Wave ဆိုင်မှ ငွေလွှဲခြင်း

[ultimate_spacer height=”45″ height_on_tabs=”35″ height_on_tabs_portrait=”35″ height_on_mob_landscape=”20″ height_on_mob=”20″]

WAVE ဆိုင်မှ ငွေလွှဲဖြင့် သင် နှင့် အနီးစပ်ဆုံး Wave ဆိုင် ခွဲမှတဆင့် ငွေပေးပို့လက်ခံနိုင်ပါတယ်။

  • နိုင်ငံသားစိစစ်ရေးကဒ်၊ နိုင်ငံကူးလက်မှတ်၊ ယာဉ်မောင်းလိုင်စင်စသည့်တရားဝင် သက်သေခံကဒ်ပြား ဖြင့်မှတ်ပုံတင်ရန်မလိုဘဲ ငွေလွှဲလုပ်ငန်းကို ဆောင်ရွက်နိုင်ပါသည်။
  • Wave အကောင့်နှင့်သို့မဟုတ် Wave အကောင့်မပါဘဲ မည်သူ့ကိုမဆို ငွေပေးပို့နိုင်ပါတယ်။

[ultimate_spacer height=”10″ height_on_tabs=”10″ height_on_tabs_portrait=”10″ height_on_mob_landscape=”10″ height_on_mob=”10″]

အကျိုး ကျေးဇူးများ

  •  ဘေးကင်း၊ လုံခြုံပြီး စိတ်ချ၊ ယုံကြည်ရမှု
  • သင့်မိုဘိုင်းကိရိယာအသုံးပြုပြီး ၂၄ နာရီ ၁ ပတ်လုံး ရရှိနိုင်သော ၀န်ဆောင်မှု
  • ချက်ချင်းရောက်ရှိသော ငွေလွှဲလုပ်ငန်းစဉ်

  • သင့်တော်သော ၀န်ဆောင်ခနှင့် မြင့်မားသော ငွေလွှဲပမာဏ
  • အချိန်ကုန်ခြင်းမရှိသောကြောင့် မိသားစုနှင့် လုပ်ငန်းခွင်အတွက် ပိုမိုရရှိလာသောအချိန်
  • စာရွက်စာတမ်းကြာမြင့်စွာ ဖြည့်စွက်ရန်မလိုခြင်း

[ultimate_spacer height=”50″ height_on_tabs=”40″ height_on_tabs_portrait=”35″ height_on_mob_landscape=”20″ height_on_mob=”20″]

ဈေးနှုန်း

Wave ဆိုင် မှ Wave ဆိုင် သို့လွှဲပြောင်းခြင်း

Wave ဆိုင်တစ်ဆိုင်သို့သွားရောက်၍ တရားဝင်သက်သေခံကဒ်ပြား (နိုင်ငံသားစိစစ်ရေးကဒ်၊ ယာဉ်မောင်းလိုင်စင်စသည်) ပြသနိုင်သည့်လက်ခံသူထံငွေလွှဲပြောင်းခြင်း
လွှဲငွေပမာဏ (ကျပ်) ဈေးနှုန်း (ကျပ်)
၁ – ၁၀ ၀၀၀ ၄၀၀
၁၀ ၀၀၀ – ၂၅ ၀၀၀ ၇၀၀
၂၅ ၀၀၁-  ၅၀ ၀၀၀ ၁ ၀၀၀
၅၀၀ ၀၀၁ – ၁၀၀ ၀၀၀ ၁ ၅၀၀
၁၀၀ ၀၀၁ – ၁၅၀၀ ၀၀ ၂ ၀၀၀
၁၅၀ ၀၀၁ -၂၀ ၀၀၀၀ ၂ ၅၀၀
၂၀၀ ၀၀၁ -၃၀ ၀၀၀၀ ၃ ၀၀၀
၃၀၀ ၀၀၁ -၄၀ ၀၀၀၀ ၄ ၀၀၀
၄၀၀ ၀၀၁ -၅၀ ၀၀၀၀ ၄ ၅၀၀

