“Wave Money (၁၀)နှစ်ပြည့်အထိမ်းအမှတ် Wave အေးဂျင့်ကြီးများအတွက် အထူးကံစမ်းခွင့်အစီအစဉ်”
========================
ကံစမ်းမဲအစီအစဉ် အသေးစိတ်
(က) ပါဝင်ဆင်နွှဲနိုင်သည့် Wave အေးဂျင့်များ
အောက်ဖော်ပြပါ သတ်မှတ်ချက်များအားလုံးပြည့်မီသည့် Wave အေးဂျင့်များ
၁၊၊ လက်ရှိ Wave ၀န်ဆောင်မှုများကို လုပ်ဆောင်ပေးနေဆဲ ဖြစ်ရမည်၊၊
၂၊၊ သတ်မှတ်ထားသောလုပ်ငန်းလည်ပတ်မှုဆိုင်ရာ မူဝါဒများအားလုံးကို လိုက်နာဆောင်ရွက်ရပါမည်၊၊
၃၊၊ ၂၀၂၆ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ ကာလ (“ပရိုမိုးရှင်းကာလ”) တစ်လျှောက် သတ်မှတ်ထားသော Wave အေးဂျင့်စည်းမျဉ်းစည်းကမ်းချက်များအတိုင်း အရည်အချင်းပြည့်မီမှုရှိရပါမည်၊၊
(ခ) စည်ကမ်းသတ်မှတ်ချက်များ-
၁၊၊ ပရိုမိုးရှင်းကာလအတွင်း Wave သုံးစွဲသူများက Wave အကောင့်မှငွေလွှဲပြီး Wave ဆိုင်တွင် Password ဖြင့် ငွေထုတ်ခြင်း (WA-WST) နှင့် Wave အကောင့်မှငွေထုတ်ခြင်း (Cash-Out) တို့အားအခမဲ့ဝန်ဆောင်မှုပေးခြင်းကို Wave Agent များကပံ့ပိုးဆောင်ရွက်ရမည်။
၂။ ကံစမ်းခွင့်အစီအစဉ် အတွက် အရည်အချင်းပြည့်မီရန် ငွေလွှဲလုပ်ငန်းစဉ် ပြုလုပ်ရာတွင် Customer Profile အချက်အလက်များကို ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းထားရမည်။ (မှန်ကန်သော မှတ်ပုံတင်အချက်အလက်အပြည့်အစုံနှင့် ငွေလွှဲသူဖုန်းနံပါတ်ကို မှန်ကန်စွာအသုံးပြုရမည်)
၃၊၊ ပြီးမြောက်သည့်လုပ်ငန်းစဉ်များကိုသာ ထည့်သွင်းစဉ်းစားမည်ဖြစ်ပြီး Reversal, Same Sender Same Receiver (SSSR) နှင့် ငွေလက်ခံခြင်း မရှိထားသော လုပ်ငန်းစဉ်များကို ထည့်သွင်းရွေးချယ်မည် မဟုတ်ပါ။
Agent Lucky Draw စည်းကမ်း သတ်မှတ်ချက်များ
၁။ Weekly Lucky Draw: Wave အေးဂျင့်သည် အပတ်စဉ် Lucky Draw – လုပ်ငန်းများများလုပ် လျှင် ကံစမ်းမဲအခွင့်အရေးများများရရှိမည်။
အပတ်စဉ် Lucky Draw ကာလ (၃ ပတ်)
- အပတ် (၁) – ဩဂုတ်လ ၁ ရက် မှ ၉ ရက်
- အပတ် (၂) – ဩဂုတ်လ ၁၀ ရက် မှ ၁၆ ရက်
- အပတ် (၃) – ဩဂုတ်လ ၁၇ ရက် မှ ၂၃ ရက်
