ဤ မှတ်ပုံတင် သဘောတူညီချက်သည် ဒီဂျစ်တယ် မန်းနီးမြန်မာ (ဤမှနောက်တွင် DMM ဟု ရည်ညွှန်းမည်) နှင့် အသုံးပြုသူတို့  အကြား ဒီဂျစ်တယ် မန်းနီးမြန်မာဧ။် မိုဘိုင်းငွေကြေး ဝန်ဆောင်မှုများ (ဤမှနောက်တွင် ဝန်ဆောင်မှု ဟု ရည်ညွှန်းမည်) ကို အသုံးပြုသူမှ ရယူ အသုံးပြုရန်အတွက် မှတ်ပုံတင်ခြင်း (သို့မဟုတ်) အသုံးပြုရန် ဆောင်ရွက်ခြင်း များအတွက် ချုပ်ဆိုသော သဘောတူညီချက် စာချုပ်ဖြစ်သည်၊၊
က. အဆင့် ၁ ငွေစာရင်းအကောင့် ကို ကောင်တာ မှတစ်ဆင့် ငွေကြေးဝန်ဆာင်မှု အတွက် အသုံးပြုနိုင်ရန် အသုံးပြုသူသည် အဆိုပါ ငွေစာရင်းအကောင့် အတွက် အထောက်အထားစာရွက်စာတမ်း များကို ပြသရန်လိုအပ်မည် ဖြစ်ပြီး (DMM နှင့် CBM တို့ ဧ။် သတ်မှတ်ချက်များအတိုင်း တင်သွင်းရန် လိုအပ်မည်မဟုတ်) ။
ခ. အဆင့် ၂ ငွေစာရင်းအကောင့် ကို အသုံးပြုလိုသူသည် DMM နှင့် CBM တို့ ဧ။် သတ်မှတ်ချက်များနှင့်အညီ လိုအပ်သည့် စာရွက်စာတမ်း များကို DMM သို့  သက်သေခံ အထောက်အထား အနေဖြင့် တင်သွင်းရမည်။
ဂ. ကောင်တာမှတစ်ဆင့်ဝန်ဆောင်မှုများ ကိုအသုံးပြု လိုသူသည် DMM နှင့် CBM တို့ ဧ။် သတ်မှတ်ချက်များနှင့်အညီ လိုအပ်သည့် စာရွက်စာတမ်း များကို DMM သို့  သက်သေခံ အထောက်အထား အနေဖြင့် တင်သွင်း၍ ၄င်း ဧ။် MSISDN နံပါတ် ဖြင့် အသုံးပြုနိုင်သည်။ .
ဃ. အသုံးပြုသူ အနေဖြင့် အဆိုပါ ဝန်ဆောင်မှု တစ်ခုတည်း ကို ဖြစ်စေ သို့ မဟုတ် အားလုံး ကို ဖြစ်စေ အသုံးပြုနိုင်ရန် မြန်မာနိုင်ငံ တွင် အသုံးပြုနေသည့် မိုဘိုင်းဆင်းကဒ် တစ်ခု ရှိရမည်။
က. အသုံးပြုသူသည် မှတ်ပုံတင်ခြင်း ကို မိမိကိုယ်တိုင် ဖြစ်စေ၊ တရားဝင် လုပ်ပိုင်ခွင့် ရရှိသူ POS/ကိုယ်စားလှယ် မှ တစ်ဆင့် ဖြစ်စေ မှတ်ပုံတင် ရမည်။
ခ. အသုံးပြုသူသည် မှတ်ပုံတင်ထားသည့် မိုဘိုင်းငွေကြေးဝန်ဆောင်မှု ငွေစာရင်း အကောင့် ဖြင့် ငွေလွှဲပြောင်းမှု ပြုလုပ်နိုင်ရန် မှတ်ပုံတင် ပြုလုပ်သည့် အချိန်တွင် ကုဒ် နံပါတ် တစ်ခုကို ရွေးချယ်ရမည်။
ဂ. အသုံးပြုသူသည် ရယူလိုသည့် ငွေလွှဲပြောင်းမှု ပြီးမြောက်ရန် အတွက် မိုဘိုင်းငွေကြေးဝန်ဆောင်မှု ငွေစာရင်းအကောင့် တွင် လုံလောက်သည့် ငွေပမာဏ ထားရှိရမည်။ DMM အနေဖြင့် အသုံးပြုသူမှ လုံလောက်သည့် ငွေပမာဏ ထားရှိခြင်း မရှိပဲ ငွေလွှဲပြောင်း ပေးရန် တောင်းဆိုလာမှုအပေါ် ငြင်းဆိုပိုင်ခွင့် ရှိသည်။
ဃ. အသုံးပြုသူ သည် ၄င်းဧ။် ဖုန်း ဆင်းကဒ်ထဲတွင် လုံလောက်သည့် ငွေပမာဏ ဖြည့်ရှိထားရမည်။
က. အသုံးပြုသူသည် ၄င်း ဧ။် PIN နံပါတ်ကို POS/ကိုယ်စားလှယ် နှင့် DMM ကို ကိုယ်စားပြုသူအပါအဝင် မသက်ဆိုင်သူ မည်သူ့ကိုမျှ အသိပေးပြောကြားခြင်း မျိုး မပြုလုပ်ပဲ လျှိ့ ဝှက်စွာထားရှိရမည်။
ခ. အသုံးပြုသူသည် ငွေလွှဲပြောင်းရာတွင် လျှိ့ဝှက်နံပါတ် ကို POS/ကိုယ်စားလှယ် အပါအဝင် အခြားမည်သူ့ ကိုမျှ ထုတ်ဖေါ်ပြောဆိုခြငိးမပြုပဲ လျှိ့ဝှက်စွာ ထားရှိပြီး ငွေလက်ခံထုတ်ယူခွင့်ပြုရန် ရည်ရွယ်သည့်သူ တစ်ဦးတည်း ကိုသာ အသိပေး ပြောဆိုရမည်။