Wave ဆိုင် မှ Wave အကောင့်သို့လွှဲပြောင်းခြင်း

Wave ဆိုင်တစ်ဆိုင်သို့သွားရောက်၍ Wave အကောင့်သုံးစွဲသည့်ငွေလက်ခံသူအား ငွေလွှဲပြာင်းခြင်း
လွှဲငွေပမာဏ (ကျပ်) ဈေးနှုန်း (ကျပ်)
၁ – ၁၀ ၀၀၀ ၄၀၀
၁၀ ၀၀၀ – ၂၅ ၀၀၀ ၇၀၀
၂၅ ၀၀၁-  ၅၀ ၀၀၀ ၉၀၀
၅၀၀ ၀၀၁ – ၁၀၀ ၀၀၀ ၁ ၄၀၀
၁၀၀ ၀၀၁ – ၁၅၀၀ ၀၀ ၁ ၈၀၀
၁၅၀ ၀၀၁ -၂၀ ၀၀၀၀ ၂ ၃၀၀
၂၀၀ ၀၀၁ -၃၀ ၀၀၀၀ ၂ ၈၀၀
၃၀၀ ၀၀၁ -၄၀ ၀၀၀၀ ၃ ၅၀၀
၄၀၀ ၀၀၁ -၅၀ ၀၀၀၀ ၄ ၀၀၀
[ultimate_spacer height=”20″]

ငွေလွှဲပြောင်းမှုလက်ခံရရှိခြင်း

သင့်တရားဝင်သက်သေခံကဒ်ပြား (နိုင်ငံသားစိစစ်ရေးလက်မှတ်၊ နိုင်ငံကူးလက်မှတ်၊ ယာဉ်မောင်းလိုင်စင်စသည်) ဖြင့် Wave ဆိုင်မှ ငွေထုတ်ယူခြင်း

ငွေလွဲလက်ခံခြင်း
အခမဲ့

Wave ဆိုင်မှ ငွေလွှဲခြင်း - အကန့်အသတ်များ

  • တစ်နေ့လျှင် ၅ဝဝ,ဝဝဝ ကျပ်အထိ ငွေပေးပို့နိုင်ပါသည်။
  • တစ်နေ့လျှင် ၁,၀ဝဝ,ဝဝဝ ကျပ်အထိ ငွေလက်ခံနိုင်ပါသည်။

အသုံးဝင် အချက်အလက်များ

ငွေပေးပို့သူအတွက်

  • Wave ဆိုင် သို့ ငွေပေးပို့ရန် သွားရောက်တိုင်း သင့် နိုင်ငံသားစိစစ်ရေးကဒ်၊ နိုင်ငံကူးလက်မှတ်၊ ယာဉ်မောင်းလိုင်စင် စသည့် တရားဝင်သက်သေခံကဒ်ပြားတစ်ခု ယူဆောင်လာပါ။
  • နံပါတ် ၆ လုံးပါ ငွေထုတ်ကုဒ်နံပါတ်ကို အမြဲတမ်း သင်ကိုယ်တိုင်ရိုက်သွင်းပါ။
  • အခြားသူများ အလွယ်တကူ မခန့်မှန်းနိုင်သော ဂဏန်း ၆ လုံးပါ ငွေထုတ်ကုဒ်နံပါတ် လုံခြုံရေးအရ အသုံးပြုပေးပါ။
  • ဂဏန်း ၆ လုံးပါ လျှို့ဝှက်ငွေထုတ်ကုဒ်နံပါတ်နှင့် ငွေလွှဲသက်သေခံအမှတ် (Transaction ID) ကို ငွေလက်ခံသူကိုသာ အသိပေးပါ။

ငွေလက်ခံသူအတွက် :

  • Wave ဆိုင် တွင် ငွေသွားရောက်ထုတ်ယူတိုင်း သင့် နိုင်ငံသားစိစစ်ရေးကဒ်၊ နိုင်ငံကူးလက်မှတ်၊ ယာဉ်မောင်းလိုင်စင် စသည့် သက်သေခံကဒ်ပြားတစ်ခု ယူဆောင်လာပါ။
  • ဂဏန်း ၆ လုံးပါ ငွေထုတ်ကုဒ်နံပါတ်ကို သင်ကိုယ်တိုင်သာ ရိုက်ထည့်ပြီး အခြားမည်သူ့ကိုမျှ အသိမပေးပါနှင့်။

