MMQR/ Myanmar Pay ၀န်ဆောင်မှုဆိုင်ရာ သဘောတူညီချက်

ကျွန်ုပ်တို့ ဝန်ဆောင်မှုအား ရယူအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့ ၏ ကိုယ်ရေးကိုယ်တာလွတ်လပ်မူဝါဒ တွင် ဖော်ပြထားသည့်အတိုင်း သုံးစွဲသူ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များအား စုဆောင်းခွင့်၊ အသုံးပြုခွင့် နှင့် မျှဝေခွင့်အား သင့်ထံမှ ခွင့်ပြုချက် ရရှိထားပြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံဗဟိုဘဏ်နှင့် ငွေရေးကြေး ရေး ဆိုင်ရာ အဖွဲ့အစည်းကြားတွင် အတူတကွပူးပေါင်းဆောင်ရွက်သော Myanmar Pay/MMQR ၀န်ဆောင်မှုအပါအ၀င် နိုင်ငံတော်အဆင့် မိုဘိုင်း ငွေပေးချေမှုများနှင့်ဆိုင်သည့် လုပ်ငန်းဆောင်တာများတွင် စာရင်းပေးသွင်းရန် သင့် ကိုယ်စား Wave Money အားပြုလုပ်ခွင့်ကို သင်မှ သိရှိခွင့်ပြုထားပါသည်။ သင့်အချက်အလက်များကို တိကျသော အေကြာင်းကိစ္စ/ရည်ရွယ်ချက်အတွက် ယုံကြည်စိတ်ချရသောတတိယအဖွဲ့အစည်းများသို့ ဝေမျှ မည် ကိုသင်မှသိရှိနားလည်လက်ခံသည်ဖြစ်ပြီး၊ အခွင့်မရှိသောအဖွဲ့အစည်းမှ သင်၏အချက်အလက်များ အား ရယူခြင်း (သို့မဟုတ်) ပေါက်ကြားစေခြင်းများကို အကာအကွယ်ပေးမည့် Wave Money ၏ မူ၀ါဒ စည်းမျဥ်းစည်းကမ်းများ ကိုသင်မှသဘောတူပါသည်။သို့သော် အခြားအဖွဲ့အစည်းထံမှ တဆင့် သင်၏အချက်အလက် များ ပေါက်ကြားခြင်းအတွက် Wave Moneyတွင်တာဝန်ရှိမည် မဟုတ် ကြောင်း ကိုလည်း အသိပေးအပ် ပါသည်။
သုံးစွဲသူများ အတွက် ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ သဘောတူညီချက် စည်းမျဉ်း စည်းကမ်း များ
ဤသဘောတူညီချက်သည် သုံးစွဲသူ နှင့် Digital Money Myanmar Limited (“DMM” သို့မဟုတ် “Wave Money”) တို့အကြားချုပ်ဆိုသည့် သဘောတူစာချုပ် ဟုမှတ်ယူရမည်ဖြစ်ပြီး Wave Money မှ ၀န်ဆောင်မှုပေးသည့် Wave အကောင့်အပါအ၀င် အခြား၀န်ဆောင်မှုများ (“၀န်ဆောင်မှု”) အား သုံးစွဲသူမှ အသုံးပြုသည့်ကိစ္စရပ်များနှင့်သက်ဆိုင်စေရမည်။ Wave အကောင့် ဖွင့်လှစ် ဆောင်ရွက် ခြင်း နှင့်/သို့မဟုတ် Wave Money Over-the-Counter ၀န်ဆောင်မှုကို အသုံးပြုခြင်းအားဖြင့် လူကြီးမင်းသည် ဤသဘောတူစာချုပ်၏စည်းမျဥ်းစည်းကမ်းများကို လိုက်နာရန် သဘောတူသည်ဟုမှတ်ယူရမည် ဖြစ်သည်။
စည်းမျဉ်းစည်းကမ်းများ
၁။ စကားရပ်များ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်
ပုံမှန်သုံးစွဲသူဆိုသည်မှာ Waveအကောင့်တခုကိုအသုံးပြုကာ ရက်ပေါင်း (၁၈၀) အတွင်း ငွေလွှဲပြောင်း ဆောင်ရွက်မှု အနည်းဆုံးတစ်ကြိမ် ပြုလုပ်သည့် သုံးစွဲသူကိုဆိုလိုသည်။
သဘောတူစာချုပ် ဆိုသည်မှာ– ဤသဘောတူညီချက်ကို ဆိုလိုခြင်းဖြစ်ပြီး အခါအားလျော်စွာ Wave Money က ပြန်လည်ပြင်ဆင်ထားသော ၀န်ဆောင်ခ ဇယားလည်းပါ၀င်သည်။
Central Bank of Myanmar သို့မဟုတ်CBM ဆိုသည်မှာ- ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ဗဟိုဘဏ်ကို ဆိုလိုသည်။
သုံးစွဲသူဆိုသည်မှာ-Waveအကောင့် မှတ်ပုံတင်ခြင်းနှင့် နှင့် OTC ၀န်ဆောင်မှုများကိုအသုံးပြုကာ ဤသဘောတူစာချုပ်၀င်ဖြစ်လာသည့် လူတဦးချင်း သို့မဟုတ် ကုမ္ပဏီ ကို ဆိုလိုသည်။
“DMM” (သို့မဟုတ်) “Wave Money” ဆိုသည်မှာ- ၀န်ဆောင်မှုကို ဆောင်ရွက်သည့် Digital Money Myanmar Limited ကို ဆိုလိုသည်။
“အမြဲအသုံးမပြုသည့်ငွေစာရင်း” ဆိုသည်မှာ ရက်ပေါင်း (၁၈၀) ဆက်တိုက် သုံးစွဲသူ မှ ငွေလွှဲပြောင်းမှု လုပ်ငန်း တစ်ခုမှ ပြုလုပ်ဆောင် ရွက်ထားခြင်း မရှိသည့် Wave အကောင့် (သို့မဟုတ်) MFS Account ကို ဆိုလိုသည်။”
“အမြဲအသုံးမပြုသည့် OTC” ဆိုသည်မှာ MFS Account ထဲတွင်ရှိနေသော ငွေပမာဏအတွက် တဆက်တည်း ရက်ပေါင်း (၃၆၅)ရက်နှင့်အထက် အတွင်း လိုအပ်သည့်အခြားဆောင်ရွက်မှုများ ထပ်မံ ဆောင်ရွက်ခြင်းမရှိသည့် OTC လုပ်ငန်းစဥ်ကိုဆိုလိုသည်။
“၀န်ဆောင်ခ” ဆိုသည်မှာ-Wave Money ကထုတ်ဝေသောအခကြေးငွေ ဇယားတွင်ပါရှိသည့် ဝန်ဆောင်မှု ကိုအသုံးပြုခြင်းအတွက်ကျသင့်သောအခကြေးငွေနှင့်ကျသင့်ငွေအားလုံးပါဝင်သည်။
“မိုဘိုင်းငွေကြေးဝန်ဆောင်မှု ငွေစာရင်း” သို့မဟုတ် “MFS Account” ဆိုသည်မှာ- OTC ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ လုပ်ငန်းစဥ်များ ဆောင်ရွက်ခြင်းအတွက် တန်ဘိုးတစ်ရပ်ကို စုဆောင်း သိမ်းဆည်း ထားနိုင်သည့်နည်းလမ်းတရပ်အနေဖြင့် Wave Money မှပံ့ပိုးပေးသည့် နည်းစနစ်ပိုင်းဆိုင်ရာ ငွေစာရင်းအကောင့် ကို ဆိုလိုသည်။
“Mobile Station International Subscriber Directory Number (MSISDN)” ဆိုသည်မှာ- မိုဘိုင်း ကွန်ပျူတာကွန်ရက် ချိတ်ဆက်ခြင်းတစ်ခုဖြင့် သုံးစွဲသူ အား မည်သူမည်ဝါဖြစ်ကြောင်း သိစေရန် အသုံးပြုသည့်တစ်ခုတည်းသောနံပတ်ဖြစ်သည်။
“ကွန်ပျူတာကွန်ရက်ချိတ်ဆက်ခြင်းဝန်ဆောင်မှုပေးသူ”ဆိုသည်မှာ-Wave Money နှင့် ဆက်သွယ် အလုပ် လုပ် ရာတွင် ဝယ်သူက အသုံးပြုရမည့် တယ်လီဖုန်းဆက်သွယ်ရေးနှင့် အချက်အလက်ဝန်ဆောင်မှု ပံ့ပိုးပေးသူကို ဆိုလိုပါသည်။
“မှတ်ပုံမတင်ထားသောဝန်ဆောင်မှု/ ကောင်တာမှပေးသည့်၀န်ဆောင်မှုများ Over-The-Counter(OTC)” ဆိုသည်မှာ-Wave Money က ဝယ်သူ၏ Waveအကောင့် မှတ်ပုံတင်ခြင်း မလိုအပ်သော ထောက်ပံ့ ပေးသော ဝန်ဆောင်မှု များကို ဆိုလိုသည်။
