လက်ရှိအသုံးပြုနေတဲ့ WAVE App တစ်ခုတည်းနဲ့တင် စီးပွားရေးအကောင့်ကိုပါ ပူးတွဲအသုံးပြုနိုင်ပြီ ဖြစ်တာကြောင့် အကောင့်အပြောင်းအလဲလုပ်စရာမလိုဘဲ သင့်လုပ်ငန်းသုံးငွေကြေးများကို လွယ်ကူစွာ စီမံခန့်ခွဲနိုင်ပါပြီ။
WAVE MMQR ဖြင့် ငွေလက်ခံခြင်းရဲ့ အားသာချက်များ
📱 App တစ်ခုတည်းနဲ့ စီမံနိုင်ခြင်း
- လက်ရှိ WAVE App ထဲမှာပဲ Personal Account ရော Business Account ပါ တစ်နေရာတည်းကနေ လွယ်ကူစွာ အသုံးပြုနိုင်ပါတယ်။
💰 တစ်ရက်လျှင် ကျပ်သိန်း ၂၀၀ အထိ ငွေလက်ခံနိုင်ခြင်း
- လုပ်ငန်းအတွက် ငွေပမာဏပိုမိုလက်ခံနိုင်တာကြောင့် Personal Account Limit ပြည့်သွားမှာကို စိုးရိမ်စရာ မလိုတော့ပါဘူး။
📲 MMQR တစ်ခုတည်းနဲ့ Wallet အမျိုးမျိုးမှ ငွေလက်ခံနိုင်ခြင်း
- WAVE အသုံးပြုသူများအပြင် အခြား Mobile Wallet အသုံးပြုသူများဆီကပါ WAVE MMQR တစ်ခုတည်းဖြင့် တိုက်ရိုက်ငွေလက်ခံနိုင်ပါတယ်။
🎁 MDR အခမဲ့ခံစားခွင့် ရရှိနိုင်ခြင်း
- WAVE MMQR ဖြင့် တစ်လလျှင် ကျပ် ၁,၀၀၀ နှင့်အထက် ငွေလက်ခံမှု အနည်းဆုံး ၁၀ ကြိမ် ပြုလုပ်ရုံဖြင့် MDR အခမဲ့ကာလကို ဆက်လက်သက်တမ်းတိုး ခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။
⚡ လွယ်ကူမြန်ဆန်စွာ လျှောက်ထားနိုင်ခြင်း
စာရွက်စာတမ်း ရှုပ်ထွေးမှုများမလိုဘဲ ဖုန်းထဲကနေ ဆိုင်ဓာတ်ပုံရိုက်တင်ပြီး လျှောက်ထားနိုင်ကာ ၇၂ နာရီအတွင်း အတည်ပြုပေးသွားမှာ ဖြစ်ပါတယ်။
သင့်ရဲ့ လက်ရှိ Wave App ထဲကနေ Wave Zay Sine အကောင့်ကို အခုပဲ လွယ်လွယ်ကူကူ လျှောက်ထားပြီး သင့်လုပ်ငန်းငွေလက်ခံမှုကို စတင်လိုက်ပါ။
👉 Wave Zay Sine ကိုယ်တိုင် အကောင့်ဖွင့် လျှောက်ထားရန် လမ်းညွှန် – (Link Wave Zay Sine )
- 👉 Wave Merchant အဖွဲ့မှ အကောင့်ဖွင့်ရန် အကူအညီရယူလိုပါက – Wave Merchant Call Center: ATOM သုံးစွဲသူများအတွက် 9662 (လိုင်းခွဲ – 4) သို့လည်းကောင်း၊ ATOM မဟုတ်သော အခြားဖုန်းသုံးစွဲသူများအတွက် 097 9662 9662သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
