Wave Money (၁၀)နှစ်ပြည့်အထိမ်းအမှတ် အထူးအစီအစဥ်
“WAVE Account မှ ကြိုက်နှစ်သက်ရာ ဖုန်းကို ‘၀န်ဆောင်ခ အခမဲ့’ ဖြင့်ငွေလွှဲခြင်းနှင့် WAVE Account မှ WAVE အေးဂျင့်ဆိုင်များတွင် ‘၀န်ဆောင်ခ အခမဲ့’ငွေထုတ်ခြင်း”
========================
၁။ အစီအစဉ် အသေးစိတ်
(က) ပါဝင်ဆင်နွှဲနိုင်သူများ– အတည်ပြုပြီးသား Wave အကောင့် အသုံးပြုသူအားလုံး ယခုအစီအစဉ်တွင်ပါ၀င်နိုင်ပါသည်၊၊
(ခ) Promotion ကာလ – ၂၀၂၆ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့
၂။ သတ်မှတ်ချက်များ –
(က) Wave အကောင့် အသုံးပြုသူများသည် ၂၀၂၆ ခုနှစ် ဩဂုတ်လ (၁) ရက်နေ့မှ (၃၁) ရက်နေ့အထိ Wave Agent များ နှင့် Wave Care Center (WCC) များတွင် Wave အကောင့်မှငွေလွှဲပြီး Wave ဆိုင်/WCC များ တွင် Password ဖြင့် ငွေထုတ်ခြင်း (WA-WST) နှင့် Wave အကောင့်မှငွေထုတ်ခြင်း (Cash-Out) ဝန်ဆောင်မှု ကို အခမဲ့ ဆောင်ရွက်နိုင်ပါသည်။
(ခ) ၂၀၂၆ ခုနှစ် ဩဂုတ်လ (၁) ရက်နေ့ နံနက် ၀၀:၀၀ နာရီမှ (၃၁) ရက်နေ့ ည ၁၁:၅၉ နာရီအထိ ငွေလွှဲမှုတိုင်းအတွက် အနည်းဆုံး ငွေပမာဏ သတ်မှတ်ချက် မရှိပါ။
(ဂ) ပရိုမိုးရှင်းအတွက် အကျုံးဝင်ရန် ငွေလွှဲပြုလုပ်သည့် Customer Profile အချက်အလက်များ ပြည့်စုံမှန်ကန်ရန် လိုအပ်ပါသည်။ (မှန်ကန်သော NRC အချက်အလက်အပြည့်အစုံနှင့် လက်ခံသူ၏ ဖုန်းနံပါတ် မှန်ကန်စွာ ဖြည့်သွင်းရပါမည်။)
(ဃ) မြန်မာနိုင်ငံတစ်ဝန်းရှိ Customer များအားလုံး ပါဝင်ခွင့်ရှိပါသည်။
၃။ အကျိုးခံစားခွင့် – အမှတ်စဥ် ၂ ပါ လုပ်ဆောင်ချက်များအတွက် ၀န်ဆောင်ခ “အခမဲ့” ခံစားခွင့်ရမည်ဖြစ်ပါသည်။
အသေးစိတ်အချက်အလက်များအား ဆက်သွယ်မေးမြန်းလိုပါက 900 (ATOM နံပါတ်) နှင့် 09 79000 9000 (အခြားအော်ပရေတာအသုံးပြုသူများ) ကို ခေါ်ဆို မေးမြန်းနိုင်ပါသည်။ email – [email protected] ကိုလည်း ဆက်သွယ်နိုင်ပါသည်။
၄။ ပရိုမိုးရှင်းကာလအတွင်း Wave Agent များမှ WA-WST နှင့် Cash-out ၀န်ဆောင်မှုများအတွက် အခမဲ့ ၀န်ဆောင်မှုပေးရန်ငြင်းဆန်/ပျက်ကွက်ခြင်း၊ ၀န်ဆောင်ကြေးကောက်ခံခြင်းနှင့် ပရိုမိုးရှင်းကာလအတွင်း လိုက်နာရမည့် စည်းကမ်းချက်များကို Wave Agent များမှ မလိုက်နာခြင်းများကို Wave Customer များကတွေ့ကြုံရပါက Wave Money ၏ တရား၀င်ဆက်သွယ်ရေးချယ်နယ်များမှတဆင့် Wave Customer Care ထံသို့အသိပေးတိုင်ကြားနိုင်ပါသည်။