ဂ. အသုံးပြုသူသည် မိုဘိုင်းဖုန်း သို့ မဟုတ် ဖုန်းဆင်းကဒ် ခိုးယူခံရသည့်အခါတွင် ဖုန်းဆင်းကဒ်တွင် မှတ်ပုံတင်ထားသည့် မိုးဘိုင်းငွေစာရင်း အကောင့် ကို ပိတ်ဆို့ နိုင်ရန် DMM သို့  ချက်ချင်း ဆက်သွယ်အကြောင်းကြားရမည်။ မှတ်ပုံတင်ထားသော မိုဘိုင်းငွေစာရင်း အကောင့်သည်ဝင် ရောက်အသုံးပြုနိုင်သည့် နည်းလမ်းတစ်ခု ဖြစ်သောကြောင့် ၄င်းကို ပိတ်ဆို့ ခြင်းအားဖြင့် ဝန်ဆောင်မှုကို ဆိုင်းငံ ထားနိုင်ပြီး၊ ခွင့်ြ့ပုချက်မရှိပဲ ငွေလွှဲပြောင်း မှုများကို ဟန့် တားနိုင်မည်ဖြစ်သည်။
ဃ. အသုံးပြုသူဧ။် PIN နံပါတ်ကို တစ်စုံတစ်ယောက်မှ ရယူ့ပြီး မှတ်ပုံတင်ထားသော မိုဘိုင်းငွေစာရင်းအကောင့် နှင့် ဆင်းကဒ်ကို ဝင်ရောက်အသုံးပြုနိုင်ပါက ထိုသို့ဝင်ရောက် အသုံးပြုနိုင်သူမှာ အသုံးပြုသူ ကိုယ်တိုင် သို့ မဟုတ် ၄င်းဧ။် ခွင့် ပြုချက်ရယူထားသူ မှ ဝင်ရောက် အသုံးပြုနေခြင်း ဖြစ်သည်ဟု မှတ်ယူမည်။
င. အသုံးပြုသူသည် DMM ဧ။် ကြိုတင် သဘောတူညီချက်ကို အတိအလင်း ရယူထားခြင်း မရှိပဲ ဝန်ဆောင်မှုကို အသုံးပြုခြင်း သို့ မဟုတ် ဤ သဘောတူစာချုပ် အရ ရရှိသည့် အခွင့်အရေး နှင့် လိုက်နာရမည့် တာဝန်များကို မည်သည့် နည်းလမ်းနှင့်  မှ စွန့် လွှတ်ခြင်း၊ လွှဲပြောင်း ပေးအပ်ခြင်း သို့ မဟုတ် လွှဲပြောင်းပေးခြင်းမျိုး မပြုလုပ်ရ။
စ. အသုံးပြုသူသည် ငွေကြေးခဝါချမှု နှင့် အကြမ်းဖက် အဖွဲ့ အစည်းများကို ငွေကြေးထောက်ပံ့ ခြင်း အပါအဝင် ထိခိုက်နစ်နာစေသော၊ တရားမဝင်သော၊ လိမ်လည်လှည့်ဖြားလိုသော သို့ မဟုတ် ပြစ်မှုမကင်းသော ရည်ရွယ်ချက်ဖြင့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုကို အသုံးမပြုရ။
ဆ. အသုံးပြုသူသည် မည်သည့်အချိန်တွင်မဆို ၄င်းဧ။် မိုဘိုင်းငွေစာရင်း အကောင့် ကို ရပ်စဲ၍ ဖြစ်စေ၊ မရပ်စဲပဲ ဖြစ်စေ၊ မိုဘိုင်းငွေစာရင်းအကောင့် ရှိ ငွေများကို ငွေသားအဖြစ်သို့  ပြောင်းလဲထုတ်ယူခြင်း၊ သို့ မဟုတ် အကြွေးပေးဆပ်ခြင်း၊ ရွေးနုတ် ယူခြင်းများ ကို ပြုလုပ်ခွင့် ရရှိစေရမည်။ ထိုကဲ့ သို့  ပြုလုပ်ခြင်းများအတွက် အခကြေးငွေ ကို DMM မှ သတ်မှတ်သည့် နှုန်းထားတစ်ခု အရ ပေးဆောင်နိုင်သည်။
က. အသုံးပြုသူမှ မိုဘိုင်းငွေစာရင်းအကောင့် ဖွင့်လှစ်အသူံးပြုနေစဉ် Port-Out မလုပ်မိစေရန် နှင့် Port-Out တောင်းဆိုချက် မပြုလုပ်မီ အဆိုပါအကောင့် ပိတ်ထားဖို့  လိုအပ်ပါသည်။
ခ. MSISDN နံပါတ် ပြောင်းလဲရန် သို့ မဟုတ် ရပ်စဲရန် တောင်းဆိုချက်ကို ခွင့်မပြုပါ။ မိုဘိုင်းငွေစာရင်း အကောင့်ပိတ် ပြီးမှသာ အဆိုပါ တောင်းဆိုချက် ကို ပြုလုပ်နိုင်မည်ဖြစ်သည်။
ဂ. MSISDN နံပါတ် ပိုင်ရှင်အမည် ပြောင်းပေးရန် တောင်းဆိုချက် ကို ခွင့်ပြုမည် မဟုတ်ပါ။ မိုဘိုင်းငွေစာရင်း အကောင့်ပိတ် ပြီးမှသာ အဆိုပါ MSISDN နံပါတ် ပိုင်ရှင် အမည် ပြောင်းပေးရန် တောင်းဆိုချက် ကို ပြုလုပ်နိုင်မည်ဖြစ်သည်။
ဃ. MSISDN နံပါတ် အတွက် ဆင်းကဒ် အစားထိုး အသုံးပြုရာတွင် ငွေစာရင်းအကောင့် PIN နံပါတ် ကို ပြောင်းလဲရမည်။ ငွေစာရင်း အကောင့် ကို အသုံးမပြုနိုင်မှီ Call Centre ကို ဆက်သွယ် ၍ PIN နံပါတ် ပြောင်းပေးရန် တောင်းဆိုနိုင်သည်။
င. အသုံးပြုသူမှ မှတ်ပုံတင်ထားသည့် မိုဘိုင်းငွေစာရင်းအကောင့် ဧ။် MSISDN နံပါတ် ကို ဆက်လက် အသုံးမပြုလိုပါက အဆိုပါ နံပါတ် အသုံးပြုမှုကို ရပ်ဆိုင်းခြင်းမပြုမီ အကောင့်ထဲတွင် ကျန်ရှိနေသေးသော လက်ကျန်ငွေကို ထုတ်ယူထားသင့်ပါသည်။