WST-WST, WA-WST အမျိုးအစား လုပ်ငန်းများကို တစ်ပတ်အတွင်း အနည်းဆုံး ၅ ကြိမ် ပြုလုပ်ပါက Lucky Draw အလိုအလျောက် ၁ ကြိမ် ဝင်ခွင့် ရရှိမည်။
- တစ်ပတ်အတွင်း လုပ်ငန်းအရေအတွက် (၁၅) ကြိမ်ထက်ပိုပြုလုပ်သော Agent များသည် Lucky Draw (၄) ကြိမ် အလိုအလျောက်ဝင်ခွင့် ရရှိမည်။
- တစ်ပတ်အတွင်း လုပ်ငန်းအရေအတွက် (၃၀) ကြိမ်ထက်ပိုပြုလုပ်သော Agent များသည် Lucky Draw(၆) ကြိမ် အလိုအလျောက် ဝင်ခွင့် ရရှိမည်။
- ငွေလွှဲလုပ်ငန်းစဉ် တစ်ကြောင်းလျှင် ၁၀,၀၀၀ ကျပ်နှင့်အထက်ဖြစ်သော ငွေလွှဲလုပ်ငန်းစဉ် များ ကိုသာ ထည့်သွင်းတွက်ချက်မည်ဖြစ်သည်။
အခြားစည်းမျဉ်းများ
- အပတ်စဉ် Lucky Draw တွင် ဆုရရှိပြီးသား Agent များသည် နောက်အပတ်မှာLucky Draw တွင် ထပ်မံရွေးချယ်ခံရမည် မဟုတ်ပါ။။
- အေးဂျင့်များ အားလုံး သည် ဂရန်းကံထူးဆွဲမဲအစီအစဉ် (Grand Luckly Draw) မှာ ဆက်လက်ပါဝင်နိုင်မှာ ဖြစ်ပါသည်။
| အပတ်စဉ်ဆုငွေ | ဆုရသူဦးရေ | စုစုပေါင်းဆုငွေ |
| ၅၀,၀၀၀ ကျပ် | ၁၀ ဦး | ၅၀၀,၀၀၀ ကျပ် |
| ၂၀,၀၀၀ | ၄၀ ဦး | ၈၀၀,၀၀၀ ကျပ် |
| ၁၀,၀၀၀ | ၅၀ ဦး | ၅၀၀,၀၀၀ကျပ် |
| ၅,၀၀၀ ကျပ် | ၉၀၀ ဦး | ၄,၅၀၀,၀၀၀ကျပ် |
| စုစုပေါင်း | ၁၀၀၀ ဦး | ၆,၃၀၀,၀၀၀ ကျပ် |
၂။ Grand Lucky Draw ဝင်ခွင့် သတ်မှတ်ချက်
WST-WST နှင့် WA-WST လုပ်ငန်းများအတွက် –
- တစ်လအတွင်း Transaction ၂၀ ကြိမ်နှင့်အထက် ပြုလုပ်သော Agent များသည် Lucky Draw အလိုအလျောက် ၁ ကြိမ် ဝင်ခွင့် ရရှိမည်။
- Transaction ၄၀ ကြိမ်နှင့်အထက် ပြုလုပ်သော Agent များသည် Lucky Draw ဝင်ခွင့် ၂ ကြိမ် ရရှိမည်။
- Transaction ၈၀ ကြိမ်နှင့်အထက် ပြုလုပ်သော Agent များသည် Lucky Draw ဝင်ခွင့် ၃ ကြိမ် ရရှိမည်။
- ငွေလွှဲလုပ်ငန်းစဉ် တစ်ကြောင်းလျှင် ၁၀,၀၀၀ ကျပ်နှင့်အထက်ဖြစ်သော ငွေလွှဲလုပ်ငန်းစဉ်များကိုသာ ထည့်သွင်းတွက်ချက်မည်ဖြစ်သည်။
| ဆုအမျိုးအစား | ဆုငွေ (ကျပ်) | ဆုရသူဦးရေ | စုစုပေါင်းဆုငွေ (ကျပ်) |
| Grand Prize (အထူးဆုကြီး) | ၁,၀၀၀,၀၀၀ | ၃ ဦး | ၃,၀၀၀,၀၀၀ |
| Lucky 7 Runner Up | ၅၀၀,၀၀၀ | ၇ ဦး | ၃,၅၀၀,၀၀၀ ကျပ် |
| စုစုပေါင်း | | ၁၀ ဦး | ၆,၅၀၀,၀၀၀ ကျပ် |
