Wave Money (၁၀)နှစ်ပြည့်အထိမ်းအမှတ် အထူးအစီအစဥ်
“Wave အကောင့်ထဲမှာ နေ့စဉ်လက်ကျန်ငွေ ထားပြီး ကံထူးမည့်အစီအစဉ်”
========================
၁။ ကံစမ်းမဲအစီအစဉ် အသေးစိတ်
(က) ပါဝင်ဆင်နွှဲနိုင်သူများ – ၂၀၂၆-ခုနှစ်၊ သြဂုတ်လ အတွင်း Wave လုပ်ငန်းစဥ် တရပ်ရပ် ကိုအနည်းဆုံး (၁) ကြိမ်ပြုလုပ် ထားသည့် Wave အသုံးပြုသူအားလုံး ယခုအစီအစဉ်တွင်ပါ၀င်ကံစမ်းနိုင်သည်။
(ခ) ပြုလုပ်ရမည့်လုပ်ငန်းစဉ် – Promotion ကာလ (၂၀၂၆-ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့) အတွင်း ငွေကျပ်-၃၀၀၀၀ိ/-( သုံးသောင်းကျပ်) အား Wave Pay အကောင့်ထဲတွင် ရက်၂၀ တိတိနေ့စဥ်လက်ကျန်ငွေ သိမ်းဆည်း ထားရှိရမည် ဖြစ်သည်၊၊
(ဂ) အကျိုးခံစားခွင့် – အမှတ်စဥ် (ခ) တွင်ဖော်ပြထားသောပြုလုပ်ရမည့် လုပ်ငန်းစဥ်ကို ပရိုမိုရှင်းကာလအတွင်းပြီး မြောက်ပြီး ကံစမ်းမဲအစီအစဥ် စည်းကမ်းသတ်မှတ်ချက်များနှင့်ကိုက်ညီပါက အောက်ပါ e-money ဆုလက်ဆောင်ကို ကံထူးခွင့် ရရှိမည်ဖြစ်ပါသည်။
ကံထူးရှင်ဆုမဲများ အား အောက်ပါအတိုင်းရွေးချယ်ပါမည်။
၃,၀၀၀,၀၀၀ ကျပ် x ၁ ဦး
၁,၀၀၀,၀၀၀ ကျပ် x ၁၀ ဦး
၁၀၀,၀၀၀ ကျပ် x ၁၀၀ ဦး
၅၀,၀၀၀ ကျပ် x ၁,၀၀၀ ဦး
၃၀,၀၀၀ ကျပ် x ၉၀၀ ဦး
ကံထူးရှင်များ (ကို Wave Money call center နံပါတ်များမှသာ (၉၀၀ (သို့) ၀၉၇၉၀၀၀၉၀၀၀) ဆက်သွယ်ပြီး) SMS, Push notification ပေးပို့မည် ဖြစ်သည်။
(ဃ) သတ်မှတ်ချက် – အမှတ်စဥ် (ခ) တွင်ဖော်ပြထားသောပြုလုပ်ရမည့် လုပ်ငန်းစဥ်ကို သတ်မှတ်ကာလအတွင်း ပြီးမြောက်အောင်လုပ်ဆောင်မှသာ ဤအစီအစဥ်တွင် အကျုံးဝင်ပါမည်။
(င) Promotion ကာလ – ၂၀၂၆ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့
(စ) ကံစမ်းမဲဆုလက်ဆောင်ရရှိနိုင်မည့်ကာလ – ကံစမ်းမဲအစီအစဥ်စည်းကမ်းသတ်မှတ်ချက်များနှင့်ကိုက်ညီသည့် ကံထူးရှင်များ၏ WavePay အကောင့်များသို့ e-money ဆုလက်ဆောင်များကို ဆက်သွယ်ပြီးသည့်ရက်မှ ရုံးဖွင့်ရက် (၁၀) ရက်အတွင်း ထည့်သွင်းပေးမည်ဖြစ်ပါသည်။
၂။ အခြားစည်းမျဉ်းစည်းကမ်းများ
(က) Wave Money မှ ယခုပရိုမိုးရှင်းအတွက် သတ်မှတ်ထားသည့် နည်းလမ်းဖြစ်သည့် အီလက်ထရောနစ်ငွေကြး (e-money) အား ဆုရရှိသူအသီးသီး၏ Wave အကောင့်ထဲသို့တိုက်ရိုက်ပေးခြင်းနည်းလမ်း (“ဆုကြေးငွေ ပေးအပ်နည်း”) တခုတည်းဖြင့်သာ ပေးသွားမည် ဖြစ်ရာ တစ်ဆင့်ခံပေးပို့ခြင်း၊ ညှိနှိုင်းခြင်း၊ ငွေကြေးနှင့် ဖလှယ်ခြင်းအစရှိသည့် အခြားနည်းလမ်းများကို လက်ခံမည် မဟုတ်ပါ။ ဆုလက်ခံရန် စည်းကမ်းများနှင့် မညီညွတ်သူများအား Wave Money မှ ပယ်ဖျက်ပိုင်ခွင့် ရှိပါသည်။
