“WAVE ရဲ့ သီတင်းကျွတ် ပြည်ပငွေလွှဲ ပြန်အမ်းငွေ အထူးအစီအစဉ်”
၁။ ပရိုမိုးရှင်းအစီအစဉ် အသေးစိတ်
(က) အစီအစဉ်ကာလ
ယခု WAVE သီတင်းကျွတ် ပြည်ပငွေလွှဲ ပြန်အမ်းငွေ အထူးအစီအစဉ်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာလ (၂၁) ရက်နေ့မှ အောက်တိုဘာလ (၃၁) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပါသည်။
(ခ) ပါဝင်ဆင်နွှဲနိုင်သူများ
အစီအစဉ်ကာလအတွင်း သတ်မှတ်ထားသော ပြည်ပငွေလွှဲဝန်ဆောင်မှုများမှတစ်ဆင့် မြန်မာနိုင်ငံရှိ WAVE အကောင့်သို့ ပြည်ပငွေလွှဲလက်ခံရရှိသူများ သည် ယခုအစီအစဉ်တွင် ပါဝင်နိုင်ပါသည်။
(ဂ) အကျုံးဝင်သော ပြည်ပငွေလွှဲဝန်ဆောင်မှုများ
ယခုအစီအစဉ်တွင် MoneyGram, 2C2P WAVE နှင့် DeeMoney တို့မှတစ်ဆင့် WAVE အကောင့်သို့ တိုက်ရိုက်ငွေလွှဲလက်ခံရရှိသည့် အောင်မြင်သော ငွေလွှဲလုပ်ငန်းစဉ်များ အကျုံးဝင်ပါသည်။ [(င) တွင်ဖော်ပြထားသော ပြန်အမ်းငွေရရှိနိုင်သည့် အကြိမ်ရေ သတ်မှတ်ချက်များအတိုင်း]
(ဃ) ပြန်အမ်းငွေ (Cashback) ရရှိမည့်ပမာဏ
အစီအစဉ်ကာလအတွင်း အကျုံးဝင်သော ပြည်ပငွေလွှဲဝန်ဆောင်မှုများမှတစ်ဆင့် WAVE အကောင့်သို့ အောင်မြင်စွာ ငွေလွှဲလက်ခံရရှိပါက အောက်ပါအတိုင်း ပြန်အမ်းငွေ (Cashback) ရရှိမည်ဖြစ်ပါသည်။
| WAVE အကောင့်သို့ လက်ခံရရှိသည့် ငွေလွှဲပမာဏ | ရရှိမည့် ပြန်အမ်းငွေ |
| ကျပ် ၁၀၀,၀၀၀ မှ ကျပ် ၁,၀၀၀,၀၀၀ အထိ | ကျပ် ၅,၀၀၀ |
| ကျပ် ၁,၀၀၀,၀၀၁ နှင့်အထက် | ကျပ် ၁၀,၀၀၀ |
(င) ပြန်အမ်းငွေရရှိနိုင်သည့် အကြိမ်ရေ
2C2P ငွေလွှဲအတွက် သတ်မှတ်ကာလအတွင်း ပြန်အမ်းငွေရရှိနိုင်သည့် အခွင့်အရေးမှာ အကောင့်တစ်ခုလျှင် Transaction အများဆုံး ၂ ကြိမ်အထိသာ အကျုံးဝင်ပါသည်။
အစီအစဉ်ကာလတစ်လျှောက်တွင် ပေးပို့သူဖုန်းနံပါတ် (Sender Number) တစ်ခုလျှင် ပြန်အမ်းငွေရရှိနိုင်သော ငွေလွှဲလုပ်ငန်းစဉ် အများဆုံး (၂) ကြိမ်နှင့် လက်ခံသူဖုန်းနံပါတ် (Receiver Number) တစ်ခုလျှင် ပြန်အမ်းငွေရရှိနိုင်သော ငွေလွှဲလုပ်ငန်းစဉ် အများဆုံး (၂) ကြိမ်အထိသာ အကျုံးဝင်ပါသည်။
ငွေလွှဲလုပ်ငန်းစဉ်တစ်ခု ပြန်အမ်းငွေရရှိရန် ပေးပို့သူနှင့် လက်ခံသူ နှစ်ဦးစလုံးသည် သတ်မှတ်ထားသော အများဆုံး (၂) ကြိမ် ကန့်သတ်ချက်အတွင်း ရှိရမည် ဖြစ်ပါသည်။