စုစုပေါင်း Lucky Draw တန်ဖိုး: ၂၅,၄၀၀,၀၀၀ ကျပ်
၃။ Agent Liquidity Bonus (Agent ငွေလက်ကျန်ဆုကြေး)
၁။ အေးဂျင့်အမျိုးအစားအလိုက် သတ်မှတ်ထားသောလက်ကျန်ငွေပမာဏကို အေးဂျင့်အကောင့်ထဲတွင် ထိန်းသိမ်းထားရမည်။
၂။ ပရိုမိုးရှင်းကာလအတွင်းအေးဂျင့်အမျိုးအစား အလိုက် သတ်မှတ်ထားသောလက်ကျန်ငွေပမာဏကို အနည်းဆုံး ရက်(၂၅) သတ်မှတ်ချက်နှင့်အညီ ထိန်းသိမ်းထားရမည်။
၃။ နေ့စဉ်ထိန်းသိမ်းထားရမည့် ငွေပမာဏကို တွက်ချက်ရာတွင် နံနက် ၆ နာရီကနေ ညနေ ၁၀ နာရီထိ ရှိ အေးဂျင့်အကောင့်ထဲတွင် ရှိသော လက်ကျန်ငွေကို အခြေခံတွက်ချက်မည်။
- ဘောနပ်စ် ၁ – အနည်းဆုံး Transactions အကြိမ်ရေ ၃၀ နှင့်အထက် (တစ်ကြိမ်လျှင် ငွေပမာဏ ၁၀,၀၀၀ ကျပ်နှင့်အထက် ရှိရမည်)။ ဖုန်းငွေဖြည့်ခြင်း (Airtime) မပါဝင်ပါ။
- ဘောနပ်စ် ၂ – အနည်းဆုံး transations အကြိမ်ရေ ၁၀၀ နှင့်အထက် (တစ်ကြိမ်လျှင် ငွေပမာဏ ၁၀,၀၀၀ ကျပ်နှင့်အထက် ရှိရမည်)။ ဖုန်းငွေဖြည့်ခြင်း (Airtime) မပါဝင်ပါ။
အေးဂျင့်အမျိုးအစာအလိုက် အေးဂျင့်အကောင့်ထဲ လက်ကျန်ငွေထားရှိရမည့် သတ်မှတ်ချက်များ
| အမျိုးအစား | နေ့စဉ် အနည်းဆုံး ပျမ်းမျှ သိမ်းထားရမည့် ငွေပမာဏ (၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁) ရက်မှ (၃၁) ရက်နေ့အထိ- ထပ်တိုးသတ်မှတ်ချက် -ကျပ်ငွေ) | Bonus 1: ရရှိမည့်ဆုကြေး Transactions အကြိမ်ရေ ၃၀ နှင့်အထက် | Bonus 2: ရရှိမည့်ဆုကြေး transations အကြိမ်ရေ ၁၀၀ နှင့်အထက် |
| စိန် | ၅.၅ သန်း | ၂၅,၀၀၀ ကျပ် | ၅၀,၀၀၀ ကျပ် |
| ရွှေ | ၃.၅ သန်း | ၂၀,၀၀၀ ကျပ် | ၄၀,၀၀၀ ကျပ် |
| ငွေ | ၃ သန်း | ၁၅,၀၀၀ | ၃၀,၀၀၀ ကျပ် |
| ကြေး | ၂ သန်း | ၁၀,၀၀၀ကျပ် | ၂၀,၀၀၀ ကျပ် |
Liquidity Bonus ဘတ်ဂျက် ခန့်မှန်းချက်: ၃၅,၀၀၀,၀၀၀ MMK
(ဂ) အကျိုးခံစားခွင့် – အမှတ်စဥ် (ခ) တွင်ဖော်ပြထားသောပြုလုပ်ရမည့် သတ်မှတ်ချက်များကို ပရိုမိုရှင်းကာလအတွင်းပြီး မြောက်ပြီး စည်းကမ်းသတ်မှတ်ချက်များနှင့်ကိုက်ညီပါက e-money ဆုကြေး များကိုကံထူးခွင့် ရရှိမည်ဖြစ်ပါသည်။