Wave ဆိုင် မှ ငွေပေးပို့ခြင်း

အဆင့် ၁

Wave ဆိုင်သို့သွားရောက်ပါ

အဆင့် ၂

အောက်ပါအချက်အလက်များကို Wave ဆိုင် ကိုယ်စားလှယ်ကိုအသိပေးပါ။

  • ငွေပေးပို့သူ၏မိုဘိုင်းဖုန်းနံပါတ်
  • ငွေပေးပို့သူ၏ (နိုင်ငံသား စိစစ်ရေးကဒ်၊ နိုင်ငံကူးလက်မှတ်၊ ယာဉ်မောင်းလိုင်စင်စသည့်) ဓာတ်ပုံပါတရားဝင် သက်သေခံလက်မှတ်တစ်ခု
  • လက်ခံသူ၏မိုဘိုင်းဖုန်းနံပါတ်
  • ငွေလက်ခံသူ၏ (နိုင်ငံသားစိစစ်ရေးကဒ်၊ နိုင်ငံကူးလက်မှတ်၊ ယာဉ်မောင်းလိုင်စင်စသည့်) ဓာတ်ပုံပါ တရားဝင်သက်သေခံ လက်မှတ်တစ်ခု
  • ငွေလွှဲပမာဏ

အဆင့် ၃

ဂဏန်း၆လုံးပါလျှို့ဝှက် ငွေထုတ်ကုဒ်နံပါတ်ကို ရိုက်သွင်းပြီး ထိုငွေထုတ် ကုဒ်နံပါတ်နှင့် ငွေလွှဲသက်သေခံအမှတ်ကို ငွေလက်ခံသူထံအသိပေးပါ။

အဆိုပါဂဏန်း၆လုံးပါ ငွေထုတ်ကုဒ်နံပါတ်ကို ငွေပေးပို့သူက ရိုက်နှိပ်ရမည် ဖြစ်ပြီး၊ Wave ဆိုင် ကိုယ်စားလှယ်က ရိုက်သွင်းခြင်း မပြုရပါ။

Wave ဆိုင် မှ ငွေလက်ခံရယူခြင်း

အဆင့် ၁

Wave ဆိုင်သို့သွားရောက်ပါ

အဆင့် ၂

ငွေလွှဲသက်သေခံ အမှတ်ကို Wave ဆိုင် ကိုယ်စားလှယ်ထံ အသိပေးပါ။ သင့် (နိုင်ငံသားစိစစ်ရေးကဒ်၊ နိုင်ငံကူးလက်မှတ်၊ ယာဉ်မောင်းလိုင်းစင် စသည့်) ရုပ်ပုံပါသော တရားဝင်သက်သေခံ လက်မှတ်တစ်ခုကို ကိုယ်စားလှယ်ထံ ပြသပါ။

အဆင့် ၃

ဂဏန်း၆လုံးပါလျှို့ဝှက် ငွေထုတ်ကုဒ်နံပါတ်ကို ရိုက်ထည့်ပါ။

အဆိုပါဂဏန်း၆လုံးပါ ငွေထုတ်ကုဒ်နံပါတ်ကို ငွေလက်ခံသူက ရိုက်နှိပ်ရမည်ဖြစ်ပြီး၊ Wave ဆိုင် ကိုယ်စားလှယ်က ရိုက်သွင်းခြင်း မပြုရပါ။

ငွေလွှဲစည်းကမ်းသတ်မှတ်ချက်များ နှင့် အခြေအနေများ

Wave ဆိုင်မှ ငွေလွှဲပြောင်းပေးခြင်းဆိုင်ရာ စည်းကမ်းများနှင့်သတ်မှတ်ချက်များ

ရိုးမဘဏ် (“ ဘဏ်” ) မှ တိုက်ရိုက်အားဖြင့် သို့မဟုတ် Wave Money ၏ ကိုယ်စားလှယ်/ ကိုယ်စားလှယ်ခွဲတို့မှတဆင့် Wave ဆိုင်ကိုအသုံးပြု၍ပြုလုပ်သော ငွေလွှဲပြောင်းပေးခြင်းဝန်ဆောင်မှု (“ ငွေလွှဲပြောင်းပေးခြင်း” ) လုပ်ငန်းနှင့် ပတ်သက်ပြီး ကျွန်ုပ်သည် အောက်ဖေါ်ပြပါ စည်းကမ်းများနှင့် သတ်မှတ်ချက်များ (“ စည်းကမ်းများနှင့် သတ်မှတ်ချက်များ” ) နှင့်အညီဖြစ်စေရမည် ဖြစ်ကြောင်းကို သိရှိနားလည်၊ သဘောတူပါသည်။

