သတင်းများ
10 Jul, 2026

သုံးစွဲသူများသို့ အရေးကြီးအသိပေးချက် (မျှတစွာသုံးစွဲမှုဆိုင်ရာ ကနဦးဆန်းစစ်လေ့လာရေးကာလ သတ်မှတ်ခြင်း)

ပုံမှန်ကိုယ်ရေးကိုယ်တာအသုံးပြုမှုထက် ကျော်လွန်သော၊ ပုံမှန်မဟုတ်သည့် ငွေလွှဲပြောင်းမှုပုံစံများဖြင့် သုံးစွဲသူတစ်ဦးစီအကြား Wave အကောင့်အား အသုံးပြုနေသည့် များကို ပိုမိုနားလည် သဘောပေါက်နိုင်ရန်အတွက် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ ကနဦးဆန်းစစ်လေ့လာရေးကာလအဖြစ် Wave Money မှ သတ်မှတ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ဝန်ဆောင်ခနှင့် စည်းကမ်းချက်များ သက်ရောက်နိုင်မှုပုံစံ
ဤလေ့လာရေးကာလအတွင်း ပုံမှန်ကိုယ်ရေးကိုယ်တာသုံးစွဲမှုထက် ကျော်လွန်သည်ဟု ယူဆရသော လုပ်ဆောင်ချက်များရှိသည့် အချို့သော သုံးစွဲသူများသည် Wave Money ၏ ဝန်ဆောင်ခကောက်ခံခြင်း အပါအဝင် “မျှတစွာသုံးစွဲမှုဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ” အောက်တွင် အကျုံးဝင်နိုင်ပါသည်။

ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်
Wave Money အနေဖြင့် အဆိုပါ ပုံမှန်ကိုယ်ရေးကိုယ်တာသုံးစွဲမှုထက် ကျော်လွန်ပြီး ပုံမှန်မဟုတ်သော ငွေလွှဲမှုပုံစံများအတွက် ရေရှည်လုပ်ဆောင်မည့် နည်းလမ်းကို မဆုံးဖြတ်မီ၊ သုံးစွဲသူများ၏ ဝန်ဆောင်မှုအသုံးပြုမှုပုံစံများနှင့် မျှတစွာသုံးစွဲမှုဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ၏ ထိရောက်မှုကို ပြန်လည်သုံးသပ်သွားမည် ဖြစ်ပါသည်။ ယင်းစည်းကမ်းသတ်မှတ်ချက်များကို သက်တမ်းတိုးခြင်း၊ ပြင်ဆင်ပြောင်းလဲခြင်း သို့မဟုတ် ဆက်လက်ကျင့်သုံးခြင်းတို့နှင့် ပတ်သက်၍ သင့်လျော်သော ကြိုတင်အသိပေးချက်များကို ထပ်မံထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်။

Wavemoney © 2026. All rights reserved.Developed by B360

chat icon