“PIN” သို့မဟုတ် “ကိုယ်ပိုင်အထောက်အထားနံပတ်”ဆိုသည်မှာ- ဝန်ဆောင်မှုကို ရယူသောအခါ သုံးစွဲသူ မည်သူမည်ဝါဖြစ်ကြောင်း စစ်မှန်ကြောင်းသက်သေပြရန် အသုံးပြုသည့် စာဝှက်သင်္ကေတ ၄-လုံးကို ဆိုလိုသည်။
“POS/အေးဂျင့် သို့မဟုတ် ရောင်းချမည့်နေရာ/အေးဂျင့်” ဆိုသည်မှာ- Wave ၏ ကိုယ်စား သံုးစွဲသူ သို့ တိုက်ရိုက် ဝန်ဆောင်မှု ပေးရန် Wave နှင့် အေဂျင်စီ သဘောတူစာချုပ် ချုပ်ဆိုထားသည့် လူတစ်ဦး သို့မဟုတ် အဖွဲ့အစည်းကိုဆိုလိုသည်။
“၀န်ဆောင်ခ ဇယား” ဆိုသည်မှာ- Wave Money, POS/အေးဂျင့်/WCC များနှင့် ဖြန့်ချိသူများက လူအများ သုံးစွဲ နိုင်အောင် ပြုလုပ်ထားသည့် ဝန်ဆောင်မှုကို သုံးစွဲသူက အသုံးပြုခြင်းအတွက် ပေးရမည့် အခကြေးငွေစာရင်းကို ဆိုလိုသည်။
“ဝန်ဆောင်မှု”ဆိုသည်မှာ- မိုဘိုင်းငွေကြေးဝန်ဆောင်မှုများကိုဆိုလိုပြီး၊ အထူးသဖြင့် electronic terminals အီလက်ထရောနစ်ဆက်သွယ်ရေးပစ္စည်းများနှင့် အကြွေးလက်မှတ်များအပါအဝင် မိုဘိုင်း နည်းပညာ အခြေခံ အဆောက်အဦးများကို အသုံးပြုခြင်းမှတဆင့် ငွေပေးချေမှုများဆိုင်ရာ ပြဌာန်း ချက်များ နှင့် ငွေကြေး ဝန်ဆောင်မှုများကို ဆိုလိုသည်။
“SIM”ဆိုသည်မှာ-သုံးစွဲသူများ၏ အထောက်အထားဆိုင်ရာ သီးခြားယူနစ် တစ်ခု ဖြစ်ပြီး၊ မိုဘိုင်း ကွန်ယက်အပေါ် သုံးစွဲသူတစ်ဦးက စစ်မှန်ကြောင်း သက်သေပြရန် အသုံးပြုသည့် သေးငယ်သည့် တုံကင်ပြား microchip စက်ကရိယာလေးကို ဆိုလိုသည်။
“လျို့ဝှက်သင်္ကေတ” ဆိုသည်မှာ- သုံးစွဲသူကရွေးချယ်ထားသော သီးသန့်လျှို့ဝှက် နံပတ် (၆) လုံးဖြစ်ပြီး ၄င်းကို သုံးစွဲသူ၏ အကျိုးခံစားခွင့်ရှိသူသို့ ကောင်တာ(OTC) တစ်ခု မှ ဝန်ဆောင်မှု ဆောင်ရွက်နိုင်ရန် စစ်မှန်ကြောင်း သက်သေပြရန်အတွက်ပေးထားသောလျှို့ဝှက်နံပါတ်ဖြစ်သည်။
“မိုဘိုင်းဖုန်းနံပါတ်ပြောင်းလဲအသုံးပြုခြင်းကိုအကြောင်းကြားခြင်း (Port Out)” ဆိုသည်မှာ မိုဘိုင်းကွန်ယက် တစ်ခုနှင့် အခြား မိုဘိုင်း ကွန်ယက်တစ်ခုသို့ ပြောင်းလဲ အသုံးပြုသည့်အခါ မိုဘိုင်းဖုန်း အသုံးပြုသူများက ၄င်းတို့၏ ကိုယ်ပိုင် မိုဘိုင်း ဖုန်းနံပတ်များကို အကြောင်းကြားထိန်းသိမ်းထားရန် ပြုလုပ်ခြင်းကို ဆိုလိုသည်။
“ရပ်ဆိုင်းထားသော ငွေစာရင်း” ဆိုသည်မှာ Wave Money ၏ သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ၊ ပေါ်လစီများ နှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ညွှန်ကြားချက်နှင့် အညီ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အကြောင်းကြား၍ ရပ်ဆိုင်းထားသော မည်သည့် ငွေစာရင်းကိုမဆို ဆိုလိုသည်။
“အတည်ပြုပြီးသောWave အကောင့်” ဆိုသည်မှာ ဥပဒေပြဌာန်းချက်စည်းမျဥ်းစည်းကမ်းများ လိုအပ်ချက် အရ သုံးစွဲသူ၏ (KYC) သတင်းအချက်အလက်များကို Wave Money မှ စစ်ဆေးအတည် ပြုပြီး ဖြစ်သော Waveအကောင့် ကိုဆိုလိုသည်။
“Wave” ဆိုသည်မှာ Wave အပလီကေးရှင်း နှင့်/သို့မဟုတ် သုံးစွဲသူများက Wave ၀န်ဆောင်မှုနှင့် ပတ်သက်သည့် လုပ်ငန်းစဥ်များ ဆောင်ရွက်နိုင်ရန် အပလီကေးရှင်းမှတဆင့် ၀င်ရောက်အသုံးပြုနိုင်သော Wave Money မှပံ့ပိုးပေးသည့် တန်ဘိုးတစ်ရပ်ကို စုဆောင်း သိမ်းဆည်း ထားနိုင်သည့် ေ၀ါလက် အကောင့် (Wallet Account) ကို ဆိုလိုသည်။
“WCC” ဆိုသည်မှာ သုံးစွဲသူများ လွယ်ကူအဆင်ပြေချောမွေ့စွာ၀န်ဆောင်မှုများရယူနိုင်ရန် နေရာဒေသ အသီးသီးတွင် Wave Money မှ ဖွင့်လှစ်ထားသော ၀န်ဆောင်မှုစင်တာများကိုဆိုလိုသည်။
၂။ ဝန်ဆောင်မှုကို အသုံးပြုခြင်း
၂–၁။ သုံးစွဲသူ၏ သက်သေခံ အထောက်အထားနှင့် အရည်အချင်းများ
(က) အတည်ပြုပြီးသောအကောင့်– သုံးစွဲသူသည် Wave Money နှင့် CBM က သတ်မှတ်ထားသည့် စံနှုန်းများ နှင့် အညီ ပြည့်မီရန် လိုအပ်သောအထောက်အထားနှင့် လုံလောက်သော သက်သေခံချက် ကို ပြသရန် Wave Money သို့ တင်ပြရမည်။
(ခ) ကောင်တာမှ ပေးသည့် ဝန်ဆောင်မှု (OTC)များ – သုံးစွဲသူသည် Wave Money နှင့် CBM က သတ်မှတ် ထားသည့် စံနှုန်းများ နှင့်အညီ သုံးစွဲသူမည်သူမည်ဝါ ဖြစ်ကြောင်း အထောက်အထားဖြစ်သည့် သုံးစွဲသူ၏ MSISDNနှင့် သက်ဆိုင်ရာစာရွက်စာတမ်းများကို ကျေနပ်အောင် ပြသ၍ ထောက်ပံ့ ပေး ခြင်းအားဖြင့် OTC ကောင်တာမှ ပေးသည့် ဝန်ဆောင်မှုများကို အသုံးချနိုင်ပါသည်။
(ဂ) ဝန်ဆောင်မှုများ အားလုံး သို့မဟုတ် တချို့တဝက်ကို ရရှိရန် အလို့ငှာ- သုံးစွဲသူသည် active အသုံးပြု၍ရသော မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း SIM ကဒ် တစ်ခု ရှိရမည်။
၂.၁(က) Wave အကောင့်များကို အသုံးပြုခွင့်ပေးထားသည့်ကိစ္စရပ်များ
ဤသဘောတူညီချက် (User Agreement) အရ စီမံခန့်ခွဲသော Wave အကောင့်များသည် တစ်ဦးချင်းစီအတွက်နှင့် စီးပွားရေးဆန်ဆန်မဟုတ်သော အသုံးပြုမှု (“ကိုယ်ရေးကိုယ်တာအသုံးပြုမှု”) အတွက်သာ ရည်ရွယ်ပါသည်။ ငွေလွှဲပြောင်းမှု ပမာဏ သို့မဟုတ် အကြိမ်ရေ မည်မျှပင်ဖြစ်စေ စီးပွားရေးလုပ်ငန်း၊ ကုန်သွယ်မှု၊ ကိုယ်စားလှယ် (အေးဂျင့်) လုပ်ဆောင်ချက် သို့မဟုတ် အခြားစီးပွားရေးဆိုင်ရာ ရည်ရွယ်ချက်တစ်ခုခု (“စီးပွားရေးအရအသုံးပြုမှု”) နှင့် ဆက်စပ်၍ ရန်ပုံငွေများ လက်ခံရန် သို့မဟုတ် ပေးပို့ရန် Wave အကောင့်ကို အသုံးပြုခြင်းအား ခွင့်မပြုပါ။