• ဤစည်းကမ်းများနှင့်သတ်မှတ်ချက်များတွင် ဖေါ်ပြထားသော ငွေလွှဲပြောင်းပေးခြင်းကို အသုံးပြုသောအခါ သို့မဟုတ် ၄င်းကိုအခြားသောသူများအား အသုံးပြုရန်တရားဝင်ခွင့်ပြုသောအခါ ဖော်ပြထားသော စည်းကမ်းများနှင့်သတ်မှတ်ချက်များကို မိမိ ဖတ်ရှုသဘောတူပြီးဖြစ်ပြီး အပြည့်အဝ စည်းနှောင်မှုရှိသည်ကို လက်ခံပါသည်။

• (Over-the-Counter) ငွေလွှဲပြောင်းပေးသူဖြစ်သော မိမိ သည် (နိုင်ငံသားစိစစ်ရေးကတ်ပြား) အစစ်အမှန် နှင့် မူရင်းကို ကိုင်ဆောင်ထားသူဖြစ်ရမည်ဖြစ်ပြီး ၄င်းကို Wave Money သို့မဟုတ် ၄င်း၏ ကိုယ်စားလှယ်/ကိုယ်စားလှယ်ခွဲအားပြသရပါမည်။ ထို့အပြင် မိမိ မှ “ငွေလက်ခံရရှိမည့်သူ’’ ၏ တရားဝင် နှင့်အစစ်အမှန်ဖြစ်သော နိုင်ငံသားစိစစ်ရေးကတ်ပြား၏နံပါတ်ကိုပေးရမည်ကိုလည်း သိရှိနားလည်ပါသည်။

• ငွေလက်ခံရရှိမည့်သူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားနံပါတ် အမှန်ကိုပေးရန်နှင့် အခြားလိုအပ်သော အသေးစိတ်အချက်အလက်များကိုပေးရန် တာဝန်ရှိကြောင်းကိုလည်း သိရှိနားလည်ပါသည်။ ထို့အပြင့် မိမိကြောင့် သို့မဟုတ် အခြားသောပုဂ္ဂိုလ်တစ်စုံတစ်ယောက်က မမှန်ကန်သော သတင်းအချက်အလက် ပေးသောကြောင့် ဖြစ်ပေါ်စေသောဆုံးရှုံးမှု သို့မဟုတ် ပျက်စီးမှုတစ်စုံတစ်ရာအပေါ် ဘဏ်၊ Wave Money နှင့် ၄င်းတို့၏ကိုယ်စားလှယ်/ကိုယ်စားလှယ်ခွဲသည် တာဝန်မရှိစေရပါ။

• ငွေလွှဲပြောင်းပေးမှုအတွက် မိမိကိုယ်တိုင် လျှို့ဝှက်ကုဒ်နံပါတ် (“Passcode”) ကိုရွေးချယ်/ ထည့်သွင်းပေးရန် တာဝန်ရှိပြီး ဘဏ်၊ Wave Money နှင့် ၄င်းတို့၏ ကိုယ်စားလှယ်/ ကိုယ်စားလှယ်ခွဲကို မိမိ၏ကိုယ်စား ရွေးချယ်/ထည့်သွင်းပေးရန် တောင်းဆိုခြင်းပြုမည် မဟုတ်ပါ။ အလွှဲသုံးစားပြုခြင်း သို့မဟုတ် ခွင့်ပြုချက်မရရှိဘဲငွေထုတ်ယူခြင်း တစ်စုံတစ်ရာဖြစ်ပေါ်လာပါက မိမိ၏ တာဝန်သာဖြစ်ပါသည်။