(ခ) ယခုအစီအစဥ်တွင် ပါဝင်ရန်အတွက် ၎င်းတို့နေထိုင်ရာ နိုင်ငံသားခံယူထားရာ သက်ဆိုင်ရာနိုင်ငံများမှ ဥပဒေအရ သော်လည်းကောင်း၊ မြန်မာနိုင်ငံ၏တည်ဆဲဥပဒေအရ တားမြစ်ထားသူများ ပါဝင်ယှဉ်ပြိုင်ခွင့်မရှိပါ။
(ဂ) ယခုအစီအစဉ်မှာ ပါဝင်နိုင်ရန် မည်သည့်အခကြေးငွေမှပေးရန် မလိုအပ်ပါ။ အထူးသတိပြုရန်မှာ Wave Money Call Center နှင့် တကွ ဝန်ဆောင်မှုပေးသောသူများသည် အသုံးပြုသူများ၏ PIN (သို့) OTP များကို မေးမြန်းခြင်းပြုမည် မဟုတ်ပါ။ တစ်စုံတစ်ဦးမှမေးမြန်းလာပါက ဖြေကြားခြင်းမပြုပါနှင့်။
(ဃ) ယခုအစီအစဉ်တွင် ပါဝင်ထားသောသူများမှ မျှဝေထားသော ရုပ်ပုံ၊ ဗီဒီယို၊ စာ နှင့် အခြား အကြောင်းအရာများကို Wave Money မှ ပြန်လည်တည်းဖြတ်ခြင်း၊ အပြောင်းအလဲများပြုလုပ်ခြင်း၊ စီးပွားရေး ကြော်ငြာများ ၊ အရောင်း မြှင့်တင် ရေးလုပ်ငန်းများတွင် အသုံးပြုခြင်း၊ တိုက်ရိုက် အရောင်းမြှင့်တင်ခြင်း၊ အီလက်ထရောနစ်မီဒီယာများမှ တစ်ဆင့် အရောင်း မြှင့်တင်ခြင်း လုပ်ငန်းများတွင် Wave Money မှ သုံးစွဲခြင်းအား ယခုအစီအစဉ်တွင် ပါဝင်ထားသောသူများက သဘော တူညီ ပါသည်။
(င) ကံထူးရှင်ဖြစ်စေရန် မသမာမှုများဖြင့် လုပ်ဆောင်ထားသော လုပ်ငန်းစဥ်များ တွေ့ရှိရပါက ကံထူးရှင်အဖြစ် ရွေးချယ် ရာတွင် ထည့်သွင်းစဥ်းစားပေးမည်မဟုတ်ပါ။
(စ) အထက်ဖော်ပြပါ အချက်များအပြင် Wave Money ၏ စည်းမျဉ်းကန့်သတ်ချက်များအား ကြိုတင်အကြောင်းကြားခြင်းမပြုဘဲ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်းများ ပြုလုပ်နိုင်ခွင့် ရှိပါသည်။ ပရိုမိုရှင်းအစီအစဉ်တွင် ဝင်ရောက်ခြင်းဖြင့် အဆိုပါပြင်ဆင်မှုများ၊ ဖြည့်စွက်မှု၊အစားထိုးမှုများနှင့်အတူ စည်းမျဉ်းကန့်သတ်ချက်များနှင့်သာ အားလုံးကို နောက်ဆုံး ဆုံးဖြတ်မည်ကို သိရှိလက်ခံထားပြီးဖြစ်ပါသည်။
(ဆ) အငြင်းပွားမှု တစ်စုံတစ်ခုပေါ်ပေါက်လာပါက Wave Money ၏အဆုံးအဖြတ်သာလျှင် နောက်ဆုံးအတည်ဖြစ်သည်။ (ဇ) အသေးစိတ်အချက်အလက်များအား ဆက်သွယ်မေးမြန်းလိုပါက 900 (ATOM နံပါတ်) နှင့် 09 79000 9000 (အခြားအော်ပရေတာအသုံးပြုသူများ) ကို ခေါ်ဆို မေးမြန်းနိုင်ပါသည်။ email – [email protected] ကိုလည်း ဆက်သွယ်နိုင်ပါသည်။