သတင်းများ
05 Oct, 2026

WAVE သုံးစွဲသူများသို့ အရေးကြီးအသိပေးချက်

မျှတစွာအသုံးပြုနိုင်ရေးအတွက် ငွေလွှဲဝန်ဆောင်ခ သတ်မှတ်ချက်နှင့် လုပ်ငန်းသုံးအသုံးပြုမှုဆိုင်ရာ အသိပေးချက်

Wave Money အနေဖြင့် သုံးစွဲသူများအား ငွေလွှဲဝန်ဆောင်မှုများကို မျှတစွာနှင့် အဆင်ပြေစွာ အသုံးပြုနိုင်စေရန်အတွက် ငွေလွှဲအသုံးပြုမှုပုံစံများကို လေ့လာဆန်းစစ်ကာ လိုအပ်သည့် ဝန်ဆောင်မှုဆိုင်ရာ ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါ လေ့လာဆန်းစစ်ချက်များအပေါ် အခြေခံ၍ ဝန်ဆောင်မှု အရည်အသွေး ပိုမိုကောင်းမွန်စေရန်နှင့် စနစ်တကျ ရေရှည်လည်ပတ်နိုင်စေရန်အတွက် ငွေလက်ခံမှုများအပေါ် အောက်ပါအတိုင်း ဝန်ဆောင်ခ သတ်မှတ်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့မှ စတင်မည့် ဝန်ဆောင်ခ သတ်မှတ်ချက်

  • စတင်သက်ရောက်မည့်ရက် – ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့မှ စတင်၍ အောက်ပါဝန်ဆောင်ခ သတ်မှတ်ချက်ကို ဆက်လက်ကျင့်သုံးသွားမည် ဖြစ်ပါသည်။
  • အကျုံးဝင်မှု – တစ်လအတွင်း ငွေလက်ခံမှု အကြိမ်ရေ (၅၀၀) ကျော်လွန်ပါက (၅၀၁) ကြိမ်မြောက် ငွေလက်ခံမှုမှစ၍ တစ်ကြိမ်လျှင် ကျပ် (၂၀) နှုန်းဖြင့် ငွေလက်ခံသူ (Receiver) ထံမှ ဝန်ဆောင်ခ ကောက်ခံသွားမည် ဖြစ်ပါသည်။
  • ဝန်ဆောင်ခ ကျသင့်မည့်အခြေအနေ – တစ်လအတွင်း ငွေလက်ခံမှု အကြိမ်ရေ (၅၀၀) အထိ ဝန်ဆောင်ခ ကောက်ခံမည်မဟုတ်ဘဲ (၅၀၁) ကြိမ်မြောက် ငွေလက်ခံမှုမှစ၍ သတ်မှတ်ထားသော ဝန်ဆောင်ခနှုန်းထားအတိုင်း ကျသင့်မည် ဖြစ်ပါသည်။

လုပ်ငန်းသုံး ငွေလွှဲမှုများအတွက်

Personal Account များသည် ပုံမှန်ကိုယ်ရေးကိုယ်တာအသုံးပြုမှုအတွက် ရည်ရွယ်ထားသည့်အတွက် လုပ်ငန်းဆိုင်ရာ ငွေလွှဲပြောင်းမှုများကို ပုံမှန်နှင့် အကြိမ်ရေများစွာ ပြုလုပ်ရန် လိုအပ်သည့် သုံးစွဲသူများအနေဖြင့် သင့်လျော်သော Business Account / Business Service များကို အသုံးပြုပေးပါရန် တိုက်တွန်းအပ်ပါသည်။ ယင်းသို့ အသုံးပြုခြင်းဖြင့် လုပ်ငန်းဆိုင်ရာ ငွေလွှဲပြောင်းမှုများကို သင့်လျော်သော ဝန်ဆောင်မှုများမှတစ်ဆင့် ပိုမိုအဆင်ပြေစွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

သုံးစွဲသူများအနေဖြင့် Wave Money ဝန်ဆောင်မှုများကို အသုံးပြုရာတွင် သက်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့် ဝန်ဆောင်ခဆိုင်ရာ အချက်အလက်များကို ကြိုတင်ဖတ်ရှုနားလည်ပြီး အသုံးပြုပေးပါရန် အသိပေးအပ်ပါသည်။

Wave Money ၏ ဝန်ဆောင်မှုများကို ယုံကြည်စွာ ဆက်လက်အသုံးပြုပေးလျက်ရှိသော သုံးစွဲသူမိဘပြည်သူများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။

Wavemoney © 2026. All rights reserved.Developed by B360

chat icon