• မိမိရွေးချယ်ထားသော ငွေလွှဲပြောင်းပေးခြင်းဆိုင်ရာ လျှို့ဝှက်ကုဒ်နံပါတ်ကို လျှို့ဝှက်စွာထားရှိရန်နှင့် ပေါက်ကြားမှုမရှိအောင်ထိန်းသိမ်းရန် တာဝန်ရှိပါသည်။ လျှို့ဝှက်ကုဒ်နံပါတ်ကို ငွေလက်ခံရရှိမည့်သူအား အကြောင်းကြားရန် အတွက်ကိုလည်းတာဝန်ရှိပါသည်။ လျှို့ဝှက်ကုဒ်နံပါတ်ကို လုံခြုံမှုမရှိသည့် စာတိုပေးပို့ခြင်း ဝန်ဆောင်မှု(“SMS”)နည်းလမ်းဖြင့် ပေးပို့ခြင်း သို့မဟုတ် အခြားသောနည်းလမ်း တစ်စုံတစ်ရာဖြင့် ပေးပို့ခြင်းမပြုရသည်ကိုလည်း သိရှိနားလည်ပါသည်။ ဘဏ်/Wave Money သို့မဟုတ် ကိုယ်စားလှယ်/ကိုယ်စားလှယ်ခွဲသည် မိမိအား စာတိုပေးပို့ခြင်း ဝန်ဆောင်မှု(SMS) ပုံစံဖြင့် “Transaction ID” အပါအဝင် ငွေလွှဲပြောင်းခြင်းဆိုင်ရာ အချက်အလက် အသေးစိတ်ကိုဖေါ်ပြထားသည့် အီလက်ထရောနစ် လက်ခံရရှိကြောင်းပြေစာပေးခြင်း ရှိမရှိကိုလည်း သေချာစေရန် မိမိတွင် တာဝန်ရှိပါသည်။

• ဘဏ်/ Wave Money သို့မဟုတ် ၄င်း၏ ကိုယ်စားလှယ်/ ကိုယ်စားလှယ်ခွဲက ထိန်းသိမ်းထားရှိသည့် မှတ်တမ်းစာအုပ်တွင် ငွေလွှဲပြောင်းမှုဆိုင်ရာ အသေးစိတ်မှတ်တမ်းပြုရန် ဘဏ်/ Wave Money သို့မဟုတ် ကိုယ်စားလှယ်/ ကိုယ်စားလှယ်ခွဲနှင့်အတူ မိမိမှ အပြည့်အဝပူးပေါင်းဆောင်ရွက်ရန် တာဝန်ရှိပါသည်။

• အကယ်၍ လျှို့ဝှက်ကုဒ်နံပါတ်နှင့်/သို့မဟုတ် ငွေလွှဲပြောင်းခြင်းဆိုင်ရာ အချက်အလက်များ ပေါက်ကြားခြင်း ရှိခဲ့ပါက မိမိသည် Wave Money/ ဘဏ်ကို ချက်ချင်းအကြောင်းကြားပါမည်။ Wave Money/ဘဏ်၏ဝန်ထမ်း သို့မဟုတ် ကိုယ်စားလှယ်/ ကိုယ်စားလှယ်ခွဲက ၄င်း၏မိုဘိုင်းဖုန်းတွင် ထည့်သွင်းသည့် ငွေကိုလက်ခံရယူမည့်သူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားနံပါတ် မှန်ကန်စေရန်အတွက် မိမိတွင် တာဝန်ရှိကြောင်း လက်ခံပါသည်။

• ဤစည်းကမ်းများနှင့်သတ်မှတ်ချက်များအရ မိမိ၏တာဝန်နှင့်ဝတ္တရားများကိုထိန်းသိမ်းရန် ပျက်ကွက်ခဲ့ပါက ဘဏ် သို့မဟုတ် Wave Money တွင် တာဝန်မရှိ ကြောင်းကိုလည်း သဘောတူပါသည်။

