QR ကုဒ် တစ်ခုတည်းနဲ့ Digital Wallet အမျိုးမျိုးနှင့် mobile banking များမှ ငွေပေးချေမှုများကို လက်ခံနိုင်မယ့် MMQR ဝန်ဆောင်မှုကို Wave မှာ ရယူ အသုံးပြုနိုင်ပါပြီ။ MMQR က သင့်ရဲ့ ငွေလက်ခံမှုလုပ်ငန်းစဉ်တိုင်းကို ပို၍ရိုးရှင်း လွယ်ကူမြန်ဆန်စေပြီး သုံးစွဲသူများအတွက်လည်း ပိုမိုအဆင်ပြေစေတဲ့ ငွေသားမဲ့ငွေပေးချေမှုတွေကို ပြုလုပ်နိုင်စေမှာ ဖြစ်ပါတယ်။သင့်ရဲ့ ငွေလက်ခံမှုလုပ်ငန်းစဉ်များ ချော့မွေ့ပြီး လုပ်ငန်းတွင်ကျယ် တိုးတက်စေဖို့ Wave Money နဲ့ အခုပဲ ချိတ်ဆက်လိုက်ပါ။
Wave App ထဲရှိ Wave Zay Sine မှတစ်ဆင့် MMQR ငွေပေးချေမှုများကို လက်ခံနိုင်သည့် MMQR အရောင်းဆိုင်ရှင်ဖြစ်ရန် လွယ်ကူမြန်ဆန်စွာလျှောက်ထားနိုင်ပါပြီ။
Service
ငွေလက်ခံမှုမှတ်တမ်းတွေကို အချိန်နှင့်တပြေးညီ စောင့်ကြည့်နိုင်ပြီး ငွေအဝင်၊အထွက်နှင့် ငွေပေးချေမှုစာရင်း အပြည့်အစုံကို ဝန်ဆောင်ခ ထပ်ဆောင်းပေးစရာမလိုဘဲ လွယ်ကူစွာ ဝင်ရောက်စစ်ဆေး ကြည့်ရှုနိုင်ပါတယ်။
Service
ဝန်ဆောင်မှုများနှင့်ပတ်သက်၍ Merchant များ သိလိုသည်များ၊မေးခွန်းများနှင့် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများအတွက် အချိန်တိုင်း ကူညီ ဖြေကြားပေးပါတယ်။
Service
ငွေကြေးလိမ်လည်မှုဆိုင်ရာ ခိုင်မာအားကောင်းသော ခြေရာခံစနစ်များပါရှိသည့်အတွက် ငွေလွှဲလုပ်ငန်းစဉ်များကို လုံခြုံမှုရှိစေပါတယ်။
Service
MMQR စနစ်ထည့်သွင်းခြင်း၊ အသုံးပြုခြင်းတို့အတွက် အထောက်အကူဖြစ်စေမယ့် အရင်းအမြစ်များ၊ လမ်းညွှန်ချက်များနဲ့ Wave ရဲ့ ထုတ်ကုန်များအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် လေ့ကျင့်သင်ကြားပေးပါတယ်။
သင့်အနေနဲ့ Wave Merchant Appကို အမြန်ဆုံးနဲ့ Download ခလုတ်မှ ပြုလုပ်နိုင်ပါတယ်။ Google Play Store ဖြစ်ဖြစ်၊ Apple App Store ဖြစ်ဖြစ်၊ App နာမည်ကို ရိုက်ထည့်ပြီး ရှာဖွေကာ Download လုပ်နိုင်ပါတယ်။

Wavemoney © 2026. All rights reserved.Developed by B360