ယုံကြည်မှုနှင့် တူညီသော ရည်မှန်းချက်များကို အခြေခံ၍ ရိုးမဘဏ်နှင့် Wave Wallet တို့သည် လုံခြုံစိတ်ချရပြီး ချိတ်ဆက်မှု ပိုမိုအားကောင်းသည့် ဒီဂျစ်တယ် ဘဏ္ဍာရေးဂေဟစနစ်တစ်ခုကို မြန်မာနိုင်ငံတွင် အတူတကွ တည်ဆောက်လျက်ရှိပါသည်။ ရိုးမဘဏ်သည် Wave ၏ မိတ်ဖက်ဘဏ် (Partner Bank of Wave) အဖြစ်လည်းကောင်း၊ Wave သည် ရိုးမဘဏ်၏ မိတ်ဖက် (Partner Wallet of Yoma Bank) အဖြစ်လည်းကောင်း လက်တွဲဆောင်ရွက်လျက်ရှိပြီး နှစ်ဖက်၏ စွမ်းဆောင်ရည် အားသာချက်များကို ပေါင်းစပ်ကာ ယုံကြည်စိတ်ချရသော ဒီဂျစ်တယ် ငွေရေးကြေးရေးဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိပါသည်။ ကျွန်ုပ်တို့၏ ခိုင်မာသော မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ထိရောက်သော ငွေကြေးစီမံခန့်ခွဲမှု နည်းလမ်းများနှင့် အသုံးဝင်သော ငွေကြေးလုံခြုံရေးဆိုင်ရာ အသိပညာများကို မြှင့်တင်ပေးရင်း လူတစ်ဦးချင်းစီနှင့် စီးပွားရေးလုပ်ငန်းများ၏ လျှောက်လှမ်းရာ လမ်းကြောင်းတိုင်းတွင် အစဉ်တစိုက် ပံ့ပိုးကူညီပေးလျက် ရှိပါသည်။