• ငွေလွှဲပြောင်းပေးခြင်းဝန်ဆောင်မှုကို အသုံးပြုခြင်းအတွက် ပေးဆောင်ရမည့် လွှဲပြောင်းပေးခအားလုံးနှင့် ငွေလွှဲ ပြောင်းပေးခအပေါ်တွင် သက်ဆိုင်မှုရှိနိုင်သည့် သို့မဟုတ် စည်းကြပ်ခြင်းရှိနိုင်သည့် အခွန်အခ တစ်စုံတရာကိုကျခံရန်နှင့် ပေးဆောင်ရန်ကိုလည်း သဘောတူညီပါသည်။

• Wave Money မူဝါဒအရ ကန့်သတ်ထားသော လွှဲပြောင်းနိုင်သည့် ငွေပမာဏနှင့် အဖိုးအခ ဇယားတို့မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စည်းမျဉ်းများနှင့်အညီ သတ်မှတ်ထားခြင်း ဖြစ်ကြောင်းကို နားလည်သိရှိပါသည်။

• ငွေလွှဲပြောင်းပေးခြင်းဝန်ဆောင်မှုကို အသုံးပြုခြင်းအတွက် မိမိကိုယ်တိုင်တာဝန် ယူပါသည်။ ဘဏ် သို့မဟုတ် Wave Money နှင့် ၄င်း၏ပိုင်ရှင်များ၊ ဒါရိုက်တာများ၊ အရာရှိများ၊ ကိုယ်စားလှယ်များ သို့မဟုတ် ကိုယ်စားလှယ်ခွဲများသည် (ဘဏ် သို့မဟုတ် Wave Money အပိုင်းမှ လွန်စွာပေါ့လျော့ခြင်း သို့မဟုတ် တမင်သက်သက်အကျင့်သိက္ခာပျက်ပြားခြင်းမှပေါ်ပေါက်လာခြင်းမဟုတ်သည့်)၄င်းတို့ကိုယ်တိုင်ကျူးလွန်သည်ဖြစ်စေ သို့မဟုတ် ဆက်စပ်မှုရှိသောသူ ၊ ကိုယ်စားလှယ်၊ ကိုယ်စားလှယ်ခွဲက ကျူးလွန်သည်ဖြစ်စေ လူပုဂ္ဂိုလ်ကပြုလုပ်သောမှားယွင်းမှုများနှင့်/သို့မဟုတ်ပျက်ကွက်မှုတစ်စုံတစ်ရာအတွက်တာဝန်မရှိကြောင်းကိုလည်း သဘောတူပါသည်။ ထိုသို့သဘောတူသည့်အားလျော်စွာ ဘဏ် ၊Wave Money နှင့် ၄င်း၏ပိုင်ရှင်များ၊ ဒါရိုက်တာများ၊ အရာရှိများ၊ ကိုယ်စားလှယ်များ သို့မဟုတ် ကိုယ်စားလှယ်ခွဲများကို မိမိ၏ ဤစည်းကမ်းများနှင့် သတ်မှတ်ချက်များကို ချိုးဖောက်ခြင်းကြောင့် သို့မဟုတ် ငွေလွှဲပြောင်းခြင်း ဝန်ဆောင်မှုကို အသုံးပြုခြင်းမှ ဖြစ်ပေါ်လာသောဆုံးရှုံးမှု သို့မဟုတ် ပါဝင်ပတ်သက်ခြင်း မရှိသောအခြားသူများ (တတိယလူများ) ကပြုလုပ်သော တောင်းဆိုမှုများ၊ ဆုံးရှုံးမှုများ၊ ကုန်ကျစရိတ်များ၊ လျော်ကြေးများနှင့် ကျသင့်သည်များအားလုံး သို့မဟုတ် တစ်ချို့တဝက် (တိုက်ရိုက်၊ အဆွယ်အပွား (incidental)၊ အကျိုးဆက်ဖြစ်သည်နှင့် တိုက်ရိုက်မဟုတ်သော လျော်ကြေးများ အပါအဝင်ဖြစ်သော်လည်း ၄င်းတို့တွင်သာ ကန့်သတ်ထားခြင်းမရှိစေဘဲ) တို့မှ အကာအကွယ်ပေးရန်နှင့် ထိခိုက်မှုမရှိစေရန် ထားရှိမည်ဖြစ်ကြောင်း သဘောတူပါသည်။

