လူပင်ပန်းစရာမလို၊ အချိန်ကုန်စရာမလို၊ ဘဏ်ကိုသွားစရာမလိုဘဲ သင့်ဖုန်းကနေ Yoma Bank Smart အကောင့် နဲ့ WavePay အကောင့်ကို သင်ကိုယ်တိုင် WavePay App အသုံးပြုပြီး ချိတ်ဆက်နိုင်ပါပြီ။ ထိုသို့ချိတ်ဆက်လိုက်ရုံဖြင့် မိုဘိုင်းဖုန်းတစ်ခုတည်းကနေ အွန်လိုင်းမှ ငွေလွှဲ၊ ငွေထုတ်၊ ငွေပေးချေမှုတွေကိုလုပ်နိုင်ရုံသာမက မြန်မာနိုင်ငံတစ်ဝန်းရှိ ၅၇,၀၀၀ ကျော်သော Wave ဆိုင်ကွန်ရက် အပါအဝင် WavePay အက်ပလီကေးရှင်းမှ ဝန်ဆောင်မှုအားလုံးကိုပါ အသုံးပြုနိုင်မည်ဖြစ်သည်။
ချိတ်ဆက်ထားပြီးဖြစ်သော အကောင့်နှစ်ခုအကြား ငွေသွင်း၊ငွေထုတ် စသည့် ငွေလွှဲလုပ်ဆောင်ချက်များအတွက် ဝန်ဆောင်ခမှာ အခမဲ့ဖြစ်သည်။