Wave Money သည် ငွေလွှဲပြောင်းမှုပုံစံများ၊ အကောင့်လှုပ်ရှားဆောင်ရွက်မှု သို့မဟုတ် အခြားညွှန်ပြချက်များအပေါ် အခြေခံ၍ စီးပွားရေးအရအသုံးပြုမှုကို ခွဲခြားသတ်မှတ်နိုင်ပြီး သုံးစွဲသူအပေါ် လိုအပ်သော နောက်ဆက်တွဲ အရေးယူဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်နိုင်ပါသည်။ ယင်းသို့ဆောင်ရွက်ရာတွင် နောက်ထပ်အချက်အလက်များ တောင်းခံခြင်း၊ အကောင့်၏ လုပ်ဆောင်ချက်များကို ကန့်သတ်ခြင်း၊ သက်ဆိုင်ရာ ဝန်ဆောင်ခများ ကောက်ခံခြင်း သို့မဟုတ် သုံးစွဲသူအား လုပ်ငန်းသုံးအကောင့် (Merchant account) သို့မဟုတ် ကိုယ်စားလှယ်အကောင့်(Agent account) အဖြစ်ဖွင့်လှစ်၍ အသုံးပြုစေခြင်းတို့ အပါအ၀င် ဖြစ်သည်။ ဤအပိုဒ်ခွဲကို လိုက်နာရန် ပျက်ကွက်ခြင်းအား ဤအသုံးပြုသူသဘောတူညီချက်ကို ချိုးဖောက်ခြင်းဟု မှတ်ယူမည်ဖြစ်ပြီး Wave Money အနေဖြင့် အပိုဒ် ၄ နှင့်အညီ သဘောတူညီချက်ကို ရပ်စဲရန် ရွေးချယ်နိုင်ပါသည်။
၂.၂။ သုံးစွဲသူက မှတ်ပုံတင်ခြင်း
(က) Wave အကောင့် မှတ်ပုံတင်ခြင်းဆိုသည်မှာ- ကိုယ်တိုင် ဖြစ်စေ ခွင့်ပြုထားသော POS / အေးဂျင့်လိုင်း/WCC များမှ တဆင့် မှတ်ပုံတင်ခြင်းဖြစ်စေ ၄င်းနှစ်နည်းအနက် တနည်းနည်းနှင့် မှတ်ပုံတင်ခြင်း ဖြစ်ရမည်။
(ခ) သုံးစွဲသူက မှတ်ပုံတင်ထားသည့် MFS ငွေစာရင်းမှတဆင့် တောင်းခံမှုများ ပြုလုပ်ပြီး ခွင့်ပြု ထားသော လုပ်ငန်းများကို ရရှိရန် အလို့ငှာ မှတ်ပုံတင်သည့် အချိန်တွင် PIN နံပတ် တစ်ခုကို ရွေးချယ်ရမည်။
(ဂ) သုံးစွဲသူသည် Wave Money မှ အတည်ပြုပြီးသော Wave အကောင့်ဟု သတ်မှတ် ခံရသည့် အဆင့်ရောက်သည်အထိ လိုအပ်သော KYC အချက်လက်ဖြည့်ခြင်းဆိုင်ရာလုပ်ငန်းစဥ်ကို ပြီးပြည့်စုံ စွာ ဆောင်ရွက်ရမည်။
(ဃ) သုံးစွဲသူသည် တောင်းခံထားသောလုပ်ငန်းများ ပြီးဆုံးအောင်ဆောင်ရွက်နိုင်ရန် MFS ငွေစာရင်း/Wave အကောင့် တွင်လုံလောက်သောငွေ(credit)ရှိရမည်။ MFS ငွေစာရင်းတွင် လုံလောက်သောငွေမရှိသည့်ကိစ္စရပ် တွင် သုံးစွဲသူမှ ဆောင်ရွက်သည့် လုပ်ငန်းစဥ်ကို Wave Money မှပယ်ချနိုင်သည်။
(င) သုံးစွဲသူသည် SIM ကဒ် တွင် လုံလောက်သော ငွေ (credit)ကို ဖြည့်သွင်း ထိန်းသိမ်း ထား ရမည်။
၂.၃။ သုံးစွဲသူ၏ အခွင့်အရေးနှင့် တာဝန်များ
(က) သုံးစွဲသူသည် ၄င်း၏ PIN နံပတ်ကို လျို့ဝှက်ထားရန်နှင့် POS/အေးဂျင့်/WCC သို့မဟုတ် Wave Money ၏ ၀န်ထမ်းများ၊ကိုယ်စားလှယ်များအပါအဝင်အခြားမည်သူ့ကိုမျှထုတ်ဖော်ပြသခြင်းမပြုရ။
(ခ) လျို့ဝှက်သင်္ကေတကို လုပ်ငန်းလိုအပ်ချက်အရ အသုံးပြုသည့်အခါ သုံးစွဲသူသည် ၄င်း၏ လျို့ဝှက်သင်္ကေတကို လျို့ဝှက်ထိန်းသိမ်းထားရန်နှင့် ရန်ပုံငွေများကို မိမိရည်ရွယ်သည့် လက်ခံသူ တစ်ဦးတည်းထံ ထုတ်ဖော်ပြသရမည်။ သုံးစွဲသူသည် POS/ အေးဂျင့်များ/WCC များ/Wave Money ၏၀န်ထမ်းများ အပါအဝင် မိမိရည်ရွယ်သည့် လက်ခံသူမှတပါးအခြားသူတစ်ဦးဦးထံ လျို့ဝှက် သင်္ကေတကို ထုတ်ဖော်ပြသခြင်း မပြုရ။
(ဂ) သုံးစွဲသူသည် အကယ်၍ ၄င်း၏ မိုဘိုင်းဖုန်း သို့မဟုတ် SIM ကဒ် အား အခိုးခံရပါက SIM ကဒ်ပေါ်တွင် မှတ်ပုံတင်ထားသော MFS ငွေစာရင်း/ Wave အကောင့်အား ပိတ်ပစ်ရန်အလို့ငှာ Wave Money သို့ ချက်ချင်းအသိပေးရမည်။ မှတ်ပုံတင်ထားသော MFS ငွေစာရင်း/Wave Pay အကောင့်သည် တဦးချင်း ဝင်ရောက် ရသော စက်ယန္တယားဖြစ်ပါသည်။ MFS ငွေစာရင်း/Wave အကောင့် အား ပိတ်ပစ်ခြင်းအားဖြင့် ဝန်ဆောင်မှုအား ဆိုင်းငံ့ထားမည့်အပြင် ခွင့်ပြုချက်မရှိသော လုပ်ငန်းများအား တားဆီးကာကွယ်ထားမည် ဖြစ်ပါသည်။
(ဃ) Wave Money သည် CBM မှ ညွှန်ကြားလာပါက သုံးစွဲသူ၏ MFS ငွေစာရင်း/Wave အကောင့်ကို ဆိုင်းငံ့/ရပ်ဆိုင်း ထားရန်အခွင့်ရေးရှိကြောင်းသုံးစွဲသူမှသဘောတူပါသည်။
(င) အကယ်၍ တစုံတယောက်က သုံးစွဲသူ၏ PIN နံပတ်အားရရှိပြီး၊ သုံးစွဲသူ၏SIMကဒ်နှင့် မှတ်ပုံတင်ထားသော MFS ငွေစာရင်း/Wave အကောင့် အား ချဉ်းကပ်ဝင်ရောက် အသုံးပြုနိုင်ခွင့်ရရှိခဲ့ပါက ၄င်းကို ထိုပုဂ္ဂိုလ်က MFS ငွေစာရင်း/Wave အကောင့် သို့ ချဉ်းကပ်ဝင်ရောက်ခြင်းသည် သုံးစွဲသူကိုယ်တိုင် သို့မဟုတ် ယင်း၏ အခွင့်ရကိုယ်စားလှယ်က ဝင်ရောက်ခြင်း ဖြစ်သည်ဟု မှတ်ယူမည်ဖြစ်သည်။
(စ) သုံးစွဲသူသည် ဤသဘောတူစာချုပ်အရ ၄င်း၏ အခွင့်အရေးများနှင့် တာဝန်များ သို့မဟုတ် ဝန်ဆောင်မှု ကို အသုံးပြုခွင့်ကို Wave Money ၏ အတိအလင်း ကြိုတင်သဘောတူညီချက်မရရှိဘဲ အခြားသူအား မည်သည့်နည်းနှင့်မျှ ပေးအပ်ခြင်း၊ လွှဲအပ်ခြင်း၊ လွှဲပြောင်းခြင်း မပြုနိုင်ပါ။
(ဆ) သုံးစွဲသူသည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုများအား ငွေကြေးထောက်ပံ့ခြင်း အပါအဝင် မည်သည့် အကြမ်းဖက်မှု၊ တရားမဝင်သော လိမ်လည်သော သို့မဟုတ် ပြစ်မှုဆိုင်ရာ ရည်ရွယ်ချက် များအတွက် ဤဝန်ဆောင်မှုများကို အသုံးမပြုရ။ သုံးစွဲသူသည် မိမိ၏ Wave အကောင့်ကို မည်သည့် တစုံတဦးတစ်ယောက်ကိုမျှ ရောင်းချခြင်း သို့မဟုတ် အခြား နည်းလမ်းတခုခုဖြင့် လွှဲပြောင်းခြင်း မပြုရ။
(ဇ) သုံးစွဲသူသည် ၄င်း၏ MFS ငွေစာရင်း/Wave အကောင့် နှင့်အတူ သို့မဟုတ် MFS ငွေစာရင်း/Wave အကောင့် အား ရပ်စဲခြင်းမပြုဘဲ မိမိ၏ MFS ငွေစာရင်းတွင်ရှိသော ငွေများကို မည်သည့်အချိန်တွင်မဆို ငွေလွဲခြင်း သို့မဟုတ် ကြွေးမီ ပေးဆပ်ခြင်း/ ရွေးနုတ်ခြင်း ပြုခွင့်ရှိသည်။ ၄င်းဆောင်ရွက်မှူများအတွက် Wave Money မှ သတ်မှတ်ထား သည့် သက်ဆိုင်ရာ ၀န်ဆောင်ခများ ကျသင့်မည်ဖြစ်သည်။