က. မိုဘိုင်းငွေကြေးဝန်ဆောင်မှုများနှင့် ပက်သက်၍ တိုင်တန်းချက်များကို DMM သို့ စာဖြင့်ရေးသား၍ ဖြစ်စေ၊ မှတ်ပုံတင် ၍ Hotline မှ တစ်ဆင့် ဖြစ်စေ၊ ဆက်သွယ် တိုင်ကြားနိုင်သည်။ DMM မှ ထိုသို့  တိုင် တန်းလာသည့်အပေါ် စစ်ဆေးမှု ပြုလုပ် ပြီး ရုံးဖွင့်ရက် (၅)၇က် အတွင်း ဖြေရှင်း ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။ အဆိုပါ တိုင်တန်းချက်ကို ရုံးဖွင့်ရက် (၅) ရက်အတွင်း ဖြေရှင်း ပေးနိုင်ခြင်း မရှိခဲ့ပါက DMM မှ အသုံးပြုသူ သို့  ဖြစ်ပေါ်ရသည့် အကြောင်းရင်းကို အသိပေးပြီး နောက်ထပ် ရုံးဖွင့်ရက် (၁၀) ရက် အတွင်း အဆိုပါ တိုင်တန်းချက်ကို ဖြေရှင်း ပေးပါမည်။
ခ. အသုံးပြုသူအား တိုင်တန်းမှု အပေါ် အရေးယူ ဆောင်ရွက်မှု တိုးတက်မှု ဖြစ်စဉ် နှင့် စပ်လျဉ်း၍ ဆက်လက် စုံစမ်း သိရှိနိုင်ရန် တိုင်းတန်ချက် စာအမှတ် နှင့် အခြား သက်ဆိုင်သည့် စာရွက်စာတမ်းများကို ပေးပို့ မည်ဖြစ်ပါသည်။
ဂ. အသုံးပြုသူမှ တိုင်တန်းချက်နှင့် ပက်သက်ပြီး ဖြေရှင်း ဆုံးဖြတ်ချက်အား ကျေနပ်မှု မရှိပါက DMM ဧ။် စီနီယာ ကိုယ်စားလှယ်များ မှ အဆိုပါ ဖြေရှင်းဆုံးဖြတ်ချက်အပေါ် ဆက်လက် စစ်ဆေးပေးရန် တောင်းဆိုပိုင်ခွင့်  ရရှိစေမည်။
က. အသုံးပြုသူမှ ၄င်းဧ။် မိုဘိုင်းငွေစာရင်းအကောင့် ကို မသင်္ကာ ဖြစ်ဖွယ်ရာ သို့ မဟုတ် ခွင့်ပြုချက် မရှိပဲ အသုံးပြုခံရခြင်းဧ။် သားကောင် ဖြစ်နေရကြောင်း ယုံကြည်ရန် ဖြစ်နိုင်သည့်အကြောင်းရင်းရှိပါက ထိုကိစ္စကို အနီးဆုံး POS/ကိုယ်စားလှယ်မှတစ်ဆင့် DMM သို့ ချက်ချင်းအကြောင်းကြားရမည်။ ထိုကိစ္စကို DMM Hotline သို့  နုတ်ဖြင့် ဖြစ်စေ၊ စာဖြင့် ဖြစ်စေ သတင်း အကြောင်းကြား ရေးသား ပေးပို့ ရမည်။
ခ အသုံးပြုသူသည် သက်ဆိုင်ရာ အာဏာပိုင် နှင့် DMM တို့  မှ စွပ်စွဲထားသည့် လိမ်လည်မှု အစီရင်ခံစာ နှင့် ပက်သက်သည့် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရာတွင် ပူးပေါင်းပါဝင်ရမည်။
ဂ. စစ်ဆေးမေးမြန်းချက်အရ အာဏာပိုင် နှင့် DMM တို့  မှ အသုံးပြုသူ အနေဖြင့် မှားယွင်းမှု သို့ မဟုတ် ပေါ့ လျော့မှု တစ်စုံတစ်ရာ ပြုလုပ်ခဲ့ခြင်း မရှိသလို၊ DMM မှ ဝန်ဆောင်မှု နှင့်ပက်သက်သည့် လုံခြုံမှု နှင့် လုံခြုံရေး ဆိုင်ရာလိုက်နာရမည့် အချက်များကို လိုက်နာမှုရှိခဲ့သော်လည်း လိမ်လည်မှု ကျူးလွန် ရှိခဲ့ကြောင်း တွေ့ ရှိရပါက DMM အနေဖြင့် ၄င်းဧ။် ကိုယ်ပိုင် ဆုံးဖြတ်ချက် အရ အဆိုပါ လိမ်လည်မှု ကြောင့် ဖြစ်ပေါ်ခဲ့သည့် မည်သည့် ဆုံးရှုံးမှုအတွက်မဆို ငွေပြန်လျော်ပေးနိုင်သည်။
ဃ. အသုံးပြုသူသည် DMM အနေဖြင့် လိမ်လည်မှု၊ ငွေကြေးခဝါချမှု သို့ မဟုတ် အကြမ်းဖက်အဖွဲ့ အစည်းများသို့  ငွေကြေးထောက်ပံ့မှုများ သို့ မဟုတ် မြန်မာနိုင်ငံ ဥပဒေ သို့ မဟုတ် အခြားနိုင်ငံ ဥပဒေ ကိုလိုက်နာရန် နှင့် ပက်သက်သည့် ကိစ္စများကို ကိုင်တွယ် ဖြေရှင်းနိုင်ရန် လိုအပ်သည့် သတင်းအချက်အလက် အားလုံးကို DMM ကို ပေးရမည်။