ကံထူးရှင်များ (ကို Wave Money call center နံပါတ်များမှသာ (၉၀၀ (သို့) ၀၉၇၉၀၀၀၉၀၀၀) ဆက်သွယ်ပြီး ) SMS, Push notification ပေးပို့မည် ဖြစ်သည်။
(ဃ) သတ်မှတ်ချက် – အမှတ်စဥ် (ခ) တွင်ဖော်ပြထားသောပြုလုပ်ရမည့် လုပ်ငန်းစဥ်ကို ပရိုမိုးရှင်းကာလအတွင်း ပြီးမြောက်အောင်လုပ်ဆောင်မှသာ ဤအစီအစဥ်တွင် အကျုံးဝင်ပါမည်။
(င) Promotion ကာလ – ၂၀၂၆ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့
(စ) ကံစမ်းမဲဆုလက်ဆောင်ရရှိနိုင်မည့်ကာလ – ကံစမ်းမဲအစီအစဥ်စည်းကမ်းသတ်မှတ်ချက်များနှင့်ကိုက်ညီသည့် ကံထူးရှင်များ၏ Agent Channel App အကောင့်များသို့ e-money ဆုလက်ဆောင်များကို ဆက်သွယ်ပြီးသည့်ရက်မှ ရုံးဖွင့်ရက် (၁၀) ရက်အတွင်း ထည့်သွင်းပေးမည်ဖြစ်ပါသည်။
(ဆ) အခြားစည်းမျဉ်းစည်းကမ်းများ
(၁) Wave Money မှ ယခုပရိုမိုးရှင်းအတွက် ကံထူးရှင်များအား ဆုချီးမြှင့်ရာတွင် သတ်မှတ်ထားသည့် နည်းလမ်းဖြစ်သည့် အီလက်ထ ေရာနစ် ငွေေကြး (e-money) အား ကံထူးရှင်အသီးသီး၏ Agent Channel App အကောင့်ထဲသို့တိုက်ရိုက်ပေးခြင်းနည်းလမ်း (“ဆုကြေးငွေ ပေးအပ်နည်း”) တခုတည်းဖြင့်သာ ပေးသွားမည် ဖြစ်ရာ တစ်ဆင့်ခံပေးပို့ခြင်း၊ ညှိနှိုင်းခြင်း၊ ငွေကြေးနှင့် ဖလှယ်ခြင်းအစရှိသည့် အခြားနည်းလမ်းများကို လက်ခံမည် မဟုတ်ပါ။ ဆုလက်ခံရန် စည်းကမ်းများနှင့် မညီညွတ်သူများအား Wave Money မှ ပယ်ဖျက်ပိုင်ခွင့် ရှိပါသည်။
(၂) ယခုအစီအစဥ်တွင် ပါဝင်ရန်အတွက် ၎င်းတို့နေထိုင်ရာ၊ နိုင်ငံသားခံယူထားရာ သက်ဆိုင်ရာနိုင်ငံများမှ ဥပဒေအရ သော်လည်းကောင်း၊ မြန်မာနိုင်ငံ၏တည်ဆဲဥပဒေအရ တားမြစ်ထားသူများ ပါဝင်ယှဉ်ပြိုင်ခွင့်မရှိပါ။
(၃) ယခုအစီအစဉ်မှာ ပါဝင်နိုင်ရန် မည်သည့်အခကြေးငွေမှပေးရန် မလိုအပ်ပါ။ အထူးသတိပြုရန်မှာ Wave Money Call Center နှင့် တကွ ဝန်ဆောင်မှုပေးသောသူများသည် အသုံးပြုသူများ၏ PIN (သို့) OTP များကို မေးမြန်ခြင်းပြုမည် မဟုတ်ပါ။ တစ်စုံတစ်ဦးမှ မေးမြန်းလာပါက ဖြေကြားခြင်းမပြုပါနှင့်။