၂–၄။ MFS ငွေစာရင်း/Wave အကောင့် ၏ အပြောင်းအလဲများ
(က) သုံးစွဲသူသည် MFS မိုဘိုင်းငွေစာရင်း ဖွင့်နေစဉ်အတွင်း (Port Out) လုပ်နိုင်မည်မဟုတ်ပါ။ အဆိုပါ MFS မိုဘိုင်းငွေစာရင်း အခြေအနေအရ Port Out လုပ်ရန် တောင်းဆိုပါက အပိတ်ခံရနိုင်ဖွယ်ရှိပါသည်။
(ခ) MSISDN ပြောင်းလဲခြင်း သို့မဟုတ် MSISDN ရပ်စဲခြင်းအတွက် မည်သည့် တောင်းဆို မှုများကိုမဆိုခွင့်မပြုပါ။ အဆိုပါ MSISDN မိုဘိုင်းငွေစာရင်း အခြေအနေအရ မိုဘိုင်း MSISDN ငွေ စာရင်း ပြောင်းလဲခြင်း သို့မဟုတ် MSISDN ရပ်စဲခြင်းအတွက် တောင်းဆိုပါက အပိတ်ခံရနိုင်ဖွယ် ရှိပါသည်။
(ဂ) MSISDNအတွက် မည်သူမျှ ပိုင်ဆိုင်မှု ပြောင်းလဲရန် တောင်းဆိုခြင်းကို ခွင့်ပြုမည်မဟုတ်ပါ။ အဆိုပါ MFS မိုဘိုင်းငွေစာရင်း အခြေအနေအရ ပိုင်ဆိုင်မှု ပြောင်းလဲရန် တောင်းဆိုပါက အပိတ်ခံ ရ နိုင်ဖွယ် ရှိပါသည်။
(ဃ) မည်သည့် MSISDNအတွက်မဆို SIM ကဒ် အစားထိုးအသုံးပြုပါက ငွေစာရင်း၏ PIN နံပတ်ကို ပြောင်းလဲရမည်။ သုံးစွဲသူသည် Call Center သို့ ဖုန်းခေါ်ဆိုရန် လိုအပ်ပြီး၊ ၄င်း၏ ငွေစာရင်းကို အသုံးမပြုမီ ယင်းသို့ အသုံးပြုနိုင်ရန် PIN နံပတ်ကို ပြောင်းလဲခြင်းပြုရန် တောင်းဆိုရမည်။
(င) သုံးစွဲသူသည်တစ်ဦးသည် လက်ရှိ မိမိ၏ အသုံးပြု နေ သော MSISDN ၏ SIM ကဒ် အသုံးပြုမှုကို ရပ်ဆိုင်ပြီး အခြား MSISDN ၏ SIM ကဒ်ကို အစားထိုးအသုံးပြုလိုပါက ထို SIM ကဒ်ဖြင့် အသုံးပြု၍ မှတ်ပုံတင် ဖွင့်လှစ်ထားသော Wave Money အကောင့် အသုံးပြုမှုကို မရပ်ဆိုင်းမီ ထိုငွေစာရင်း၏ လက်ကျန် ငွေများ အားလုံးထုတ်ယူရန် အကြံပြုပါသည်။
၂–၅။ တရားဝင် တိုင်တန်းခြင်း
(က) သုံးစွဲသူသည် မှတ်ပုံတင်ခြင်းအတွက် ပေးထားသော Wave Money hotline (သို့မဟုတ်) နီးစပ်ရာ WCC ကို ဆက်သွယ်ခြင်းဖြင့် သို့မဟုတ် စာဖြင့်ရေးသားပြီး Wave Money ကို အသိပေးခြင်းဖြင့် ဝန်ဆောင်မှုပေးခြင်းနှင့် စပ်လျဉ်း၍ တိုင်ကြားခြင်းများကို ယာယီ သိမ်းဆည်းထားနိုင်သည်။ Wave Money က တိုင်တန်းမှုကို စုံစမ်း ရမည်ဖြစ်ပြီး၊ အလုပ်လုပ်ရက် (၅) ရက်အတွင်း ဖြေရှင်းပေးရမည်။ အကယ်၍ တိုင်တန်းမှုကို (၅)ရက်အတွင်း မဖြေရှင်းနိုင်ပါက သုံးစွဲသူအား အကြောင်းကြားပြီး၊ တဆက်တည်း နောက်ထပ် (၁၀)ရက်အတွင်း အတူတူ ဖြေရှင်းရမည်။
(ခ) တိုင်တန်းမှု တစ်ခု၏ ကိုးကား နံပတ်နှင့် အခြားဆက်နွယ်သော သတင်းအချက်အလက်များကို ဝယ်သူသို့ တိုင်တန်းမှုကို စုံစမ်းစစ်ဆေးသည့် တိုးတက်မှုဖြစ်စဉ်များကို ၄င်းကိုယ်တိုင် သိရှိနိုင်ရန် ပေးရမည်။
(ဂ) အကယ်၍ သုံးစွဲသူသည် တိုင်တန်းမှုအား ဖြေရှင်းပေးခြင်းကို မကျေနပ်ပါက သုံးစွဲသူသည် ဆုံးဖြတ် ချက်ကို ပြန်လည် ဆန်းစစ်ရန် Wave Money ၏ အကြီးတန်း ကိုယ်စားလှယ်များထံ တိုင်တန်း နိုင်ခွင့် ရှိသည်။
၂–၆။ မိုဘိုင်း ငွေကြေး ဝန်ဆောင်မှုများကို လိမ်လည်ခြင်း
(က) အကယ်၍ သုံးစွဲသူသည် ၄င်း၏ MFS ငွေစာရင်း/Wave အကောင့် ကို ခွင့်ပြုချက်မရှိဘဲ နှင့်/သို့မဟုတ် သံသယ ဖြစ်ဖွယ်ပတ်သက်သည့် လိမ်လည်မှု၏သားကောင် ဖြစ်ရကြောင်း ယုံကြည်ရန်ဖြစ်နိုင်သည့် အကြောင်းရင်း ရှိပါက သုံးစွဲသူသည် ထိုကိစ္စကို အနီးဆုံး POS/ အေးဂျင့်/WCC မှတဆင့် Wave Money သို့ ချက်ချင်း အစီရင် ခံရမည်။ ထိုအဖြစ်အပျက်ကို နှုတ်ဖြင့် Wave Money hotline သို့လည်းကောင်း စာဖြင့် ရေးသားထားသောအစီရင်ခံစာ ဖြင့် လည်းကောင်း ပေးပို့ရမည်။
(ခ) သုံးစွဲသူသည် လိမ်လည်မှု စုံစမ်းစစ်ဆေးရေးဆောင်ရွက်မှုများအတွက် အာဏာပိုင်များနှင့် ပူးပေါင်းကာ လိုအပ်သည့် သတင်းအချက်အလက်များအားပံ့ပိုးပေးရမည်။ အဆိုပါ လိမ်လည်မှု စုံစမ်း စစ်ဆေးရေး ဆောင်ရွက်မှုများ အတွက်ပင်လျှင် Wave Money မှ သုံးစွဲသူ၏ PIN/လျှို့၀ှက်သက်ေတ ကဲ့သို့ သတင်းအချက်အလက်ကို မည်သည့်အခါမျှမေးမြန်းစုံစမ်းမည်မဟုတ်ဘဲ သုံးစွဲသူမှအဆိုပါ လျှို့ ၀ှက်အချက်အလက်များကိုမည်သူ့ကိုမျှမပေးမိစေရန်သတိပြုရပါမည်။
(ဂ) Wave Money နှင့် အာဏာပိုင်များ၏စုံစမ်းစစ်ဆေးချက်များအရ သုံးစွဲသူဘက်မှ အမှား သို့မဟုတ် ပေါ့လျော့မှု မရှိဘဲ Wave Money က ပေးထားသော လုံခြုံမှုနှင့် လုံခြုံမှု အစီအမံများကို သုံးစွဲသူမှ လိုက်နာ ခဲ့ပါလျှက်နှင့် လိမ်လည်မှူဖြစ်ပွားခဲ့ကြောင်း တွေ့ရှိပါက Wave Money သည် ထိုလိမ်လည်မှုကြောင့် သုံးစွဲသူခံစားရသည့် ဆုံးရှုံးမှုများကို ပြန်အမ်းပေးရန် ညွှန်ကြားနိုင်သည်။
(ဃ) Wave Money ၄င်း၏ ဝန်ဆောင်မှုများ သို့မဟုတ် ယင်း၏ ဝန်ဆောင်မှု ကို အသုံးပြုခြင်းနှင့် စပ်လျဉ်းသည့် စည်းမျဉ်းစည်းကမ်းများကို အခါအားလျော်စွာ ပြင်ဆင်နိုင်သည်။ ဝန်ဆောင်မှု သို့မဟုတ် ယင်း၏ ဝန်ဆောင်မှုကို အသုံးပြုခြင်းနှင့် စပ်လျဉ်းသည့် စည်းမျဉ်းစည်းကမ်းများ ပြောင်းလဲ ခြင်း ကို သင့်လျော်သော ကာလအတွင်း သုံးစွဲသူသို့ www.wavemoney.com.mm မှ အသိပေး အကြောင်းကြား နိုင်သည်။ အကယ်၍ သုံးစွဲသူက ယင်းပြောင်းလဲသော စည်းမျဉ်းစည်းကမ်းများကို သဘောမတူပါက ယင်း သို www. wavemoney.com.mm မှ အကြောင်းကြားခြင်း ကို လက်ခံရရှိသည့်နေ့မှ ၃၀ ရက်အတွင်း ဝန်ဆောင်မှုကို ရပ်စဲနိုင်ခွင့်ရှိပါသည်။ အကယ်၍ သုံးစွဲသူသည် ပြင်ဆင်ချက်များကို ပြုလုပ်ထားကြောင်း Wave Money က အကြောင်းကြားစာ လုံလုံလောက်လောက် ပေးပြီးနောက် ရက်ပေါင်း(၃၀) အတွင်း ဝန်ဆောင်မှုကို ဆက်လက် အသုံးပြုနေပါက သို့မဟုတ် သုံးစွဲသူသည် ဝန်ဆောင်မှုကို ရပ်စဲရန် ယင်း၏ ရည်ရွယ်ချက်ကို ရက်(၃၀) အတွင်း Wave Money သို့ အသိပေးရန် ပျက်ကွက်ခဲ့ပါက Wave Money သည် ပြင်ဆင်ထားသော ဝန်ဆောင်မှု သို့မဟုတ် စည်းမျဉ်း စည်းကမ်း များကို သုံးစွဲသူက ဖတ်ရှု သဘောတူ လိုက်နာမည်ဟု မှတ်ယူနိုင်ပါသည်။
