Wave Money နှင့် Merchantrade တို့ပူးပေါင်း၍ မလေးရှားမှ မြန်မာနိုင်ငံသို့ ငွေလွှဲဝန်ဆောင်မှုများ စတင်မိတ်ဆက်
မြန်မာနိုင်ငံ၏ ဦးဆောင် မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သော Wave Money နှင့် နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုနယ်ပယ်တွင် ဦးဆောင်နေသော Merchantrade တို့သည် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်ကို စတင်လိုက်ပြီး မြန်မာနိုင်ငံသားများအတွက် နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုများကို မိတ်ဆက်လိုက်ပါသည်။
ဤပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် Merchantrade မှ မလေးရှားနိုင်ငံအပါအဝင် အခြားနိုင်ငံများမှ လွှဲပို့လာသော ငွေများကို Wave Wallet အကောင့်သို့ တိုက်ရိုက်လက်ခံနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းရှိ Wave Agent ဆိုင်များတွင်လည်း အလွယ်တကူ ငွေသားထုတ်ယူနိုင်မည်ဖြစ်ပါသည်။
၂၀၂၆ ခုနှစ် မေလ (၁၃) ရက်နေ့မှစတင်၍ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူများအနေဖြင့် မလေးရှားနိုင်ငံမှ Merchantrade ဝန်ဆောင်မှုကို အသုံးပြုကာ ငွေလွှဲများကို ပိုမိုလွယ်ကူ၊ လုံခြုံပြီး မြန်ဆန်စွာ လက်ခံနိုင်တော့မည်ဖြစ်ပါသည်။ အထူးသဖြင့် ပြည်ပတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများ၏ မိသားစုများအတွက် ပိုမိုအဆင်ပြေလွယ်ကူစေမည့် ဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။
ဝန်ဆောင်မှုမိတ်ဆက် အထူးအစီအစဉ်
ဝန်ဆောင်မှုစတင်မိတ်ဆက်ခြင်း အထိမ်းအမှတ်အဖြစ် ငွေလက်ခံသူများအနေဖြင့် နီးစပ်ရာ Wave Agent ဆိုင်များတွင် လွှဲပို့လာသော ငွေပမာဏအတိုင်း ငွေလွှဲလျှို့ဝှက်နံပါတ်ဖြင့် (၄၅) ရက်အတွင်း “နိုင်ငံတကာငွေလွှဲ” ဟု ပြောဆိုကာ ဝန်ဆောင်ခအခမဲ့ဖြင့် ငွေထုတ်ယူနိုင်မည်ဖြစ်ပါသည်။
ငွေလက်ခံနိုင်သည့် နည်းလမ်းများ
ဤပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် မြန်မာနိုင်ငံရှိ မိသားစုဝင်များအနေဖြင့် မလေးရှားနိုင်ငံမှ လွှဲပို့လာသော ငွေများကို မိမိတို့အဆင်ပြေရာ အောက်ပါနည်းလမ်းများဖြင့် လက်ခံနိုင်မည်ဖြစ်ပါသည်။
- Wave Wallet အကောင့်များသို့ တိုက်ရိုက်ငွေလွှဲလက်ခံနိုင်ခြင်း
- မြန်မာနိုင်ငံတစ်ဝှမ်းရှိ Wave Agent ဆိုင်များတွင် အလွယ်တကူ ငွေသားထုတ်ယူနိုင်ခြင်း
Wave Money ၏ မြန်မာနိုင်ငံတစ်ဝှမ်း ကျယ်ပြန့်သော ဝန်ဆောင်မှုကွန်ရက်နှင့် Merchantrade ၏ မလေးရှားနိုင်ငံတစ်ဝှမ်းရှိ ဝန်ဆောင်မှုကွန်ရက်တို့၏ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကြောင့် သုံးစွဲသူများအတွက် လွယ်ကူပြီး ယုံကြည်စိတ်ချရသော ငွေလွှဲအတွေ့အကြုံကို ပေးစွမ်းနိုင်မည်ဖြစ်ပါသည်။
မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ယုံကြည်စိတ်ချရသော ငွေလွှဲဝန်ဆောင်မှု
Merchantrade သည် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ယုံကြည်စိတ်ချရသော ငွေလွှဲဝန်ဆောင်မှုများကို ပံ့ပိုးပေးနေသော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ ယခု မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် Wave Money အသုံးပြုသူများအနေဖြင့် အောက်ပါ အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါသည်။
- မလေးရှားနိုင်ငံမှ ငွေလွှဲများကို ပိုမိုမြန်ဆန်စွာ လက်ခံရရှိနိုင်ခြင်း
- လုံခြုံစိတ်ချရပြီး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ငွေလွှဲပို့နိုင်ခြင်း
- Wave Wallet အကောင့်များသို့ တိုက်ရိုက်ငွေလွှဲလက်ခံနိုင်ခြင်း
- Wave Agent ဆိုင်များတွင် အလွယ်တကူ ငွေသားထုတ်ယူနိုင်ခြင်း
ဤပူးပေါင်းဆောင်ရွက်မှုသည် Wave Money ၏ FinTech နယ်ပယ်တွင် ဦးဆောင်နိုင်မှုကို ပိုမိုခိုင်မာအားကောင်းစေသည့်အပြင်၊ လုံခြုံစိတ်ချရပြီး လူတိုင်းလက်လှမ်းမီနိုင်သော ဘဏ္ဍာရေးဝန်ဆောင်မှုများမှတစ်ဆင့် ပြည်သူများ၏ နေ့စဉ်လူနေမှုဘဝကို ပိုမိုအဆင်ပြေစေရန် ရည်ရွယ်ထားသော ၎င်း၏ မျှော်မှန်းချက်နှင့်လည်း ကိုက်ညီပါသည်။
Wave Money အကြောင်း
Wave Money သည် မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ရှေ့တန်းမှဦးဆောင်နေသော မိုဘိုင်းငွေကြေးဝန်ဆောင်မှုကုမ္ပဏီဖြစ်ပြီး ငွေလွှဲခြင်း၊ ငွေထုတ်ခြင်း၊ ငွေပေးချေမှုများ၊ ဘီလ်ပေးချေမှုများနှင့် အခြားသော ငွေကြေးဝန်ဆောင်မှုများကို လုံခြုံစိတ်ချရပြီး လွယ်ကူလျင်မြန်စွာ အသုံးပြုနိုင်စေရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။ နိုင်ငံတစ်ဝှမ်းရှိ Wave Agent ဆိုင်ပေါင်း ၆၁,၀၀၀ ကျော်မှတစ်ဆင့် မြန်မာနိုင်ငံသားများ၏ ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှု ရယူသုံးစွဲပုံကို ခေတ်မီတိုးတက်အောင် ပြောင်းလဲပေးနိုင်ခဲ့ပါသည်။
Merchantrade အကြောင်း
Merchantrade သည် ဒီဂျစ်တယ် P2P ငွေလွှဲဝန်ဆောင်မှုများကို ပံ့ပိုးပေးနေသော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ ကမ္ဘာတစ်ဝှမ်းတွင် အကျယ်ပြန့်ဆုံး ငွေလွှဲကွန်ရက်များထဲမှ တစ်ခုဖြစ်သော Merchantrade သည် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ငွေများကို မြန်ဆန်လုံခြုံစွာ လွှဲပြောင်းနိုင်စေရန် မိသားစုများနှင့် လူတစ်ဦးချင်းစီအတွက် ယုံကြည်စိတ်ချရသော ဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက်ရှိပါသည်။