အသုံးပြုသူမှ သဘောတူသည်မှာ DMMသည် အသုံးပြု သူနှင့်ပက်သက်သည့့်မည်သည့် သတင်းအချက် အလက်ကိုမဆို ဆက်စပ်ကုမ္ပဏီ သို့ မဟုတ် အစုစပ်အဖွဲ့ အစည်း၊ ဥပဒေ စိုးမိုးရေးအဖွဲ့ အစည်း၊ စည်းမျဉ်းစည်းကမ်းအေဂျင်စီ သို့ မဟုတ် မြန်မာနိုင်ငံ သို့ မဟုတ် အခြားနိုင်ငံ ရှိ တရားရုံးများက ဥပဒေနှင့် အညီ လိုအပ်ချက်အရ တောင်းဆိုသည့်အပေါ် ထုတ်ဖေါ်ပြောဆိုနိုင်သည်။
က. DMM သည် အသုံးပြုသူသို့  ဝန်ဆောင်မှု ပေးရမည်။ ထိုသို့ ပေးရာတွင် ၄င်းဧ။် စွမ်းဆောင်နိုင်မှု ထက် ကျော်လွန်သည့် နည်းပညာအခက်အခဲ ကြုံတွေ့ ရချိန် မှတပါး ဝန်ဆောင်မှုကို အချိန်ပြည့် ပေးရမည်။
ခ. DMM သည် အောက်တွင် ဖေါ်ပြပါရှိသည့် အပိုဒ်- ၄ နှင့်အညီ မိုဘိုင်းငွေစာရင်းအကောင့် ကို ဆိုင်းငံ့ခြင်း သို့ မဟုတ် ပိတ်သိမ်းခြင်း ပြုလုပ်ခွင့် ရှိသည်။
ဂ. DMM သည် မြန်မာနိုင်ငံတော် ဗဟိုဘဏ် စည်းမျဉ်း သို့ မဟုတ် ၄င်း ဧ။် ပေါ်လစီ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ငွေကြေး လွှဲပြောင်းခြင်း နှင့် ငွေလက်ကျန် ထားရှိမှုတို့ အပေါ် ကန့် သတ်မှုများ ပြုလုပ်ခွင့်ရှိသည်။
ဃ. DMM သည် ဝန်ဆောင်မှု ကို အသုံးပြုခြင်း နှင့် ပက်သက်၍ ဝန်ဆောင်မှု ကိုသော်လည်းကောင်း၊ လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ ကိုသော်လည်းကောင်း၊ အခါအားလျော်စွာ ပြင်ဆင် ပြောင်းလဲ သတ်မှတ်နိုင်သည်။
ထိုသို့  ပြင်ဆင်ပြောင်းလဲ ရာတွင် အသုံးပြုသူသို့ အရေးပါသည့် အကြောင်းအရာများကိုသာ သင့်လျော်သည့် အချိန်အတွင်း အသိပေးသွားမည်ဖြစ်သည်။ အသုံးပြုသူအနေဖြင့် ပြင်ဆင်ပြောင်းလဲ သည့် အကြောင်းအရာများကို သဘောတူညီမှု မရှိပါက ဝန်ဆောင်မှု ကို ရက် (၃၀) အတွင်း ရပ်တန့် နိုင် သည်။
ထိုသို့ ပြင်ဆင် ပြောင်းလဲသည့် အကြောင်းကို လုံလောက်သည့် အသိပေးမှု ပြုလုပ်ပြီးသည့် နောက်ပိုင်း အသုံးပြုသူမှ ဝန်ဆောင်မှုများကို ရက် (၃၀) အတွင်း ဆက်လက် အသုံးပြုခြင်း သို့ မဟုတ် အသုံးပြုသူမှ ထိုရက် (၃၀) ကျော်လွန်သည်အထိ ဝန်ဆောင်မှု အား ဆက်လက် မသုံးစွဲ လိုတော့ကြောင်း DMM သို့  အသိပေးပြောကြားခြင်း မရှိခဲ့ပါက၊ DMM အနေဖြင့် အသုံးပြုသူမှ ဝန်ဆောင်မှု နှင့်ပက်သက်သည့် စည်းကမ်း ပြောင်းလဲ သတ်မှတ်ချက်များ ကို ဖတ်ရှုနားလည်၍ လိုက်နာရန် သဘောတူညီပြီး ဖြစ်သည်ဟု မှတ်ယူမည်။
င. DMM သည် အသုံးပြုသူ ထံသို့ ရံဖန်ရံခါ သတင်းတို (SMS) ပေးပို့  ဆက်သွယ်မှု ပြုလုပ်မည်၊ အဆိုပါ သတင်းတို (SMS) ဧ။် တိကျမှု နှင့် ရောက်ရှိမှုကို DMM မှ တာဝန်ယူမည် မဟုတ်ပါ။ သတ်မှတ်ထားသည့် ဆက်သွယ်ရန် နံပါတ် သို့ မဟုတ် လမ်းကြောင်းကိုသာ အသုံးပြုမည်သာဖြစ်သည်။ ထိုသို့  သတင်းတို (SMS) လက်ခံရရှိမှုနှင့် ပက်သက်၍ နှောင့်နှေးကြန့် ကြာခြင်း သို့ မဟုတ် မရရှိခြင်း ကြောင့် ဖြစ်ပေါ်လာသည့် မည်သည့် ဆုံးရှုံးမှု၊ တောင်းဆိုမှု၊ ကုန်ကျမှု သို့ မဟုတ် နစ်နာမှု အတွက် DMM မှ တာဝန်ယူမည် မဟုတ်ပါ။
စ. DMM မှ မိုဘိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်း လည်ပတ်၊ ဆောင်ရွက်မှု နှင့် စပ်လျည်း ၍ အတိအလင်း ဖြစ်စေ၊ သဘောသက်ရောက်သည့် အနေဖြင့် ဖြစ်စေ မည်သည့် ကိုယ်စားပြုမှု နှင့် အာမခံ ကို မှ မပြုလုပ်ပါ။