ပေးပို့သူ သို့မဟုတ် လက်ခံသူ တစ်ဦးဦးသည် ပြန်အမ်းငွေရရှိနိုင်သည့် အများဆုံး (၂) ကြိမ် ပြည့်မီပြီးပါက အဆိုပါဖုန်းနံပါတ်နှင့် ဆက်စပ်သည့် နောက်ထပ်ငွေလွှဲလုပ်ငန်းစဉ်များသည် ပုံမှန်အတိုင်း ဆက်လက်ငွေလွှဲနိုင်သော်လည်း ပြန်အမ်းငွေ (Cashback) ရရှိမည်မဟုတ်ပါ။
(စ) ပြန်အမ်းငွေ ထည့်သွင်းပေးမည့်အချိန်
သတ်မှတ်ချက်များနှင့် ကိုက်ညီသော ငွေလွှဲလုပ်ငန်းစဉ်အတွက် ပြန်အမ်းငွေ (Cashback) ကို ငွေလွှဲလုပ်ငန်းစဉ် အောင်မြင်ပြီး ၂ ရက်အတွင်းတွင် ငွေလက်ခံသူ၏ WAVE အကောင့်သို့ အလိုအလျောက် ထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။
၂။ ပြန်အမ်းငွေရရှိရန် သတ်မှတ်ချက်များ
(က) အစီအစဉ်ကာလအတွင်း MoneyGram, 2C2P WAVE သို့မဟုတ် DeeMoney မှတစ်ဆင့် WAVE အကောင့်သို့ အောင်မြင်စွာ လက်ခံရရှိသော ငွေလွှဲလုပ်ငန်းစဉ်များ ဖြစ်ရမည်။
(ခ) WAVE အကောင့်သို့ လက်ခံရရှိသည့် ငွေလွှဲပမာဏသည် အနည်းဆုံး ကျပ် ၁၀၀,၀၀၀ ရှိရမည်။
(ဂ) ပြန်အမ်းငွေထည့်သွင်းသည့်အချိန်တွင် လက်ခံသူ၏ WAVE အကောင့်သည် ပြန်အမ်းငွေ လက်ခံနိုင်သည့် အခြေအနေတွင် ရှိရမည်။
(ဃ) ငွေလွှဲလုပ်ငန်းစဉ်သည် ပယ်ဖျက်ခြင်း၊ ပြန်လည်ရုပ်သိမ်းခြင်း (Reversal) သို့မဟုတ် အခြားအကြောင်းတစ်စုံတစ်ရာကြောင့် အောင်မြင်သော ငွေလွှဲလုပ်ငန်းစဉ် မဟုတ်တော့ပါက ပြန်အမ်းငွေခံစားခွင့် မရှိပါ။
(င) ငွေလွှဲလုပ်ငန်းစဉ်တစ်ခုအတွက် ပေးပို့သူနှင့် လက်ခံသူ နှစ်ဦးစလုံး၏ ပြန်အမ်းငွေရရှိပြီးသော အကြိမ်ရေသည် သတ်မှတ်ထားသည့် အများဆုံး (၂) ကြိမ် ကန့်သတ်ချက်အတွင်း ရှိမှသာ ပြန်အမ်းငွေရရှိမည်ဖြစ်ပါသည်။
(စ) ယခုသတ်မှတ်ထားသော အကြိမ်ရေကန့်သတ်ချက်သည် ငွေလွှဲလုပ်ငန်းစဉ်ကို ပိတ်ပင်ခြင်း သို့မဟုတ် ကန့်သတ်ခြင်းမဟုတ်ဘဲ ပြန်အမ်းငွေရရှိနိုင်မှုကိုသာ သတ်မှတ်ခြင်း ဖြစ်ပါသည်။
၃။ အခြားစည်းမျဉ်းစည်းကမ်းများ
(က) ယခုအစီအစဉ်အရ ရရှိသော ပြန်အမ်းငွေကို သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ငွေလက်ခံသူ၏ WAVE အကောင့်သို့သာ ထည့်သွင်းပေးမည်ဖြစ်ပါသည်။
(ခ) ယခုအစီအစဉ်တွင် ပါဝင်ရန် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအရ တားမြစ်ခံထားရသူများသည် ပါဝင်ခွင့်မရှိပါ။
(ဂ) ယခုအစီအစဉ်တွင် ပါဝင်ရန်အတွက် WAVE သို့ မည်သည့်အပိုအခကြေးငွေမှ ပေးဆောင်ရန် မလိုအပ်ပါ။ WAVE နှင့် WAVE Customer Care မှ ဝန်ထမ်းများသည် အသုံးပြုသူ၏ PIN သို့မဟုတ် OTP ကို မေးမြန်းတောင်းခံမည်မဟုတ်ပါ။ တစ်စုံတစ်ဦးမှ မေးမြန်းလာပါက မျှဝေခြင်းမပြုရန် အထူးသတိပြုပါ။