၂–၇။ Wave Money ၏ အခွင့်အရေးနှင့် တာဝန်များ
(က) Wave Money သည် သုံးစွဲသူအား ဝန်ဆောင်မှု ပေးရန်နှင့် Wave Money ၏ ထိန်းချုပ်မှု ကို ကျော်လွန်၍ နည်းပညာ အခက်အခဲရှိသည့် အခါမှတပါး ယင်းဝန်ဆောင်မှုကို အချိန်ပြည့် ရရှိနိုင်ရန် ထောက်ပံ့ ပေးရမည်။
(ခ) Wave Money သည် အောက်ပါ အပိုဒ်-၄ တွင် ဖော်ပြထားချက်နှင့်အညီ MFS ငွေစာရင်း/Wave အကောင့်ကို ဆိုင်းငံ့ ခြင်း သို့မဟုတ် ပိတ်ဆို့ခြင်း ပြုနိုင်သည်။
(ဂ) Wave Money သည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ စည်းမျဉ်း သို့မဟုတ် ၄င်း၏ ကိုယ်ပိုင် မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ငွေကြေးလုပ်ငန်းများနှင့် ငွေစာရင်းကို ချိန်ညှိ၍ ကန့်သတ်ချက်များ ပြဌာန်းပိုင်ခွင့် ရှိပါသည်။
(ဃ) မျှတစွာအသုံးပြုနိုင်ရန်နှင့် ငွေကြေးလွှဲပြောင်းမှုလုပ်ငန်းစဥ်များကို ထိန်းချုပ်နိုင်ရန်အတွက် Wave Money သည် သုံးစွဲသူတစ်ဦးချင်းစီအကြား Wave အကောင့်ဖြင့် ငွေလွှဲပြောင်းမှုများကို စောင့်ကြည့်စစ်ဆေးလျက်ရှိပါသည်။ ယင်းသို့စောင့်ကြည့်စစ်ဆေးရခြင်းမှာ သာမန်ကိုယ်ရေး ကိုယ်တာ အသုံးပြုမှု (Personal Use) ထက် ကျော်လွန်၍ အလွန်အကျွံသုံးစွဲခြင်း၊ ပုံမှန်မဟုတ်ခြင်း သို့မဟုတ် ကိုက်ညီမှုမရှိခြင်းစသည့် အသုံးပြုမှုများကို ခွဲခြားသတ်မှတ်ရန် ဖြစ်ပါသည်။ ထိုသို့သော လုပ်ဆောင်ချက်များသည် ကိုယ်ရေးကိုယ်တာအသုံးပြုမှုထက် ကျော်လွန်နေကြောင်း တွေ့ရှိရပါက Wave Money အနေဖြင့် အချိန်နှင့်တစ်ပြေးညီ သတ်မှတ်ချက်များအတိုင်း ငွေလွှဲပြောင်းမှုပမာဏ ကန့်သတ်ခြင်း၊ နောက်ထပ် စိစစ်မှုများပြုလုပ်ခြင်း၊ ဝန်ဆောင်ခများကောက်ခံခြင်း၊ ယာယီကန့်သတ်ခြင်း သို့မဟုတ် အခြားထိန်းချုပ်မှုဆိုင်ရာ နည်းလမ်းများကို ကျင့်သုံးနိုင်ပါသည်။ ကိုယ်ရေးကိုယ်တာအသုံးပြုမှု (Personal Use) သို့မဟုတ် စီးပွားရေးအရအသုံးပြုမှု (Commercial Usage) ကို ခွဲခြားသတ်မှတ်ရာတွင် အသုံးပြုသည့် စံနှုန်းများ၊ သက်ဆိုင်ရာ ကန့်သတ်ချက်များ၊ ကောက်ခံမည့် ဝန်ဆောင်ခများနှင့် အသက်ဝင်မည့်ရက်စွဲများ အပါအဝင် မည်သည့်ကျင့်သုံးမည့် နည်းလမ်းအသေးစိတ်ကိုမဆို Wave ၏ တရားဝင် ဆက်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ထုတ်ပြန်ကြေညာသွားမည် ဖြစ်ပါသည်။ Wave Money သည် တည်ဆဲဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ၎င်း၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ဖြင့် ထိုသို့ ကျင့်သုံးမည့် နည်းလမ်းများနှင့် သက်ဆိုင်ရာစံနှုန်းများကို မိတ်ဆက်ခြင်း၊ ပြင်ဆင်ခြင်း၊ ယာယီရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းတို့ ပြုလုပ်နိုင်ခွင့်ရှိသည်။
(င)Wave Money သည် အခါအားလျော်စွာ ကမ်းလှမ်းထားသော ဝန်ဆောင်မှုများ သို့မဟုတ် ယင်း၏ ဝန်ဆောင်မှု ကို အသုံးပြုခြင်းနှင့် စပ်လျဉ်းသည့် စည်းမျဉ်းစည်းကမ်းများကို ပြင်ဆင်နိုင်သည်။ ဝန်ဆောင်မှု သို့မဟုတ် ယင်း၏ ဝန်ဆောင်မှုကို အသုံးပြုခြင်းနှင့် စပ်လျဉ်းသည့် စည်းမျဉ်းစည်းကမ်း များ ပြောင်းလဲ ခြင်း ကို သင့်လျော်သော ကာလအတွင်း ဝယ်သူသို့ wavemoney.com.mm မှ အသိပေး အကြောင်းကြားနိုင်သည်။ အကယ်၍ သုံးစွဲသူက ယင်းပြောင်းလဲ သော စည်းမျဉ်းစည်းကမ်းများကို သဘောမတူပါက ယင်း သို wavemoney.com.mm မှ အကြောင်း ကြားခြင်း ကို လက်ခံရရှိသည့်နေ့မှ ၃၀ ရက်အတွင်း ဝန်ဆောင်မှုကို ရပ်စဲနိုင်ခွင့်ရှိပါသည်။ အကယ်၍ ဝယ်သူသည် ပြင်ဆင်ချက်များကို ပြုလုပ်ထားကြောင်း Wave Money က အကြောင်းကြားစာ လုံလုံ လောက်လောက် ပေးပြီးနောက် ရက်ပေါင်း(၃၀) အတွင်း ဝန်ဆောင်မှုကို ဆက်လက် အသုံးပြုနေပါက သို့မဟုတ် သုံးစွဲသူသည် ဝန်ဆောင်မှုကို ရပ်စဲရန် ယင်း၏ ရည်ရွယ်ချက်ကို ရက်(၃၀) အတွင်း Wave Money သို့ အသိပေးရန် ပျက်ကွက်ခဲ့ပါက Wave Money သည် ပြင်ဆင်ထားသော ဝန်ဆောင်မှု သို့မဟုတ် စည်းမျဉ်း စည်းကမ်း များကို သုံးစွဲသူက ဖတ်ရှု သဘောတူ လိုက်နာမည်ဟု မှတ်ယူ နိုင်ပါသည်။
(င) Wave Money က အဆိုပါ SMS တိကျမှုရှိကြောင်း သို့မဟုတ် SMS ရောက်ရှိကြောင်း အာမခံရန် မလိုဘဲ သုံးစွဲသူထံ အခါအားလျော်စွာ SMS (သို့မဟုတ်) အခြား အီလက်ထရောနစ်နည်းလမ်းဖြင့် သတင်းတို ပေးပို့ပြီး ဆက်သွယ်နိုင်ပါသည်။ Wave Money သည် ဝယ်သူကို ဆက်သွယ်ရန် သတ်မှတ်ထားသော နံပတ်များ သို့မဟုတ် လမ်းကြောင်းများကိုသာ အသုံးပြုပြီး ဆက်သွယ်ရမည်။ Wave Money သည် အဆိုပါ SMS ကို ဝယ်သူက လက်ခံရန် ကြံ့ကြာမှု သို့မဟုတ် ပျက်ကွက်မှု မှ ပေါ်ပေါက်လာသည့် သုံးစွဲသူခံစားရသည့် မည်သည့် ဆုံးရှုံးမှု စရိတ်စက တောင်းဆိုခြင်း သို့မဟုတ် နစ်နာကြေးများကိုမဆို Wave Money က တာဝန်ယူမည်မဟုတ်ပါ။
(စ) ဝန်ဆောင်မှု ပေးခြင်းလုပ်ငန်း လည်ပတ်ခြင်း လက်တွေ့ လုပ်ငန်းဆောင်ရွက်ခြင်းပြုရာတွင် Wave Money က မည်သည့် ကိုယ်စားပြုခြင်း သို့မဟုတ် အာမခံခြင်းကိုမျှ ပြုမည်မဟုတ်ပါ။