• ငွေလက်ခံရရှိမည့်သူအား ငွေပေးပို့ခြင်းကိုအကြောင်းကြားခြင်းသည် ပေးပို့သည့်ငွေကို ၄င်းကလက်ခံရရှိကြောင်း သို့မဟုတ် ငွေကိုရယူသုံးစွဲကြောင်းဟု အခိုင်အမာပြောဆိုခြင်း မဟုတ်ကြောင်းကို သဘောတူညီပါသည်။

• ငွေလက်ခံရရှိမည့်သူသည် ၄င်း၏မူရင်း နိုင်ငံသားစိစစ်ရေးကတ်ပြားနံပါတ်၊ လျှို့ဝှက်ကုဒ်နံပါတ်နှင့် Transaction ID တို့ကို Wave Money/ဘဏ် သို့မဟုတ် အခွင့်ရကိုယ်စားလှယ်၊ ကိုယ်စားလှယ်ခွဲ တစ်စုံတစ်ယောက်ထံ ထုတ်ဖေါ်ပြသနိုင်မှသာလျှင် လွှဲပို့ပေးသောငွေကို ထုတ်ယူနိုင်မည်ဖြစ်ကြောင်းကို လည်းသိရှိပြီးသဘောတူညီပါသည်။

• ကျွန်ပ်သည် ငွေလွှဲပြောင်းပေးခြင်းဝန်ဆောင်မှုကို မြန်မာနိုင်ငံ၏ သက်ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်း သို့မဟုတ် နည်းဥပဒေပါပြဌာန်းချက်များကို ချိုးဖောက်ခြင်းမရှိဘဲ သဘောရိုးဖြင့် အသုံးပြုခြင်းဖြစ်ကြောင်း အာမခံပါသည်။ဤအပိုဒ်တွင်ပါရှိသည့်တင်ပြခြင်းနှင့်အာမခံခြင်းတို့ကိုချိုးဖောက်ခြင်းမှပေါ်ပေါက်လာသော တောင်းဆိုမှုအားလုံးသို့မဟုတ်တစ်စုံတစ်ရာတောင်းဆိုမှုများအပေါ်လျော်ကြေးပေးရမည်ဖြစ်ကြောင်းကို လည်း သဘောတူညီပါသည်။

• ဘဏ်နှင့် Wave Money တို့သည် ဤစည်းကမ်းချက်များနှင့် သတ်မှတ်ချက်များကို အခါအားလျော်စွာ ပြင်ဆင်ခြင်းပြုလုပ်နိုင်ပြီး ထိုပြင်ဆင်ချက်များကို မိမိအား ၄င်းတို့သင့်တော်သည့် နည်းလမ်းဖြင့် အကြောင်းကြားပေးမည်ကို သဘောတူညီပါသည်။

• ငွေလွှဲပြောင်းပေးခြင်း သို့မဟုတ် အခြားသောဝန်ဆောင်မှုများနှင့် သက်ဆိုင်သောသတင်းအချက် အလက်များကိုပေးရန် နှင့်/သို့မဟုတ် ၄င်းကိစ္စရပ်များနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Wave Money မှ အီးမေးလ် (email) ပို့ခြင်း ၊ စာတိုပေးပို့ခြင်း (SMS) နှင့် ဖုန်းခေါ်ဆိုခြင်းတို့အားဖြင့် မိမိအား ဆက်သွယ်ခြင်းပြုရန် သဘောတူပါသည်။

• အကယ်၍ ငွေလွှဲပြောင်းရာတွင် လိမ်လည်လှည့်ဖြားကြောင်း/တရားမဝင်ကြောင်း တွေ့ရှိရသည့်အခါ သို့မဟုတ် သဘောတူညီမှုမရှိသော ကိစ္စတွင် သို့မဟုတ် လက်ခံရရှိမည့်သူသည် Wave Money က သတ်မှတ်ထားသောအချိန်ကာလကျော်လွန်သည့်တိုင်အောင် လာရောက်ထုတ်ယူခြင်းမရှိပါလျှင် Wave Money ၏ ရုံးတွင်း လုပ်ငန်းဆိုင်ရာမူဝါဒနှင့်အညီ ဘဏ်/ Wave Money သည် ငွေလွှဲပြောင်းပေးခြင်းလုပ်ငန်းတစ်စုံတစ်ရာကို ဆိုင်းငံ့ခြင်း၊ ပိတ်ပင်ခြင်း ပြုလုပ်နိုင်ကြောင်း သဘောတူညီပါသည်။