(ဃ) ပြန်အမ်းငွေ ပိုမိုရရှိစေရန် ရည်ရွယ်၍ ငွေလွှဲပမာဏကို ခွဲ၍ အကြိမ်ကြိမ် ငွေလွှဲခြင်း (Transaction Splitting) ၊ မသမာသောလုပ်ဆောင်မှုများ သို့မဟုတ် ပရိုမိုးရှင်းအစီအစဉ်အား အလွဲသုံးစားပြုလုပ်ခြင်းဟု သတ်မှတ်နိုင်သော လုပ်ဆောင်မှုများ တွေ့ရှိပါက WAVE သည် သက်ဆိုင်ရာ ငွေလွှဲလုပ်ငန်းစဉ်များအား ပြန်အမ်းငွေခံစားခွင့်မှ ပယ်ဖျက်ပိုင်ခွင့်ရှိပါသည်။
(င) စနစ်ပိုင်းဆိုင်ရာ သို့မဟုတ် နည်းပညာပိုင်းဆိုင်ရာ အမှားအယွင်းများကြောင့် ပြန်အမ်းငွေ မမှန်မကန် သို့မဟုတ် ထပ်မံထည့်သွင်းမိခြင်းများ ဖြစ်ပေါ်ပါက WAVE သည် သက်ဆိုင်ရာ ငွေလွှဲနှင့် ပြန်အမ်းငွေမှတ်တမ်းများကို စိစစ်၍ လိုအပ်သလို ဆောင်ရွက်ပိုင်ခွင့်ရှိပါသည်။
(စ) WAVE အကောင့် ရပ်ဆိုင်းထားခြင်း၊ ပိတ်ထားခြင်း သို့မဟုတ် အခြားအကြောင်းတစ်စုံတစ်ရာကြောင့် ပြန်အမ်းငွေထည့်သွင်း၍ မရပါက သုံးစွဲသူသည် သက်ဆိုင်ရာ ငွေလွှဲလုပ်ငန်းစဉ် အောင်မြင်သည့်နေ့မှ (၄၅) ရက်အတွင်း WAVE Customer Care သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ သတ်မှတ်ကာလကျော်လွန်ပြီးနောက် ပြန်အမ်းငွေနှင့်ပတ်သက်၍ ထပ်မံတောင်းဆိုနိုင်မည် မဟုတ်ပါ။
(ဆ) WAVE သည် လိုအပ်ပါက ယခုအစီအစဉ်၏ စည်းမျဉ်းစည်းကမ်းများ၊ အစီအစဉ်ကာလ၊ အကျိုးခံစားခွင့်နှင့် အခြားသတ်မှတ်ချက်များကို သက်ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း သို့မဟုတ် အစားထိုးခြင်းများ ပြုလုပ်ပိုင်ခွင့်ရှိပါသည်။
(ဇ) ယခုအစီအစဉ်နှင့်ပတ်သက်၍ အငြင်းပွားမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက သက်ဆိုင်ရာ ငွေလွှဲမှတ်တမ်းများ၊ ပြန်အမ်းငွေမှတ်တမ်းများနှင့် အစီအစဉ်စည်းမျဉ်းစည်းကမ်းများအပေါ် အခြေခံ၍ WAVE ၏ ဆုံးဖြတ်ချက်သည် နောက်ဆုံးအတည်ဖြစ်ပါသည်။
(ဈ) အသေးစိတ်အချက်အလက်များ သိရှိလိုပါက 900 (ATOM နံပါတ်များ) နှင့် 09 79000 9000 (အခြားအော်ပရေတာများ) သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး [email protected] သို့လည်း ဆက်သွယ်နိုင်ပါသည်။
“WAVE Thadingyut International Remittance Cashback Special Promotion”
- Promotion Details
(a) Campaign Period
The WAVE Thadingyut International Remittance Cashback Special Promotion will run from 21 September 2026 to 31 October 2026.
