“Buy Shwe Mandalar express bus ticket with Wave & get 5,000 off special discount for each seat ”
==================
၁။ ပရိုမိုးရှင်း အသေးစိတ်
(က) ပါဝင်ဆင်နွှဲနိုင်သူများ WavePay အသုံးပြုသူအားလုံး ယခုအစီအစဉ်တွင် ပါဝင်နိုင်ပါသည်။ wave App version 2.0 and above ဖြစ်ပြီး successful verified selfie photo ဖြစ်ထားရမည်။
(ခ) ပြုလုပ်ရမည့်လုပ်ငန်းစဉ် – 2026 ခုနှစ် July လ (6) ရက်နေ့ မှ (31) ရက်နေ့အတွင်း Wave App> Home>Shwe Mandalar Icon (new for you session) ကိုနှိပ်ပြီး Wave ဖြင့် express bus seat အတွက် ပေးချေ /ပေးဆောင် ရပါမည်။
(ဂ) အကျိုးခံစားခွင့် – ပရိုမိုရှင်းကာလအတွင်း ငွေပေးချေ ပြီး ခုံတခုံ ကို (5,000) off ခံစားခွင့် စုစုပေါင်း အရေအတွက် ကန့်သတ်ထား လို့ WavePay နဲ့ အမြန်၀ယ်လိုက်ပါနော်။
ထပ်ဆောင်း အဖြစ် WAVE ၁၀ နှစ်ပြည့်အထူး ကံစမ်းမဲအစီအစဥ် တွင် အလိုအလျောက် ပါ၀င်ခွင့် ရပြီး အောက်ပါ ဆုလက်ဆောင်များကို ကံထူးခွင့် ရရှိမည်ဖြစ်ပါသည်။
WAVE ၁၀ နှစ်ပြည့်အထူး🏆 ❝ WAVE လိုက်ရလိုက် ရွှေပြားငွေသားဆုတွေ ရယူလိုက်❞ အစီအစဉ်ကြီးရဲ့ ဆုကြီးတွေဖြစ်တဲ့ လစဥ် ရွှေပြား ၃ ပြား နဲ့ ၁၀ သိန်းဆုကြီး ၁၀ ဆု ကိုပါ ကံထူးယူနိုင်ပြီဗျို့။ (June to August 2026)
၂။ အခြားစည်းမျဉ်းစည်းကမ်းများ
(က) ကံထူးဆုကို တိုက်ရိုက် ချီးမြှင့်ပေးသွားမည်ဖြစ်ရာ တစ်ဆင့်ခံပေးပို့ခြင်း၊ ညှိနှိုင်းခြင်း၊ ငွေကြေးနှင့် ဖလှယ်ခြင်းများကို လက်ခံမည် မဟုတ်ပါ။ ဆုလက်ခံရန် စည်းကမ်းများနှင့် မညီညွတ်သူများအား Wave Money မှ ပယ်ဖျက်ပိုင်ခွင့် ရှိပါသည်။
(ခ) ယခုအစီအစဥ်တွင် ပါဝင်ရန်အတွက် ၎င်းတို့နေထိုင်ရာ၊ နိုင်ငံသားခံယူထားရာ နိုင်ငံများမှ ဥပဒေအရ တားမြစ်ထားသူများ ပါဝင်ယှဉ်ပြိုင်ခွင့်မရှိပါ။
(ဂ) ယခုအစီအစဉ်မှာ ပါဝင်နိုင်ရန် မည်သည့်အခကြေးငွေမှပေးရန် မလိုအပ်ပါ။ အထူးသတိပြုရန်မှာ Wave Money Call Center နှင့် တကွ ဝန်ဆောင်မှုပေးသောသူများသည် အသုံးပြုသူများ၏ PIN (သို့) OTP များကို မေးမြန်ခြင်းပြုမည်မဟုတ်ပါ။ တစ်စုံတစ်ဦးမှမေးမြန်းလာပါက ဖြေကြားခြင်းမပြုပါနှင့်။
