- Wave အကောင့် ဆိုသည်မှာ သင့် တယ်လီနောဖုန်းနံပါတ်ဖြင့် ချိတ်ဆက်ထားသော Account တစ်ခုဖြစ်ပြီး၊ မည်သည့်အချိန်နှင့် နေရာတွင်မဆို သင့်ငွေကို ပေးသွင်း၊ လွှဲပြောင်းပေးနိုင်သော ၀န်ဆောင်မှုတစ်ခု ဖြစ်ပါသည်။
- သင့် Wave အကောင့် မှ ငွေကြေးထုတ်ယူခြင်း၊ သို့မဟုတ် ပေးသွင်းခြင်းတို့ကို နီးစပ်ရာ Wave ဆိုင် သို့ သွားရုံဖြင့် အလွယ်တကူ ပြုလုပ်နိုင်ပါသည်။ ထို့ပြင် အခြားဝန်ဆောင်မှုများအားလုံးကိုလည်း မည်သည့်မိုဘိုင်းဖုန်းမှမဆို ၀င်ရောက်နိုင်ပါသည်။
- ငွေကြေးအသွင်းအထုတ်အားလုံးကို လျှို့ဝှက် PIN နံပါတ်ဖြင့် ကာကွယ်ထားပါသည်။
- သင့် မိသားစုဝင်နှင့် မိတ်ဆွေများထံတွင် ကိုယ်ပိုင် Wave အကောင့် တစ်ခု မရှိသည့်တိုင် Wave ဆိုင်မှတဆင့် ငွေပေးပို့လက်ခံနိုင်မည်ဖြစ်ပါသည်။