(ဆ) Wave Money သည် အသုံးမပြုသည့်ငွေစာရင်း သို့မဟုတ် ရပ်ဆိုင်းထားသည့်ငွေစာရင်း သို့မဟုတ် အမြဲအသုံးမပြုသည့် OTC (“အမြဲအသုံးမပြုသည့် လုပ်ငန်းစဥ်”) နှင့် ပတ်သက်ပြီး လစဥ် ဝန်ဆောင်ခ (Administrative Fee) ကို သုံးစွဲသူအား ကြိုတင်အကြောင်းကြားရန်မလိုဘဲ သက်ဆိုင်ရာ MFS Account ရှိ လက်ကျန်ငွေမှ ဖြတ်တောက်နိုင်သည်။ Wave Money ကထုတ်ဝေသောအခကြေးငွေ ဇယားတွင်ပါရှိသည့် ဝန်ဆောင်ခနှင့်သက်ဆိုင်ခြင်းမရှိသည့် အမြဲအသုံးမပြုသည့်OTCလစဥ် ၀န်ဆောင် ခနှုန်းထား ကိုလည်း Wave Money ၏ သဘောဆန္ဒအရ အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။
၂–၈။ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းများ
(က) တောင်းဆိုမှုအပေါ် မူတည်၍ Wave Money က အီလက်ထရောနစ် မှတ်တမ်း သို့မဟုတ် ကွန်ပျူတာဖြင့် အချက်အလက်များ ထိန်းသိမ်း လုပ်ဆောင်နိုင်ရန် စီစဉ်ဖွဲ့စည်းမှုပုံစံ (hard copy formats) ကို နောက်ဆုံး ရက်ပေါင်း (၆၀) အတွင်း ဝယ်သူ၏ MFS ငွေစာရင်းမှ ပြုလုပ်သော လုပ်ငန်းများ အတွက် ဝန်ဆောင်မှု မှတ်တမ်းများကို ဝယ်သူသို့ ပေးရမည်။ သုံးစွဲသူသည် Wave Money hotline သို့ ဆက်သွယ်ပြီး ယင်းမှတ်တမ်းကို တောင်းဆိုနိုင်သည်။ Wave Money သည် ထိုမှတ်တမ်း၏ ပြဌာန်းချက်များအတွက် အခကြေးငွေ တောင်းခံခွင့် ရှိသည်။
၃။ ဝန်ဆောင်ခများနှင့် အခြား စရိတ်များ
၃-၁။ Wave Money သည် POS/ အေးဂျင့် တည်နေရာနှင့် Wave Money website တွင် လူသိရှင်ကြား ရရှိနိုင်သော ၀န်ဆောင်ခ ဇယားနှင့်အညီ ဝန်ဆောင်မှုများအတွက် အခကြေးငွေ ကောက်ခံရမည်။
၃-၂။ Wave Money သည် အခါအားလျော်စွာ အခကြေးငွေကို ပြောင်းလဲသတ်မှတ်ခွင့်ရှိသည်။
၃-၃။ သုံးစွဲသူ၏ ငွေစာရင်းအတွက် အခြားသော Network Service Provider ဝန်ဆောင်မှု ပေးသည့် ကွန်ယက်များမှ ကောက်ခံသော မည်သည့် နောက်ထပ်ငွေကြေးကိုမဆို ကောက်ခံနိုင်သည်။
၄။ ဝန်ဆောင်မှုရပ်စဲခြင်း
၄-၁။ Wave Money သည် အောက်ဖော်ပြပါ အခြေအနေများထဲမှ တခုခု ပေါ်ပေါက်ပါက ဤသဘောတူစာချုပ်အရ သုံးစွဲသူက အသုံးပြုနေသော ဝန်ဆောင်မှုများကို မည်သည့်အချိန်မဆို ဖျက်သိမ်းခွင့်ရှိသည်-
(က) သုံးစွဲသူသည် ဤသဘောတူစာချုပ်အရ ၄င်း၏အာမခံမှုများအပါအဝင် စည်းမျဉ်း စည်းကမ်း များကို ချိုးဖောက်လျှင်။
(ခ) သုံးစွဲသူ၏ MFS Account/Wave အကောင့် သည် ရက်ပေါင်း(၁၈၀) ကာလတဆက်တည်း အသုံးမပြုလျှင်။
(ဂ) သုံးစွဲသူ၏ MFS Account/Wave Payအကောင့် သည် ဤစာချုပ်၏ အပိုဒ် ၂-၆ အရ စုံစမ်းစစ်ဆေးခြင်းခံရလျှင်။
(ဃ) သုံးစွဲသူသည် မိမိငွေစာရင်းကို မှတ်ပုံတင်ပြီးနောက် လက်ခံရရှိသည့် ကနဦး လျှို့ဝက်နံပါတ် (PIN) ကို ရက်ပေါင်း သုံးဆယ်(၃၀) အတွင်း ပြောင်းလဲခြင်းမပြုလုပ်ခြင်း။
(င) သုံးစွဲသူသည် မိမိငွေစာရင်းကို မှတ်ပုံတင်ပြီး ကနဦး လျှို့ဝက်နံပါတ် (PIN) ပြောင်းလဲပြီးနောက် ရက်ပေါင်း တစ်ရာရှစ်ဆယ် (၁၈၀) အတွင်း ငွေလွှဲပြောင်းမှု တစ်ခုကိုမျှ မပြုလုပ်ခြင်း။
(စ) သုံးစွဲသူသည် မိမိငွေစာရင်းကို ရက်ပေါင်း တစ်ရာရှစ်ဆယ် (၁၈၀)ကျော် ငွေလွှဲပြောင်းမှု တစ်ခုကိုမျှ မပြုလုပ်ခြင်း နှင့် ငွေစာရင်းတွင် လက်ကျန်ငွေ မရှိခြင်း။
၄-၂။ အပိုဒ်၄-၁ အရ အဆိုပါ စာချုပ်ရပ်စဲခြင်းပြုပါက သုံးစွဲသူများအနေဖြင့် Call Centre သို့ဆက်သွယ်ပြီး သက်ဆိုင်ရာ အကြောင်းကိစ္စရပ်များကို ဖြေရှင်းရန် နှင့် သက်ဆိုင်ရာ အဆိုပါ ငွေစာရင်းကို အသုံးပြု၍ ရအောင်ဆောင် ရွက်နိုင်သည်။ အပိုဒ် ၂-၆ အရ လိမ်လည်မှု သို့မဟုတ် အခြားအကြောင်းရင်းများကြောင့် စာချုပ်ရပ်စဲပါက Wave Money သည် ဤသဘောတူစာချုပ်အား ရပ်စဲခြင်းနှင့် ဝန်ဆောင်မှုများပေးခြင်းကို ရပ်စဲခြင်းအပြင် သက်ဆိုင် ရာ ဥပဒေ စည်းမျဉ်း စည်းကမ်းများ အရ ရရှိနိုင်သော အခြားအခွင့်အရေးနှင့် ကုစားခွင့် များကို ကျင့်သုံးခွင့်ရှိသည်။
၄.၃. Wave Money သည် ရက်ပေါင်း တစ်ရာရှစ်ဆယ် (၁၈၀)ကျော် ငွေလွှဲပြောင်းမှု တစ်ခုကိုမျှ ဆောင်ရွက်ခြင်း နှင့် လက်ကျန်ငွေ မရှိသည့် ငွေစာရင်း (Accounts)များကို ဝင်ရောက်အသုံးပြုခွင့်ကို ကန့်သတ်ထား( lock/ block)ခြင်း(သို့မဟုတ်) ရပ်ဆိုင်းခြင်းများ ပြုလုပ်ပိုင်ခွင့် ရှိပါသည်။ သုံးစွဲသူ များအနေဖြင့် Call Centreသို့ဆက်သွယ်ပြီးငွေစာရင်းမှန်ကန်မှုရှိမ ရှိစစ်ဆေးနိုင်ရန်အတွက် လိုအပ် သောငွေစာရင်း ဆိုင်ရာ အချက်အလက်များ ပေးပို့ပြီးနောက် အဆိုပါ ငွေစာရင်းကို အသုံးပြု၍ ရအောင်ဆောင် ရွက်နိုင် သည်။
၄-၄။ သုံးစွဲသူသည် မည်သည့် အချိန်တွင်မဆို POS /အေးဂျင့်/WCC မှတဆင့် စာဖြင့်ရေးသားသော နို့တစ်စာပေးပို့ပြီး သို့မဟုတ် Wave Money hotline ကို ဖုန်းခေါ်ဆိုပြီး၊ Wave Money က ပေးသော ဝန်ဆောင်မှု ကိုရပ်စဲနိုင်သည်။
၄-၅။ ဤသဘောတူ စာချုပ်အားရပ်စဲပြီးနောက်သုံးစွဲသူကပေးဆောင်ရမည့် ၀န်ဆောင်ခအပါအ၀င် အခကြေးငွေအားလုံးနှင့် ယင်း၏ တာဝန်များကို ဆက်လက်ပေးဆောင်ရန် ကျန်ရှိနေမည်။ Wave Money သည် ၄င်းနှင့်အတူ သုံးစွဲသူများက မပေးချေရသေးသော၀န်ဆောင်ခများနှင့်ဝယ်သူ ကိုင်ဆောင် ထား သော အခြားငွေစာရင်း များမှ အခကြေးငွေများကို ခုနှိမ်ခွင့်ရှိသည်။