DMM သည် အသုံးပြုသူ မှ ၄င်း ဧ။် ရက်ပေါင်း (၆၀) အတွင်း အသုံးပြုခဲ့သည့် ငွေလွှဲပြောင်း မှု မှတ်တမ်းအားလုံး ကို တောင်းဆိုလာပါက အီလက်ထရောနစ် နည်းလမ်း ဖြင့် ဖြစ်စေ၊ စာရွက်စာတမ်း အနေဖြင့်ဖြစ်စေ ပေးရမည်။ အဆိုပါ မှတ်တမ်း ကို DMM ဧ။် Hotline မှတစ်ဆင့် လည်း တောင်းဆိုနိုင်သည်။ DMM သည် အဆိုပါ မှတ်တမ်း တောင်းဆိုမှု အပေါ် အခကြေးငွေ တစ်စုံတစ်ရာ သတ်မှတ်ပိုင်ခွင့် ရှိသည်။
၃.၁ DMM သည် ဝန်ဆောင်မှုများအတွက် ကျသင့် သည့် အခကြေးငွေ ကို အခကြေးငွေနှုန်းထားဇယား ပုံစံ နှင့် အညီ ကောက်ခံ မည် ဖြစ်သည်။ အဆိုပါ အခကြေးငွေနှုန်းထား ဇယား ပုံစံ ကို DMM ဧ။် ဝက်ဘ်ဆိုက် နှင့် POS/ ကိုယ်စားလှယ်များ တည်ရှိရာ နေရာတို့ တွင် အများသိရန် ပြသထားမည်။
၃.၂ DMM သည် ရံဖန်ရံခါ ဝန်ဆောင်ခ ကို ပြောင်းလဲ သတ်မှတ်ပိုင်ခွင့် ရှိသည်။
၃.၃ DMM သည် ကွန်ယက်ချိတ်ဆက်ဝန်ဆောင်မှု ပေးသူ မှ ကောက်ခံနိုင်သည့် အခြား မည်သည့် အခကြေးငွေ ကိုမဆို အသုံးပြုသူ ငွေစာရင်း အကောင့် မှ ကောက်ယူမည်ဖြစ်သည်။
၎.၁ DMM သည် ဤသဘောတူ စာချုပ် နှင့် ဝန်ဆောင်မှု ရယူ အသုံးပြုနေခြင်း ကို မည်သည့်အချိန်တွင် မဆို အောက်ပါ အခြေအနေ များ အရ ရပ်စဲနိုင်သည်၊
က. အသုံးပြုသူသည် ဤသဘောတူ စာချုပ် ပါ အာမခံချက်များ အပါအဝင်၊ စာချုပ်ပါ စည်းကမ်း သတ်မှတ်ချက်များကို ဖေါက်ဖျက် ကျုးလွန်ခဲ့ ခြင်း၊
ခ. အသုံးပြုသူဧ။် ငွေစာရင်းအကောင့် သည် ဤသဘောတူစာချုပ်ဧ။် အပိုဒ် – ၂.၆ အရ စုံစမ်း စစ်ဆေးခံနေရခြင်း၊
ဂ. အသုံးပြုသူသည် မှတ်ပုံတင် ပြုလုပ်ပြီး ရက်ပေါင်း (၃၀) ကျော်လွန်သည့်တိုင် ကနဦး PIN နံပါတ် ကို ပြန်လည်ပြောင်းလဲ ရန် ပျက်ကွက်ခြင်း၊
ဃ. အသုံးပြုသူသည် ကနဦး PIN ကို ပြောင်း လဲပြီးနောက် မည်သည့် ငွေလွှဲပြောင်းမှု မှ ရက်ပေါင်း (၁၈၀) ကျော်လွန်သည့်တိုင် မပြုလုပ်ခြင်း၊
င. အသုံးပြုသူသည် မည်သည့် ငွေလွှဲပြောင်းမှု မှ ရက်ပေါင်း (၁၈၀) ကျော်လွန်သည့်တိုင် ပြုလုပ်ခြင်း မရှိသလို ၄င်းဧ။် ငွေစာရင်းအကောင့်ထဲတွင် ငွေစာရင်း လက်ကျန်မရှိခြင်း၊
၎.၂ DMM သည် အထက်ပါ အပိုဒ် ၄.၁ အရ ဝန်ဆောင် မှုကို ရပ်စဲ ရာတွင် အသုံးပြုသူအား ထိုသို ရပ်စဲ သည့်အကြောင်း ကို (၅) ရက်မှ (၁၀) ရက် အတွင်း SMS ဖြင့်ပေးပို့ အသိပေးပါမည်။ DMM အနေဖြင့် ရပ်စဲရသည့်အကြောင်းရင်းသည် လိမ်လဲမှု သိ့ မဟုတ် အပိုဒ် – ၂.၆ တွင် ပါရှိသည့် အခြားအကြောင်းများကြောင့် ဖြစ်ခဲ့လျင် ဤသဘောတူ စာချုပ် နှင့် ဝန်ဆောင်မှု ပေးခြင်း ကို ရပ်စဲနိုင်သည့်အပြင် သက်ဆိုင်ရာ ဥပဒေ စည်းမျဉ်းစည်းကမ်းများအရ ရရှိနိုင်သော အခွင့်အရေးနှင့် ကုစားနည်းများကို ကျင့်သုံးခွင့်ရှိသည်။
၎.၃ DMM အနေဖြင့် ရက်ပေါင်း (၁၈၀) ကျော်သည့်တိုင် မည်သည့် ငွေလွှဲပြောင်းမှုမှ လုပ်ဆောင်ခြင်းမရှိသည့် non-zero ငွေစာရင်းအကောင့် ကို ပိတ်ဆို့ ၊ ဆိုင်းငံ့ ခြင်းများ ပြုလုပ်ခွင့် ရှိသည်။ အသုံးပြုသူ သည် ငွေစာရင်းအကောင့် မှန်ကန်ကြောင်း စစ်ဆေး နိုင်ရန် လိုအပ်သည့် သတင်းအချက်အလက်များကို ပေးပို့ ပြီးနောက် Call Centre ကို ဆက်သွယ်၍ ၄င်းဧ။် ငွေစာရင်းအကောင့်ကို ပြန်လည် ဖွင့်လှစ်အသုံးပြုနိုင်သည်။
၎.၄ အသုံးပြုသူသည် မည်သည့်အချိန်တွင်မဆို ဝန်ဆောင်မှု ကို ရပ်စဲလိုပါက POS/ကိုယ်စားလှယ် တည်ရှိရာနေရာ မှတဆင့် DMM သို့ အဆိုပါ အသိပေးစာကို စာဖြင့်ရေးသား ၍ဖြစ်စေ၊ DMM Hot line သို့  ခေါ်ဆို၍ ဖြစ်စေ ရပ်စဲနိုင်သည်။