• ဘဏ်/ Wave Money သည် တရားရုံး/ထိန်းချုပ်ကွပ်ကဲမှုအာဏာပိုင်/တရားဥပဒေစိုးမိုးရေးအဖွဲ့ တို့၏ အမိန့်အရ မည်သည့်လုပ်ဆောင်ချက်ကိုမဆို ဆိုင်းငံ့ထားခြင်း၊ ပိတ်ပင်ခြင်းများပြုလုပ်နိုင်သည်ကို သဘောတူညီပါသည်။

• ဘဏ်/ Wave Money သည် မိမိ၏ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များ ၊ သီးခြားအချက်အလက်များ၊ စာရင်းများ၊ ငွေလွှဲပြောင်းခြင်းများ သို့မဟုတ် ဘဏ်/Wave Money နှင့် ဆက်သွယ်လုပ်ကိုင်မှုနှင့် သက်ဆိုင်သည့် မည်သည့်သတင်းအချက်အလက်ကိုမဆို အစိုးရ/ထိန်းချုပ်ကွပ်ကဲမှုအာဏာပိုင်/ တရားဥပဒေစိုးမိုးရေး အဖွဲ့အား ထုတ်ဖေါ်ပြောဆိုရန်လိုအပ်လာသောအခါ သို့မဟုတ် ဘဏ်/ Wave Money က ဥပဒေအရ ထုတ်ဖေါ်ပြောဆိုသင့်သည်ဟု မှတ်ယူသောအခါ မည်သည့်အချိန်တွင်မဆို ထုတ်ဖေါ်ပြောဆိုခွင့်ရှိသည်ကို သဘောတူပါသည်။

• သပိတ်မှောက်ခြင်း၊ စစ်မက်ဖြစ်ပွားခြင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်ခြင်းများ၊ မီးအားမြှင့်စက် သို့မဟုတ် ပစ္စည်းကိရိယာ ပြတ်တောက်ခြင်း သို့မဟုတ် ဘဏ်/ Wave Money ၏ ကျိုးကြောင်းဆီလျော်စွာ ထိန်းချုပ်ခြင်းကိုကျော်လွန်သည့် အခြားသောဖြစ်ရပ်များကြောင့် ဘဏ်/Wave Money အား ငွေလွှဲပြောင်းခြင်း သို့မဟုတ် အခြားသောဝန်ဆောင်မှုများ အပါအဝင် ဝန်ဆောင်မှုတစ်စုံတစ်ရာကိုပေးရာတွင် နှောင့်နှေးစေခြင်း သို့မဟုတ် အတားအဆီးဖြစ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုအပေါ် ဘဏ်/ Wave Money အနေဖြင့် တာဝန်မရှိကြောင်း သိရှိနားလည်ပါသည်။

• ငွေလွှဲပြောင်းရာတွင် တရားဝင်ငွေကြေးကိုအသုံးပြုရန် သဘောတူပါသည်။ အကယ်၍ ငွေကြေးအတုကို သုံးစွဲခြင်းရှိခဲ့ပါက တာဝန်ယူရမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏တည်ဆဲတရားဥပဒေများအရ ပြစ်မှုနှင့် တရားမမှု နှစ်မျိုးစလုံး ဖြင့် အရေးယူဆောင်ရွက်ခြင်းခံရမည်ကို သဘောတူပါသည်။

• မိမိရွေးချယ်ခဲ့သော လျှို့ဝှက်ကုဒ်နံပါတ်ကို မသိကျွမ်းသောသူ သို့မဟုတ် ကိုယ်စားလှယ်၊ ကိုယ်စားလှယ်ခွဲများအား အသိပေးမည်မဟုတ်ကြောင်း အာမခံပါသည်။ အကယ်၍ တစ်စုံတစ်ရာ အလွဲအမှားရှိပါက မိမိထံတွင်သာ တာဝန်အပြည့်အဝ ရှိမည်ဖြစ်ပါသည်။