၄.၆။ သုံးစွဲသူ၏ MFS ငွေစာရင်း/Wave အကောင့်ကို Wave Money ၏ ဝန်ဆောင်မှု လုပ်ငန်းတွင် ခွင့်ပြုမထားသောအခြားကိစ္စရပ်များအတွက် Wave Money ကြိုတင်သဘေ တူညီချက် မရပဲ အသုံးပြုနေခြင်း။ ထိုအခြေအနေမျိုးတွင် Wave Money သည် အဆိုပါ သုံးစွဲသူ၏ ငွေစာရင်းကို ချက်ခြင်း ပိတ်သိမ်းပိုင်ခွင့်ရှိပြီး သုံးစွဲသူအနေဖြင့် မိမိငွေစာရင်း လက်ကျန်ငွေ သီးခြား လျှောက်ထား ဆောင်ရွက် ရယူရပါမည်။ သုံးစွဲသူသည် ထို့သို့ ငွေစာရင်း ပိတ်သိမ်းခံရသည် အကြောင်းအရာ နှင့် ပြန်အမ်းငွေထုတ်ပေးမည့် လုပ်ငန်းစဥ်ကို Wave Money ကို ဆက်သွယ်စုံးစမ်းမေးမြန်းနိုင်ပါသည်။
၅။ ငွေစာရင်းကို ပြန်အမ်းခြင်း
၅-၁။ သုံးစွဲသူ၏ MFS ငွေစာရင်း/Wave အကောင့်သည် ရပ်စဲခံရပါက သို့မဟုတ် အပိုဒ်၄-၁ နှင့်အညီ ဆိုင်းငံ့ခံရပါက သုံးစွဲသူသည်စာဖြင့်ရေးသားဆက်သွယ်၍ အဆိုပါရပ်စဲခြင်း သို့မဟုတ်ဆိုင်းငံ့ခြင်းခံရ ကြောင်း နှင့် ယင်း၏ MFS ငွေစာရင်း/Wave အကောင့်ကို ပြန်အမ်းပေးပါရန် တောင်းဆိုနိုင်သည်။
၅-၂။ အပိုဒ် ၅-၁ တွင် ရည်ညွှန်းထားသော MFS ငွေစာရင်း/Wave အကောင့် ပြန်အမ်းခြင်းကို တောင်းဆိုလာသောအခါ Wave Money က ပြန်လည်သုံးသပ်ပြီး၊ အမှုတစ်ခုချင်းစီ ကို ခွင့်ပြုပေးနိုင်သည်။ သို့ရာတွင် အပိုဒ်-၄-၁ အရ ရပ်စဲရန် အကြောင်းအရာများ ဆက်လက်မတည်ရှိတော့ပါ။
၆။ သုံးစွဲသူ၏ တာဝန်များ
၆-၁။ သုံးစွဲသူသည် ခွင့်ပြုချက်မရှိဘဲ PIN နံပတ် သို့မဟုတ် လျို့ဝှက်သင်္ကေတကို အသုံးပြုပြီး၊ ဝယ်သူ၏ MFS ငွေစာရင်း/Wave အကောင့် မှ နုတ်ယူခဲ့လျှင် အဆိုပါ ခွင့်ပြုချက်မရှိသောငွေသွင်းငွေထုတ် လုပ်ငန်း များဆောင်ရွက်ခြင်းမှာ Wave Money ၏အမှား သို့မဟုတ် ကြီးမားသောပေါ့ဆမှုကြောင့် ဖြစ်ကြောင်း သက်သေမပြနိုင်ခဲ့လျှင် သုံးစွဲသူသည်ခွင့်ပြုချက်မရှိသောငွေသွင်း ငွေထုတ်လုပ်ငန်းများ ဆောင်ရွက် ခြင်း အတွက်တာဝန်ရှိသည်။
၆-၂။ သုံးစွဲသူသည် ဝန်ဆောင်မှုကို အသုံးပြုရန် သဘောတူရာတွင် မိမိ၏ဆုံးရှုံးနစ်နာနိုင်မှုကုိ မိမိနားလည်သိရှိကာတာ၀န်ယူရမည် ဖြစ်ပြီး Wave Money ၏အမှား သို့မဟုတ် ကြီးမားသော ပေါ့ဆမှုကြောင့် အဆိုပါ ဆုံးရှုံးမှု သို့မဟုတ် နစ်နာမှု ပေါ်ပေါက်လာခြင်းမဟုတ်လျှင် Wave Money က အဆိုပါ ဆုံးရှုံးမှု သို့မဟုတ် နစ်နာမှုအတွက် တာဝန် မရှိပါ။
၆-၃။ ဝန်ဆောင်မှုကို အသုံးပြုပြီး ၀ယ်ယူသည့် စာချုပ်၀င်များမဟုတ်သည့်အ ခြားသူမှ ရောင်းချသည့် ထုတ်ကုန်များ သည် ၄င်း ကွန်ယက် ဝန်ဆောင်မှု ပေးသည့်အခြားသူ ၏ စည်းမျဉ်း စည်းကမ်းများနှင့် အညီ ရောင်းချခြင်း ဖြစ်ပြီး ဤသဘောတူ စာချုပ်ပါ စည်းမျဉ်း စည်းကမ်း များ သည် ၄င်း အခြား၀န်ဆောင်မှုပေးသူနှင့် သုံးစွဲသူြကားချုပ်ဆိုထားသည့် စည်းမျဥ်း စည်းကမ်းများ ကိုအစားမထိုးနိုင်ပါ။
၆.၄။ သုံးစွဲသူသည် မိမိ ဖုန်း SIM ကဒ် နံပါတ် အသုံးပြု၍မရသော အခြေအနေသို့မရောက်မီ (deactivated) (သို့မဟုတ်) အခြား ဝယ်ယူသုံးစွဲသူသို့ မိုဘိုင်ဖုန်း ဝန်ဆောင်မှုပေးသူမှ မလွှဲပြောင်းပေးခင် မိမိ၏ မိုဘိုင်းဖုန်းဖြင့် ဖွင့်လှစ်ထားသည့် ငွေစာရင်းရှိ ငွေများကို ထုန်ယူထားရန် လိုအပ်ပါသည်။ အကယ်၍ ထိုသို့မပြုလုပ်ပါက အခြား ဝယ်ယူသုံးစွဲသူက အဆိုပါတူညီသော မိုဘိုင်း SIM ကဒ် နံပါတ်ဖြင့် သုံးစွဲသူအသစ်က သက်ဆိုင်ရာ သုံးစွဲသူ၏ ငွေစာရင်းကို ဝင်ရောက် အသုံးပြုနို င် သည့် အခြေအနေမျိုးတွင် ဝယ်ယူသုံးစွဲသူ၏ ပေါ့ဆမှုကြောင့် ဖြစ်ပေါ် လာသော မည်သည့် ဆုံးရှုံးမှု များ (သို့မဟုတ်) နစ်နာမှုများအတွက် Wave Money တွင် တာဝန် လုံးဝမရှိပါ။
၆.၅။ သုံးစွဲသူသည် ၄င်း၏ MSF ငွေစာရင်း/Wave အကောင့် အတွက် အကျိုးခံစားခွင့်ရှိသူများ သို့မဟုတ် ငွေ လက်ခံ သူအား မှတ်ပုံတင်ရန် လာသောအခါ မှန်ကန်သော သတင်းအချက်အလက်နှင့် ညွှန်ကြားချက် ပေးရန် တာဝန် ရှိပါသည်။ Wave Money သည် သုံးစွဲသူက ဝန်ဆောင်မှုကို အသုံးပြုပြီး ငွေပေးချေရာတွင် အကျိုးခံစားခွင့် ရှိသူများ သို့မဟုတ် ငွေလက်ခံသူအား မှားယွင်း ပြုလုပ် မှုကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှု သို့မဟုတ် နစ်နာမှုအတွက် တာဝန်ယူလိမ့်မည်မဟုတ်ပါ။ Wave Money သည် ငွေပေးချေခြင်းကို လက်ခံသူများ၏ သက်သေခံကတ်ပြား/ အထောက်အထားကို မှန်ကန်ကြောင်း အတည်ပြုပေးရန် တာဝန်မရှိပါ။ Wave Money သည် သုံးစွဲသူများက ပြုလုပ်သော မမှန်ကန်သော ငွေပေးချေမှုများကို နောက်ပြန်ဆုတ်၍ မရနိုင်ပါ။ Wave Money သည် ဝန်ဆောင်မှုကို အသုံးပြုပြီး ဆက်သွယ်ရာတွင် သုံးစွဲ သူ က ပြုလုပ်သည့် ငွေပေးချေမှုများ အတွက် တိကျသောညွှန်ကြားချက်များ ပေးရန်အတွက်သာ တာဝန်ရှိပါသည်။ ငွေလက်ခံသူကို ပေးသောငွေပေးချေမှုများကိုအတည်ပြုသည့် နို့တစ်စာသည် ငွေလက်ခံသူက ထိုငွေကိုလက်ခံ ရရှိကြောင်း သို့မဟုတ် ရန်ပုံငွေများကို ဝင်ရောက် ချဉ်းကပ်ခွင့် ရှိကြောင်း အကြောင်းခိုင်လုံစေခြင်း မရှိပါ။ Wave Money သည် မည်သည့်တာဝန်ယူမှုကိုမျှ လက်မခံပါ။ ထို့ပြင် သုံးစွဲသူသည် ဝန်ဆောင်မှုကို အသုံး ပြုရာမှ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ သို့မဟုတ် နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာသော သို့မဟုတ် Wave Money က ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အီးမေလ်း ၊ SMS သို့မဟုတ် အခြား အီလက် ထရောနစ်နည်းဖြင့် သတင်းပေးပို့ခြင်း ပြုရာတွင် ကြံ့ကြာခြင်း သို့မဟုတ် ပျက်ကွက်ခြင်းမှ ဖြစ်ပေါ်လာသော သုံးစွဲသူ သို့မဟုတ် အခြားသူ ခံစားရသော မည်သည့်ဆုံးရှုံးမှု ကုန်ကျစရိတ်၊ ဥပဒေအရ တောင်းခံမှုသို့မဟုတ်နစ်နာမှုကိုမျှ Wave Money က လျော်ကြေးပေးရန်တာဝန်မယူပါ။ Wave Money က ဝန်ဆောင်မှုကို ဆောင်ရွက်ပေးခြင်း သို့မဟုတ် ပေးပို့သော သတင်းအချက်အလက်၏ တိကျမှု၊ ပြည့်စုံမှုနှင့် လုပ်ဆောင်နိုင်စွမ်းကို အတိအလင်း ဖြစ်စေ၊ သဘောသက်ရောက်သည် ဖြစ်စေမည် သည့် ကိုယ်စားပြုမှု သို့မဟုတ် အာမခံမှုကိုမျှ မပြု လုပ်ပါ။
