေးဆဲ” လို့ ပြနေပါလိမ့်မယ်။
Notification မှ Wave အကောင့် အသုံးပြုလို့ ရကြောင်း အသိပေးစာဝင်လာမှာဖြစ်ပြီး စတင်အသုံးပြုရန် နှိပ်ပေးပါ။
အကောင့်ပိုလုံခြုံအောင် One-Device, One-Account စနစ် နဲ့ အသုံးပြုရန် “အိုကေ”ကိုနှိပ်ပြီး “နားလည်ပါသည်” ကိုအမှန်ခြစ်နှိပ်ပေးပါ။
Wave အကောင့်ရဲ့ ဝန်ဆောင်မှုများကို စတင်အသုံးပြုနိုင်ပါပြီ။