၎.၅ အသုံးပြုသူသည် ဤ သဘောတူစာချုပ် ရပ်စဲပြီးနောက် ပေးရန် ကျန်ရှိသည့် အခကြေးငွေများနှင့် လိုက်နာဆောင်ရွက်ရမည့် တာဝန်များကို ဆက်လက် ပြုလုပ် ပေးရမည်။ DMM သည် အသုံးပြုသူမှ မပေးရသေးသည့် မည်သည့် ငွေလွှြဲေ့ပာင်းမှု အတွက်ဖြစ်စေ၊ သို့ မဟုတ် DMM နှင့် ပြုလုပ်ထားသည့် မည်သည့်ငွေစာရင်း အကောင့် မှ ရရန်ရှိသည့် အခကြေးငွေ အတွက်ဖြစ်စေ ခှုနှိမ်ခွင့် ရှိသည်။
၎.၆ DMM သည် အသုံးပြုသူမှ ၄င်းဧ။် ငွေစာရင်းအကောင့် ကို အသုံးပြုပြီး DMM ဧ။် ကြိုတင် ခွင့်ပြုချက် ရယူခြင်းမရှိပဲ ခွင့်ပြုချက် မရသော ဝန်ဆောင်မှုများကို ရယူအသုံးပြု နေကြောင်းတွေ့ရှိပါက အဆိုပါ အကောင့် ကို ချက်ချင်း ရပ်စဲမည် ဖြစ်ပြီး အသုံးပြုသူ မှ လက်ကျန်ငွေနှင့် ပက်သက်၍ တောင်းဆိုမှု အပေါ် သီးခြား ဖြေရှင်းခွင့် ရရှိမည်။ အသုံးပြုသူ မှ ထိုသို့  ရပ်စဲသည့်ကိစ္စနှင့် လက်ကျန်ငွေ ပြန်လည် တောင်းဆိုရာတွင် သီးခြား ဖြေရှင်း ပေးမည့် ကိစ္စ အကြောင်းရင်းကို DMM Hot line မှတစ်ဆင့် မေးမြန်း စုံစမ်းနိုင်သည်။
၅.၁ အသုံးပြုသူအနေဖြင့် ၄င်းဧ။် ငွေစာရင်း အကောင့် ကို အပိုဒ်- ၄.၁ နှင့်အညီ ရပ်စဲ သို့ မဟုတ် ဆိုင်းငံ့ ခံရပါက DMM သို့ စာဖြင့် ရေးသား ဆက်သွယ်၍ အဆိုပါ ရပ်စဲ သို့ မဟုတ် ဆိုင်းငံ့ ခံရသည့် အကောင့် ကို့ ပြန်လည် ဖွင့်လှစ် ခွင့်ပြု ပေးရန် တောင်းဆို နိုင်သည်။
၅.၂ DMM သည် အသုံးပြုသူမှ အပိုဒ်- ၅.၁ နှင့်အညီ အကောင့် ပြန်ဖွင့် ပေးရန် တောင်းဆိုသည့် အပေါ် အကြောင်းအရာ ကိစ္စ တစ်ခုချင်း အပေါ် မူတည်လျက် အပိုဒ်-၄.၁ အရ အကောင့်ကို ရပ်စဲရန် ဖြစ်ပေါ်စေသည့် အကြောင်းများ ဆက်လက် မတည်ရှိသောအခါ ပြန်လည် သုံးသပ် ၍ ခွင့်ပြု ပေးသွားမည်ဖြစ်သည်။
၆.၁ လျှို့ ဝှက် ကုဒ် နံပါတ် နှင့် PIN နံပါတ် ကို အသုံးပြု၍ အသုံးပြုသူ ဧ။် ငွေစာရင်း အကောင့် ထဲသို့  ခွင့်ပြုချက် မရရှိ သော မည်သည့် ငွေလွှဲပြောင်းမှု ကိုမဆို ပြုလုပ် ခဲ့ရာတွင် ထိုသို့ ပြုလုပ် ခြင်းသည် DMM ဧ။် အမှားကြောင့် သို့ မဟုတ် လုံးဝပေါ့ လျော့မှု ကြောင့် ဟု ထင်ရှားသက်သေ ပြနိုင်ခြင်း မရှိပါက အသုံးပြုသူတွင် ခွင့်ပြုချက် မရရှိ သော ငွေလွှဲပြောင်းမှု များအတွက် ဖြေရှင်းရန် တာဝန် ရှိမည် ဖြစ်သည်။
၆.၂ အသုံးပြုသူသည် ၄င်းဧ။် သဘော ဆန္ဒနှင့်အညီ ဝန်ဆောင်မှု ကို ကိုယ့်တာဝန် ကိုယ်ယူ သည့်အနေဖြင့် ရယူ အသုံးပြုခြင်း ဖြစ်သည်ကို သဘောတူ လက်ခံသည်။ DMM အနေဖြင့် မိမိ ဧ။် အမှား သို့ မဟုတ် လိမ်လည် မှုကြောင့် မဟုတ်ပဲ ဖြစ်ပေါ်လာသည့်  မည်သည့် ဆုံးရှုံး၊ နစ်နာမှုများ အတွက် တာဝန်ယူ ဖြေရှင်း ပေးမည် မဟုတ်ပါ။
၆.၃ ဤ သဘောတူစာချုပ် ပါ စည်းကမ်း သတ်မှတ်ချက် များသည် အသုံးပြုသူသည် DMM ဧ။် ဝန်ဆောင်မှု မှတစ်ဆင့် သက်ဆိုင်ရာ ကြားလူဧ။် စည်းကမ်း သတ်မှတ်ချက် များအရ ကွန်ယက် ပေါ်တွင် ရောင်းချသည့် ကုန်ပစ္စည်း များကို ငွေပေးချေ ဝယ်ယူရာတွင် အသုံးပြုသူ နှင့် ကွန်ယက်ချိတ်ဆက် ပေးသည့် ကြားလူ တို့ အကြား တည်ရှိသည့် မည်သည့် သဘောတူ စာချုပ်ကိုမျှ အစားထိုး ပေးခြင်း မဟုတ်ပါ။