၆-၆။ သုံးစွဲသူသည် သက်ဆိုင်ရာ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများအရ ၄င်း ပိုင်ဆိုင်နိုင်သော အဆိုပါ အခွင့်အရေးများကို ခံစားခွင့်ရှိစေရမည်။
၇။ လျှို့ဝှက် ထိမ်းသိမ်းထားရှိခြင်း
သုံးစွဲသူသည် ၄င်း၏ပုဂ္ဂိုလ်ရေးရာသတင်းအချက်အလက်ဒေတာများကို Wave Money မှအောက်ပါအကြောင်းကိစ္စရပ်များအတွက် စုဆောင်းခြင်း၊ လိုအပ်သလိုသုံးစွဲခြင်း၊ ပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း နှင့် သိမ်းဆည်းခြင်း တို့ကို သဘောတူလက်ခံပါသည်-
၇-၁။ သုံးစွဲသူက Wave Money ထံ ဖုန်းခေါ်ဆိုခြင်းများ၊ ပေးပို့သော အီးမေလ်းများ၊ စာသား သတင်း အချက် အလက်များကို စောင့်ကြည့်ခြင်းအပါအဝင် ဝယ်သူ၏ ငွေစာရင်းကို စီမံခန့်ခွဲခြင်း၊ ဝယ်သူ၏ လုပ်ငန်းများကို ဂရုတစိုက် ဆောင်ရွက်ပေးခြင်း၊ မိမိတို့၏ ဝန်ထမ်းများကို လေ့ကျင့် ပေးခြင်း၊
၇-၂။ Wave Money ၏ လုံခြုံရေးကွန်ယက်၏အရည်အသွေးကို စောင့်ကြည့်ခြင်း ၊ စမ်းသပ်ခြင်းနှင့် Wave Money ၏ IT နည်းပညာစနစ်ကို ပြုပြင်ထိန်းသိမ်းခြင်း၊
၇-၃။ ဝန်ဆောင်မှုကို အသုံးပြုလျက် သုံးစွဲသူ ပေးပို့ လက်ခံသည့် ဖုန်းခေါ်ဆိုခြင်းများ၊ သတင်း ပို့ခြင်း များ အပါအဝင် ထိုဆက်သွယ်မှုများ ပြုလုပ်ချိန်တွင် ဝယ်သူတည်ရှိသောနေရာ၊ အလားတူ သုံးစွဲသူ၏ (browsing history) ဝင်ရောက်အသုံးပြုခဲ့သော ကွန်ယက် လိပ်စာများ နှင့် Wave Money ၏ ကွန်ယက်ကို အသုံးပြုမှုများအား ဈေးကွက်ရှာဖွေရေး ရည်ရွယ်ချက်များအတွက် စိစစ်ခြင်း၊
၇-၄။ ခေတ်ရေစီးကြောင်းနှင့် စျေးကွက်အလားအလာများကို ဖော်ထုတ်ရန်၊ စာရင်းအင်းနှင့် အခြားခွဲခြမ်းစိတ်ဖြာသုံးသပ်များဆောင်ရွက်ခြင်း၊ Wave Money ၏လက်ရှိ ၀န်ဆောင်မှုများနှင့် ဆောင်ရွက်ထုတ်ဖော်နေဆဲ ၀န်ဆောင်မှုအသစ်များအား ဖွံ့ဖြိုးတိုးတက်စေခြင်း၊
၇-၅။ Wave Money ၏၀န်ဆောင်မှု အား မြန်မာနိုင်ငံပြင်ပအခြားနိုင်ငံများသို့ တိုးချဲ့ရာတွင် သုံးစွဲသူ ၏သတင်းအချက်အလက်များအား ဒေတာလုပ်ငန်းစဥ် ဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရန်၊
၇-၆။ မြန်မာနိုင်ငံတွင်းနှင့်နိုင်ငံပြင်ပရှိWave Money အား၀န်ဆောင်မှုပေးသူများက ၄င်းတို့ ၏၀န်ဆောင်မှုလုပ်ငန်းများကိုဆောင်ရွက်နိုင်ရန်သုံးစွဲသူ၏သတင်းအချက်အလက်များကိုမျှေ၀ခြင်း။
၇-၇။ မြန်မာနိုင်ငံ ဥပဒေအရ လိုအပ်ပါက ရဲနှင့် ဥပဒေစိုးမိုးရေးအာဏာပိုင်များကို သတင်းအချက် အလက်များကို ထုတ်ဖော်ပြောဆိုခြင်း၊
၇-၈။ Wave Money ၏ မိခင် ကုမ္ပဏီနှင့် လက်အောက်ခံကုမ္ပဏီများ၏ အတွင်း စီမံခန့်ခွဲရေးနှင့် လုပ်ငန်း လည်ပတ်ရေး အတွက် သို့မဟုတ် ၄င်းတို့နှင့် ပတ်သက်သော အခြားဝန်ဆောင်မှု ပေးသည့် သူများသို့ သတင်းအချက် အလက်များ ထုတ်ဖော်ပြောဆိုခြင်း၊
၇-၉။ သုံးစွဲသူက မကန့်ကွက်လျှင် ဈေးကွက် သတင်းများနှင့်အတူ သုံးစွဲသူအား ဆက်သွယ်ခြင်း။ ဤသတင်းများတွင် အခြားအဖွဲ့အစည်းများထံမှ ဈေးကွက်သတင်းများပါဝင်နိုင်ပါသည်။ သို့သော် ကျွန်ုပ်တို့သည် သုံးစွဲသူ၏ သတင်းများကို တာဝန်ယူ လွှဲပြောင်းပေးလိမ့်မည်မဟုတ်ပါ။ အကယ်၍ သုံးစွဲသူသည် Wave Money ထံမှ ဈေးကွက်သတင်းကို လက်မခံလိုပါက ကျေးဇူးပြု၍ Wave Money ၏ ကွန်ယက် သို့မဟုတ် နံပတ် -၉၀၀ (ATOM ဖုန်းကဒ် အသုံးပြုသူများအတွက်သာ) သို့မဟုတ် ၀၉၇၉၀၀၀၉၀၀၀ သို့ ခေါ်ဆိုခြင်းဖြင့် Wave Money အား ဆက်သွယ်နိုင်ပါသည်။ သုံးစွဲသူ၏ သတင်းအချက်အလက်များအား Wave Money က အသုံးပြုပုံကို ပိုမို အသေးစိတ် သိလိုပါက Wave Money ၏ website ကွန်ယက်ပေါ်တွင် privacy မူဝါဒကို ဖတ်ရှုပါ။
၈။ အထွေထွေပြဌာန်းချက်များ
၈-၁။ Wave Money သည် မည်သည့်အချိန်တွင်မဆို ဤသဘောတူစာချုပ်ကို လွှဲပြောင်းခြင်း လွှဲအပ်ခြင်း ပြုပိုင်ခွင့်ရှိသည်။
၈-၂။ ဤစာချုပ်တွင် ပါရှိသော အခွင့်အာဏာ/အခွင့်အရေးများကို စာချုပ်ဝင် တဖက်ဖက်ကကျင့်သုံးရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်း သော်လည်းကောင်း၊ ဤစာချုပ်၏ စည်းမျဥ်း စည်းကမ်း (သို့မဟုတ်) ကတိက၀တ်တစုံတရာကို စာချုပ်ဝင် တဖက်ဖက်က မသိရှိခြင်း သို့မဟုတ် လိုက်လျောသဘောတူညီခြင်းသည် ၄င်း၏ ထို အခွင့်အာဏာ/အခွင့်အရေးကို စွန့်လွှတ်ခြင်းမဟုတ်စေရ။ အဆိုပါ အခွင့်အရေး သို့မဟုတ် အာဏာ တစ်ခု သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို ကျင့်သုံးရန် ပျက်ကွက် ခြင်း သို့မဟုတ် နှောင့်နှေးခြင်းသည် ဤနေရာတွင် ပါရှိသော အခြားအခွင့်အရေးနှင့် အာဏာများကို ကျင့်သုံးခြင်းမှ ဖယ်ထုတ်သည်ဟု မမှတ်ယူရ။
၈.၃။ ဤဝန်ဆောင်မှုသဘောတူစာချုပ်တွင် အခြားနည်း ရှင်းလင်းစွာ ညွှန်ပြထားခြင်း မရှိလျှင် ပုလ္လိင် နာမ်စားအဖြစ်အဖြစ်အသုံးပြုသည့်အခါတိုင်းတွင်က္ကတ္ထိလိင်လည်းပါဝင်သည်ဟုမှတ်ယူ ရမည်။
၈-၄။ ဤသဘောတူစာချုပ်နှင့် ဝန်ဆောင်မှုများဆိုင်ရာ ပြဌာန်းချက်များကို မြန်မာနိုင်ငံ ဥပဒေများ အရ ဆုံးဖြတ်ရမည်။