“မြန်မာနိုင်ငံရှိ မိသားစုနှင့် မိတ်ဆွေများဆီငွေလွှဲဖို့ Wave ရဲ့ သင်္ကြန် Special Cashback အစီအစဉ်”
၁။ ပရိုမိုးရှင်းအသေးစိတ်
(က) ကမ်ပိန်းကာလ – ၂၀၂၆ ခုနှစ် မတ်လ ၂၃ ရက်မှ ၂၀၂၆ ခုနှစ် ဧပြီလ ၃၀ ရက်အထိ
(ခ) ပါဝင်ခွင့်ရှိသူများ – Wave Pay အသုံးပြုသူများအားလုံး ဤအစီအစဉ်တွင် ပါဝင်နိုင်ပါသည်။
(ဂ) လုပ်ဆောင်ရမည့်နည်းလမ်း – ကမ်ပိန်းကာလအတွင်း MoneyGram (သို့မဟုတ်) Dee Money အပြည်ပြည်ဆိုင်ရာငွေလွှဲဝန်ဆောင်မှုများ အသုံးပြုပြီး မိမိ၏ Wave Pay ထံသို့ ပမာဏ ၅၀,၀၀၀ ကျပ် နှင့်အထက် ငွေလွှဲရမည်။
(ဃ) အကျိုးခံစားခွင့် – ၅၀,၀၀၀ ကျပ် နှင့်အထက် လုပ်ငန်းစဉ်တစ်ကြောင်းတိုင်းအတွက် အဆိုပါ Wave Pay အကောင့်သို့ ၂,၀၀၀ ကျပ် Cashback ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။
မှတ်ချက် – Cashback အား ဖော်ပြပါ စည်းမျဉ်းစည်းကမ်းများနှင့်ကိုက်ညီသည့် ငွေလွှဲလုပ်ငန်းစဉ်လက်ခံရရှိပြီး နောက်တစ်နေ့တွင် Wave Pay အကောင့်ထဲသို့ ထည့်သွင်းပေးသွားမည်ဖြစ်သည်။
(င) သတ်မှတ်ချက် – အထက်ပါ (ဂ) တွင် ဖော်ပြထားသည့်အတိုင်း ကမ်ပိန်းကာလအတွင်း ပြုလုပ်ထားသော ငွေလွှဲများသာ ဤအစီအစဉ်အတွက် အကျူံးဝင်မည်ဖြစ်သည်။
၂။ အခြားစည်းကမ်းချက်များနှင့် သတ်မှတ်ချက်များ
(က) ဆုကြေးကို တိုက်ရိုက်ပေးအပ်မည်ဖြစ်ပြီး ကြားခံတစ်စုံတစ်ရာ၊ ညှိနှိုင်းမှု၊ ငွေသားအဖြစ် ပြောင်းလဲခြင်းတို့ကို ခွင့်မပြုပါ။ စည်းကမ်းချက်များနှင့် မကိုက်ညီသော ပါဝင်သူများအား Wave Money မှ ပယ်ဖျက်ခွင့်ရှိပါသည်။
(ခ) နိုင်ငံအလိုက် ဥပဒေအရ ဤအစီအစဉ်တွင် ပါဝင်ရန် တားမြစ်ထားသူများသည် ပါဝင်ခွင့်မရှိပါ။
(ဂ) ဤအစီအစဉ်တွင် ပါဝင်ရန် အခကြေးငွေမရှိပါ။ Wave Money Call Center သို့မဟုတ် ဝန်ဆောင်မှုပေးသူများသည် အသုံးပြုသူများထံမှ PIN သို့မဟုတ် OTP မတောင်းဆိုပါ။ ထိုသို့သော တောင်းဆိုမှုများအား မတုံ့ပြန်ရန် အကြံပြုပါသည်
(ဃ) ပါဝင်သူများမှ မျှဝေထားသော ပုံရိပ်များ၊ ဗီဒီယိုများ၊ စာသားများနှင့် အခြားအကြောင်းအရာများကို Wave Money သည် စီးပွားရေးကြော်ငြာ၊ ပရိုမိုးရှင်း၊ တိုက်ရိုက်ဈေးကွက်ရှာဖွေရေးနှင့် ဒစ်ဂျစ်တယ်မီဒီယာများတွင် အသုံးပြု၊ ပြင်ဆင်၊ ဖြန့်ဝေခွင့်ရှိပါသည်။
(င) Wave Money သည် အကြောင်းကြားခြင်းမရှိဘဲ စည်းကမ်းချက်များကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း သို့မဟုတ် အစားထိုးခြင်း ပြုလုပ်နိုင်ပါသည်။ ဤအစီအစဉ်တွင် ပါဝင်ခြင်းအားဖြင့် ထိုပြောင်းလဲမှုများအားလုံးကို လက်ခံကြောင်းနှင့် အပြီးသတ် ချည်နှောင်မှုရှိကြောင်း သဘောတူသည်ဟု မှတ်ယူမည်ဖြစ်သည်။
(စ) လိမ်လည်မှုဆိုင်ရာ လုပ်ဆောင်ချက်များ သို့မဟုတ် လိမ်လည်မှုပါဝင်သော ငွေလွှဲများ ဖြစ်ပေါ်ပါက ပြန်လည်ပေးအပ်ခြင်း မပြုလုပ်ပါ။
(ဆ) (အထက်ပါအတိုင်း) Wave Money သည် စည်းကမ်းချက်များကို အကြောင်းကြားခြင်းမရှိဘဲ ပြင်ဆင်၊ ဖြည့်စွက် သို့မဟုတ် အစားထိုးနိုင်ပြီး ထိုပြောင်းလဲမှုများသည် အပြီးသတ်နှင့် ချည်နှောင်မှုရှိမည်ဖြစ်သည်။
(ဇ) မည်သည့်အငြင်းပွားမှုမဆို Wave Money ၏ ဆုံးဖြတ်ချက်သည် အပြီးသတ်ဖြစ်ပြီး လိုက်နာရမည်ဖြစ်သည်။ အကောင့်ပိတ်ထားမှုကြောင့် ပြန်လည်ပေးအပ်မှု မပြုလုပ်နိုင်ပါက အသုံးပြုသူသည် လုပ်ငန်းစဉ်ပြုလုပ်သည့်နေ့မှ ၄၅ ရက်အတွင်း Wave Money Customer Care သို့ ဆက်သွယ်နိုင်ပါသည်။ ၄၅ ရက်ကျော်လွန်သော တောင်းဆိုမှုများအား ပြန်လည်ပေးအပ်မည် မဟုတ်ပါ။
(ဈ) အသေးစိတ်သိရှိလိုပါက ၉၀၀ (ATOM) နှင့် ၀၉ ၇၉၀၀၀ ၉၀၀၀ (အခြားအော်ပရေတာများ) သို့ ဆက်သွယ်နိုင်ပါသည်။ Email – [email protected] သို့လည်း ဆက်သွယ်နိုင်ပါသည်။