၆.၄ အသုံးပြုသူသည် ၄င်းဧ။် ဆင်းကဒ် ကို ဆက်လက် အသုံးမပြု သည့်အခါ ၄င်းဧ။် E Wallet မှ ပိုက်ဆံ ကို ထုတ်ယူ ထားဖို့ လိုပါသည်။ ထိုသို့  မပြုလုပ်ခဲ့ ပါက ၄င်းဧ။် ပိုက်ဆံ သည် မိုဘိုင်းအော်ပရေတာ မှ တဆင့် အလားတူ MSISDN နံပါတ် အသုံးပြုသူ အသစ်ဧ။် ငွေစာရင်း အကောင့်သို့အလိုအလျောက် လွှဲပြောင်း ရောက်ရှိ သွားမည် ဖြစ်သည်။ DMM သည် အသုံးပြုသူဧ။် ပေါ့ဆမှု ကြောင့် ဖြစ်ပေါ်လာသည့် မည်သည့် နစ်နာဆုံးရှုံးမှု အတွက် မှ တာဝန် ရှိမည် မဟုတ်ပါ။
၆.၅ အသုံးပြုသူသည် ၄င်းဧ။် အကျိုးခံစားခွင့်ရှိသူ သို့ မဟုတ် ၄င်းဧ။် ငွေစာရင်း အကောင့်မှ ငွေလက်ခံသူ အတွက် မှတ်ပုံတင် ပြုလုပ်ရာတွင် မှန်ကန်သည့် သတင်းအချက်အလက် နှင့် ညွန်ကြားချက် ပေးရန်တာဝန် ရှိသည်။
DMM သည် အသုံးပြုသူမှ ၄င်းဧ။် အကျိုးခံစားခွင့်ရှိသူ အဖြစ်လည်းကောင်း၊ ငွေလက်ခံသူ အဖြစ်လည်းကောင်း သတ်မှတ်ရာတွင် သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြုလျက် မှားယွင်းသည့် ငွေပေးချေမှု ပြုလုပ်မှုကြောင့် ဖြစ်ပေါ်လာသည့် မည်သည့် နစ်နာဆုံးရှုံးမှု အတွက် မှ တာဝန်ရှိမည် မဟုတ်ပါ။
DMM သည် ငွေလက်ခံသူ မည်သူမည်ဝါ မှန်ကန်ကြောင်း စစ်ဆေးရန်အတွက် တာဝန် ရှိမည် မဟုတ်ပါ။
DMM သည် အသုံးပြုသူမှ မှားယွင်းစွာ ထပ်ခါထပ်ခါ ငွေပေး ပို့ မှုအတွက် ပြန်လည် ပြင်ဆင်ပေးနိုင်မည်မဟုတ်ပါ။
DMM သည် အသုံးပြုသူ မှ ငွေပေးပို့  မှု အတွက် ဝန်ဆာင်မှု ကို အသုံးပြု ရာတွင် အသုံးပြုသူ ဧ။် ညွှန်ကြားချက် နှင့်အညီ ဆောင်ရွက် ပေးရန်သာ တာဝန် ရှိသည်။
ငွေပေးပို့ ကြောင်း ငွေလက်ခံ ရယူမည့် သူ ထံသို့  အတည်ပြု အကြောင်းကြားစာ ပေးပို့ ခြင်းသည် ငွေလက်ခံ ရယူမည့် သူသည် ငွေကို လက်ခံ ရရှိကြောင်း သို့ မဟုတ် ငွေ ရယူပိုင်ခွင့် ရှိသည်ဟု အာမခံ ကတိပေးခြင်း မဟုတ်ပါ။ DMM သည် မည်သည်ကို မျှ လက်ခံ ဆောင်ရွက်ပေးရန် တာဝန် မရှိပါ။
DMM မှ ဝန်ဆောင်မှုနှင့် ပက်သက်၍ အီးမေး၊ SMS နှင့် အီလက်ထရောနစ် မတ်ဆေ့များ ပေးပို့ ရာ တွင့် နှောင့်နှေး၊ ပျက်ကွက်မှုတို့ ကြောင့် အသုံးပြုသူ နှင့် ကြားလူ တို ခံစားရသည့် တိုက်ရိုက် သို့ မဟုတ် သွယ်ဝိုက် သို့ မဟုတ် နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် မည်သည့် ဆုံးရှုံးမှု၊ ကုန်ကျမှု၊ တောင်းဆိုမှု သို့ မဟုတ် နစ်နာမှု များ အတွက် အသုံးပြုသူမှ DMM ကို လျော်ကြေးတောင်းဆိုခြင်းမပြုရ။
DMM သည် လုပ်ငန်း လည်ပတ် ဝန်ဆောင်နိုင်မှု နှင့်ပက်သက်၍ ဖြစ်စေ သို့ မဟုတ် ပေးပို့ သည့် သတင်း အချက်အလက်ဧ။် တိကျ ခိုင်မာ မှု နှင့်ပက်သက်၍ ဖြစ်စေ မည်သည့် ကိုယ်စား ပြုခြင်း သို့ မဟုတ် အာမခံ ခြင်း ကိုမျှ အတိအလင်း ဖြစ်စေ၊ သက်ရောက်သည့် သဘော အားဖြင့် ဖြစ်စေ မပြုလုပ်ပါ။
၆.၆ အသုံးပြုသူသည် စားသုံးသူ တစ်ယောက် အနေဖြင့် သက်ဆိုင်ရာ ဥပဒေ နှင့် စည်းမျဉ်းဥပဒေ အရ ပေးထားသည့် အခွင့်အရေးကို ရပိုင်ခွင့် ရှိသည်။
DMM သည် အသုံးပြုသူ ဧ။်
၇.၁ ငွေစာရင်းအကောင့် ကို စီမံထိန်းသိမ်း ခြင်း၊ အသုံးပြုသူမှ ပေးပို့သည့် မတ်စ်ဆေ့ များ သို့ မဟုတ် အီမေး၊ စောင့်ကြည့်ဖုန်းခေါ်ဆိုခြင်းများ အပါအဝင် ဝန်ထမ်းများကို လေ့ကျင့်ပေးခြင်း နှင့် Customer Care Activities များ ဆောင်ရွက်ပေးခြင်း