(ဃ) ယခုအစီအစဉ်တွင် ပါဝင်ထားသောသူများမှ မျှဝေထားသော ရုပ်ပုံ၊ ဗီဒီယို၊ စာ နှင့် အခြား အကြောင်းအရာများကို Wave Money မှ ပြန်လည်တည်းဖြတ်ခြင်း၊ အပြောင်းအလဲများပြုလုပ်ခြင်း၊ စီးပွားရေး ကြော်ငြာများ ၊ အရောင်းမြှင့်တင်ရေးလုပ်ငန်းများတွင် အသုံးပြုခြင်း၊ တိုက်ရိုက် အရောင်းမြှင့်တင်ခြင်း၊ အီလက်ထရောနစ်မီဒီယာများမှ တစ်ဆင့်အရောင်းမြှင့်တင်ခြင်း လုပ်ငန်းများတွင် အသုံးပြုခြင်း များအတွက်ပါ Wave Money မှအခွင့်အရေးရရှိပြီး ဖြစ်ပါသည်။
(င) အထက်ဖော်ပြပါ အချက်များအပြင် Wave Money သည် စည်းမျဉ်းကန့်သတ်ချက်များအား ကြိုတင်အကြောင်းကြားခြင်းမပြုဘဲ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်းများ ပြုလုပ်နိုင်ခွင့် ရှိပါသည်။ ပြိုင်ပွဲအစီအစဉ်တွင် ဝင်ရောက်ခြင်းဖြင့် အဆိုပါပြင်ဆင်မှုများ၊ ဖြည့်စွက်မှု၊အစားထိုးမှုများနှင့်အတူ စည်းမျဉ်းကန့်သတ်ချက်များနှင့်သာ အားလုံးကို နောက်ဆုံး ဆုံးဖြတ်မည်ကို သိရှိလက်ခံထားပြီးဖြစ်ပါသည်။
(စ) မသမာသော လုပ်ငန်းစဥ်လုပ်ဆောင်မှုများ၊ ပြန်အမ်းငွေရရှိစေရန်သာ ရည်ရွယ်၍ လုပ်ဆောင်ထားသော လုပ်ငန်းစဥ်များ တွေ့ရှိရပါက ပြန်အမ်းငွေအား ထည့်သွင်းပေးမည်မဟုတ်ပါ။
(ဆ) အထက်ဖော်ပြပါ အချက်များအပြင် Wave Money ၏ စည်းမျဉ်းကန့်သတ်ချက်များအား ကြိုတင်အကြောင်းကြားခြင်းမပြုဘဲ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်းများ ပြုလုပ်နိုင်ခွင့် ရှိပါသည်။ ပရိုမိုရှင်းအစီအစဉ်တွင် ဝင်ရောက်ခြင်းဖြင့် အဆိုပါပြင်ဆင်မှုများ၊ ဖြည့်စွက်မှု၊အစားထိုးမှုများနှင့်အတူ စည်းမျဉ်းကန့်သတ်ချက်များနှင့်သာ အားလုံးကို နောက်ဆုံး ဆုံးဖြတ်မည်ကို သိရှိလက်ခံထားပြီးဖြစ်ပါသည်။
(ဇ) အငြင်းပွားမှု တစ်စုံတစ်ခုပေါ်ပေါက်လာပါက Wave Money အဆုံးအဖြတ်သာလျှင် နောက်ဆုံးအတည်ဖြစ်သည်။ အကောင့်များ ရပ်တန့်နေ ပြီး ပြန်အမ်းငွေ ထည့် သွင်း၍ မရပါက သုံးစွဲသူသည် ပရိုမိုးရှင်း အကျိုးခံစားခွင့် ကို လုပ်ငန်းစဥ် ဆောင်ရွက် ပြီးချိန်မှ ၄၅ ရက်အတွင်း Wave money customer care အား ဆက်သွယ် တောင်းဆိုနိုင်သည်။ ၉၀ရက် ကျော် သွားသော ပြန်အမ်းငွေများကို ထပ်မံတောင်းဆိုနိုင်ခြင်း မရှိတော့ပါ။
(ဈ) အသေးစိတ်အချက်အလက်များအား ဆက်သွယ်မေးမြန်းလိုပါက 900 (ATOM နံပါတ်) နှင့် 09 79000 9000 (အခြားအော်ပရေတာအသုံးပြုသူများ) ကို ခေါ်ဆို မေးမြန်းနိုင်ပါသည်။ email – [email protected] ကိုလည်း ဆက်သွယ်နိုင်ပါသည်။