(b) Eligible Participants
Customers who receive international remittances into their WAVE Accounts through the designated international remittance services during the campaign period are eligible to participate in this promotion.
(c) Eligible International Remittance Services
Successful international remittance transactions received directly into WAVE Accounts through MoneyGram, 2C2P WAVE and DeeMoney are eligible for this promotion, subject to the cashback transaction limits specified under Section 1(e) below.
(d) Cashback Amount
Customers who successfully receive international remittances into their WAVE Accounts through the eligible international remittance services during the campaign period will receive cashback as follows:
| Remittance Amount Received into WAVE Account | Cashback Amount |
| MMK 100,000 to MMK 1,000,000 | MMK 5,000 |
| MMK 1,000,001 and above | MMK 10,000 |
(e) Cashback Transaction Limits
For 2C2P remittance transactions, each account is eligible to receive cashback for a maximum of two transactions during the campaign period.
Throughout the campaign period, cashback eligibility is limited to a maximum of two (2) eligible remittance transactions per Sender Number AND a maximum of two (2) eligible remittance transactions per Receiver Number.
For a remittance transaction to qualify for cashback, both the Sender and Receiver must remain within their respective maximum limit of two (2) cashback-eligible transactions.
Once either the Sender Number or Receiver Number has reached the maximum limit of two (2) cashback-eligible transactions, subsequent remittance transactions associated with that respective number may continue to be processed as normal but will no longer be eligible for cashback.
(f) Cashback Credit Timeline
For eligible remittance transactions that meet the applicable terms and conditions, the cashback will be automatically credited to the Receiver’s WAVE Account within two (2) days after the successful completion of the remittance transaction.
- Cashback Eligibility Requirements
(a) The remittance transaction must be successfully received into a WAVE Account through MoneyGram, 2C2P WAVE or DeeMoney during the campaign period.
(b) The remittance amount received into the WAVE Account must be at least MMK 100,000.
(c) At the time the cashback is credited, the Receiver’s WAVE Account must be in a status that is eligible to receive the cashback.
(d) If the remittance transaction is cancelled, reversed (Reversal), or otherwise ceases to be a successful transaction for any reason, the transaction will not be eligible for cashback.
(e) A remittance transaction will be eligible for cashback only if both the Sender and Receiver remain within the specified maximum limit of two (2) cashback-eligible transactions.
(f) The transaction limits specified above apply only to cashback eligibility and do not prohibit, restrict, or prevent the underlying remittance transaction itself.
- Other Terms and Conditions
(a) Cashback under this promotion will be credited only to the eligible Receiver’s WAVE Account that meets the applicable terms and conditions.
(b) Any person prohibited from participating under the applicable laws, rules, or regulations of the relevant country is not eligible to participate in this promotion.
(c) No additional fee is required to be paid to WAVE to participate in this promotion. WAVE and WAVE Customer Care representatives will never ask customers to disclose their PIN or OTP. Customers are strongly advised not to share their PIN or OTP with anyone who requests such information.
(d) If WAVE identifies Transaction Splitting carried out with the intention of obtaining additional cashback, fraudulent activities, or any other activities that may be deemed an abuse of the promotion, WAVE reserves the right to disqualify the relevant remittance transactions from cashback eligibility.
(e) In the event that cashback is incorrectly or repeatedly credited due to system or technical errors, WAVE reserves the right to review the relevant remittance and cashback records and take appropriate action as necessary.
(f) If cashback cannot be credited due to the WAVE Account being suspended, closed, or for any other reason, the customer may contact WAVE Customer Care within forty-five (45) days from the date of successful completion of the relevant remittance transaction. Cashback claims will no longer be accepted after the specified period has expired.
(g) WAVE reserves the right, where necessary, to amend, supplement, or replace the terms and conditions, campaign period, benefits, and other requirements of this promotion in accordance with applicable laws and regulations.
(h) In the event of any dispute relating to this promotion, WAVE’s decision shall be final, based on the relevant remittance records, cashback records, and the terms and conditions of the promotion.
(i) For further information, customers may contact 900 (for ATOM numbers) or 09 79000 9000 (for other operators), or email [email protected].