(၄) ယခုအစီအစဉ်တွင် ပါဝင်ထားသောသူများမှ မျှဝေထားသော ရုပ်ပုံ၊ ဗီဒီယို၊ စာ နှင့် အခြား အကြောင်းအရာများကို Wave Money မှ ပြန်လည်တည်းဖြတ်ခြင်း၊ အပြောင်းအလဲများပြုလုပ်ခြင်း၊ စီးပွားရေး ကြော်ငြာများ ၊ အရောင်း မြှင့်တင် ရေးလုပ်ငန်းများတွင် အသုံးပြုခြင်း၊ တိုက်ရိုက် အရောင်းမြှင့်တင်ခြင်း၊ အီလက်ထရောနစ်မီဒီယာများမှ တစ်ဆင့် အရောင်း မြှင့်တင်ခြင်း လုပ်ငန်းများတွင် Wave Money မှ သုံးစွဲခြင်းအား ယခုအစီအစဉ်တွင် ပါဝင်ထားသောသူများက သဘော တူညီ ပါသည်။
(၅) အထက်ဖော်ပြပါ အချက်များအပြင် Wave Money သည် စည်းမျဉ်းကန့်သတ်ချက်များအား ကြိုတင်အကြောင်းကြား ခြင်းမပြုဘဲ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်းများ ပြုလုပ်နိုင်ခွင့် ရှိပါသည်။ ပြိုင်ပွဲအစီအစဉ်တွင် ဝင်ရောက် ခြင်းဖြင့် အဆိုပါပြင်ဆင်မှုများ၊ ဖြည့်စွက်မှု၊အစားထိုးမှုများနှင့်အတူ စည်းမျဉ်းကန့်သတ်ချက်များနှင့်သာ အားလုံးကို နောက်ဆုံး ဆုံးဖြတ်မည်ကို သိရှိလက်ခံထားပြီးဖြစ်ပါသည်။
(၆) ကံထူးရှင်ဖြစ်စေရန် မသမာမှုများဖြင့် လုပ်ဆောင်ထားသော လုပ်ငန်းစဥ်များ တွေ့ရှိရပါက ကံထူးရှင်အဖြစ် ရွေးချယ် ရာတွင် ထည့်သွင်းစဥ်းစားပေးမည်သည့်အပြင် ပရိုမိုးရှင်းကာလအတွင်း Wave အေးဂျင့်မှ ရှိထားသည့် ကော်မရှင်၊ ဆုကြေးနှင့် ပရိုမိုးရှင်းအကျိုးခံစားခွင့်များကိုပါ Wave Money မှ ပြန်လည်ရုပ်သိမ်းသွားမည်ဖြစ်သည်။
(၇) အထက်ဖော်ပြပါ အချက်များအပြင် Wave Money ၏ စည်းမျဉ်းကန့်သတ်ချက်များအား ကြိုတင်အကြောင်းကြား ခြင်းမပြုဘဲ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်းများ ပြုလုပ်နိုင်ခွင့် ရှိပါသည်။ ပရိုမိုရှင်းအစီအစဉ်တွင် ဝင်ရောက် ခြင်းဖြင့် အဆိုပါပြင်ဆင်မှုများ၊ ဖြည့်စွက်မှု၊ အစားထိုးမှုများနှင့်အတူ စည်းမျဉ်းကန့်သတ်ချက်များနှင့်သာ အားလုံးကို နောက်ဆုံး ဆုံးဖြတ်မည်ကို သိရှိလက်ခံထားပြီးဖြစ်ပါသည်။
(၈) အငြင်းပွားမှု တစ်စုံတစ်ခုပေါ်ပေါက်လာပါက Wave Money အဆုံးအဖြတ်သာလျှင် နောက်ဆုံးအတည်ဖြစ်သည်။
(၉) အသေးစိတ်အချက်အလက်များအား ဆက်သွယ်မေးမြန်းလိုပါက 900 (ATOM နံပါတ်) နှင့် 09 79000 9000 (အခြားအော်ပရေတာအသုံးပြုသူများ) ကို ခေါ်ဆို မေးမြန်းနိုင်ပါသည်။ email – [email protected] ကိုလည်း ဆက်သွယ်နိုင်ပါသည်။