၇.၂ ကွန်ယက်ဧ။် အရည်အသွေး နှင့် လုံခြုံ မှု ကို ထိန်းသိမ်းခြင်း၊ အိုင်တီ နည်းပညာ စနစ် ကို ထိန်းသိမ်း စမ်းသပ်ခြင်း
၇.၃ အသုံးပြုသူ မှ ဖုန်းခေါ်ဆိုခြင်း၊ မတ်ဆေ့ ပေးပို့ လက်ခံ ခြင်း၊ ထိုသို့ ပြုလုပ်သည့်အချိန်တွင် အသုံးပြုသူ တည်ရှိသည့်နေရာ နှင့် ဝင်ရောက် ကြည့်ရှုခဲ့သည့် ကွန်ယက်လိပ်စာများ၊ အသုံးပြုခဲ့သည့် ဝက်ဘ်ဆိုဒ်များ အပါအဝင် ဈေးကွက် ရှာဖွေခြင်း အတွက် အသုံးပြုခဲ့သည့် ဝန်ဆောင်မှုများကို ဆန်းစစ်အကဲဖြတ်ခြင်း
၇.၄ မြန်မာနိုင်ငံ ဥပဒေအရ လိုအပ်ပါက ရဲ နှင် တရားဥပဒေစိုးမိုရေးအာဏာပိုင် များသို့  သတင်းအချက် ပေးပို့ ခြင်း
၇.၅ DMM ဧ။် မိခင်ကုမ္ပဏီ နှင့် လက်အောက်ခံ ကုမ္ပဏီ များဧ။် ကုမ္ပဏီ အတွင်း စီမံခန်ံခွဲရေး နှင့် လုပ်ငန်းလည်ပတ်ရေး အတွက် သို့ မဟုတ် ၄င်းတို့ နှင့် လုပ်ငန်း ပက်သက်သော ဝန်ဆောင်မှု ပေးသူများသို့ ထုတ်ဖေါ်ပြောဆိုခြင်း
၇.၆ အသုံးပြုသူ မှ ကန့် ကွက်ခြင်းမရှိ ပါက ဈေးကွက် သတင်း ပေးပို့ ခြင်း၊ ထိုသို့ ပေးပို့သည့်  မတ်ဆေ့ များတွင် အခြား အဖွဲ့အစည်းများဧ။် ဈေးကွက် ရှာဖွေခြင်းများ ပါဝင် နိုင်သော်လည်း အသုံးပြုသူ အနေဖြင့် ထိုအဖွဲ့အစည်းများကို တာဝန်ခံစေခြင်းမျိုး မပြုလုပ်ပါ။
အသုံးပြုသူအနေဖြင့် DMM မှ ပေးပို့ သည့် မတ်ဆေ့များကို လက်မခံလိုပါက ဝက်ဘ်ဆိုဒ် မှ ဖြစ်စေ၊ ၉၀၀ သို့  တိုက်ရိုက် ခေါ်ဆို၍ ဖြစ်စေ သို့ မဟုတ် ၀၉၇၉၀၀၀၉၀၀၀ သို့  ဖြစ်စေ ခေါ်ဆိုပြောကြား နိုင်သည်။
အသုံးပြုသူ များနှင့် ပက်သက်သည့် အသေးစိပ် အချက်အလက် ကို ပိုမို သိရှိလိုပါက ကျေးဇူးပြု၍ တစ်သီးပုဂ္ဂလဆိုင်ရာ မူဝါဒ ကို ကျွန်တော်တို့ ဧ။် ဝက်ဘ်ဆိုဒ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
၈.၁ DMM သည် မည်သည့် အချိန်တွင်မဆို ဤ သဘောတူစာချုပ်ကို တာဝန် လွှဲပြောင်း ပေးအပ် ပိုင်ခွင့် ရှိသည်။
၈.၂ ဤ သဘောတူစာချုပ်အရ အခွင့်အရေး နှင့် အာဏာများကို ကျင့်သုံးရာတွင် တစ်ဦးဦး ဧ။် နှောင့်နှေး သိုမဟုတ် ပျက်ကွက်မှု သို့ မဟုတ် မသိမှု သို့ မဟုတ် သဘောတူညီမှု သို့ မဟုတ် စည်းကမ်းသတ်မှတ်ချက် တစ်ခုခု ကို ချိုးဖေါက်မှု သို့ မဟုတ် သဘောတူညီချက် တစ်ခုခုကို ချိုးဖေါက်မှု များ ကြောင့် အဆိုပါ အခွင့် အခွင့်အရေး နှင့် အခွင့်အာဏာ များ ကို စွန့် လွတ်သည်ဟု မမှတ်ယူနိုင်သလို၊ အဆိုပါ အခွင့် အခွင့်အရေး နှင့် အခွင့်အာဏာ တစ်ခုတည်း သို့ မဟုတ် အစိတ်အပိုင်း တစ်ခုတည်း ကိုသာ ကျင့် သုံး ခြင်းသည် အခြား မည်သည့် အခွင့်အရေး၊ အာဏာ ဆက်လက် ကျင့်သုံးခြင်း ကို ဟန့်တားခြင်း မရှိစေရ။
၈.၃ ဤသဘောတူစာချုပ် ဧ။် မည်သည့် နေရာတွင်မဆို လိင် ကိုယ်စားပြုသည့် ယောက်ကျား နာမ်စား အသုံးအနှုန်း ဖေါ်ပြချက်သည် အခြားနည်းအားဖြင့် ညွှန်ပြ ထားခြင်း မရှိပါက မိန်းမ နာမ်စား အသုံးအနှုန်း ကိုပါ ရည်ညွှန်း အသုံးပြုသည်ဟု မှတ်ယူရမည်။
၈.၄ ဤ သဘောတူ စာချုပ် နှင့် မိုဘိုင်းငွေကြေး ဝန်ဆောင်မှုများသည် မြန်မာနိုင်ငံ ဥပဒေ နှင့် အညီ ဖြစ်သည်။
-ဒစ်ဂျစ်တယ် ငွေကြေး မြန်မာ
E-mail ကို – care@wavemoney.com.mm
Hotline – 900 သို့မဟုတ် 9790009000