သုံးစွဲသူတို့ ထင်မြင်ချက်

“ကျွန်မနာမည်က လဲ့လဲ့သော်ပါ။ ဇာတိကတော့ ညောင်ဦးမြို့နယ် စဉ့်ကူရွာကပါ။ ရန်ကုန်ကိုပြောင်းလာတာ ရ နှစ်လောက်ရှိပြီ။ မောင်နှမတွေနဲ့ထမင်းဆိုင်လေးဖွင့်ဖို့လေ။ ကိုယ်သုံးဖို့စွဲဖို့၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးအတွက် ပိုက်ဆံဆိုတာအမြဲလိုပါတယ်။ ရွာကအမေ့ဆီကို ဘဏ်ကနေတစ်ဆင့်ငွေလွှဲတာများတယ်။ အမေကျတော့ငွေထုတ်ရတာ နည်းနည်းလှမ်းတာပေါ့၊ ရွာမှာဘဏ်မရှိလို့ချောက်မြို့ကိုသွားရတယ်။ ဆိုင်ကယ်နဲ့ဆိုရင်တော့ ၂၀၀၀ လောက်ကုန်တယ်၊ မိနစ် ၂၀ လောက်ဘဲကြာတယ်။ ကားနဲ့က သိပ်မကုန်ဘူး၊ ၅၀၀ ပဲ ဒါပေမယ့် ၄၅ မိနစ်အချိန်ကုန်တယ်။ လိုက်ပေးမယ့်မွေးချင်းအရင်းမပါရင် သွားထုတ်ရတာတခါတလေကျစိတ်မချဘူးလေ၊ အမေနဲ့ ပိုက်ဆံတွေနဲ့ စိတ်ပူတာပေါ့နော်။ ရွာမှာတင် ငွေထုတ်လို့ရတဲ့နေရာကောင်းကောင်းတစ်ခုရှိမယ်ဆိုရင်တော့ ပိုအဆင်ပြေတာပေါ့။”

လဲ့လဲ့သော်, ထမင်းဆိုင်ပိုင်ရှင်, စဉ့်ကူရွာ

“ကျွန်မနာမည်က မချစ်စုရွှေဖြစ်ပါတယ်။ အလုပ်အကိုင်ကတော့ ကုမ ္ပဏီဝန်ထမ်းတစ်ယောက်ပါ။ လစာထုတ်တာနဲ့ပတ်သက်လို့ ငွေရေးကြေးရေးအခက်အခဲကြုံတွေ့ရလေ့ရှိပါတယ်။ အရင်က လစာထုတ်ရင် လက်မှတ်ထိုးပြီး ငွေသားထုတ်ယူရတာဆိုတော့ လကုန်ရက်ရောက်တိုင်း ဘတ်စ်ကားပေါ်မှာ ခါးပိုက်နှိုက်ခံရမှာတို့၊ နောက်ကနေ တစ်ယောက်ယောက်လိုက်လာမှာတို့ စိတ်ပူရတယ်။ အဲ့ဒီအတွက် မကြာသေးမီကပဲ ကုမ ္ပဏီကလစာကို ငွေသားနဲ့မပေးတော့ဘဲ ATM ကတ်လုပ်ပေးပြီး အကောင့်ထဲကိုထည့်ပေးပါတယ်။ ပိုကောင်းတဲ့နည်းလမ်းဖြစ်ပေမယ့် တခါတလေ ATM စက်တွေပျက်နေတာတို့၊ ကတ်ကထည့်လိုက်ပြီး ပြန်ထွက်မလာတာတို့၊ တစ်ခါတုန်းကဆို ကတ်ထဲကပိုက်ဆံကလျော့သွားပြီး ATM စက်ထဲကတော့ ပိုက်ဆံထွက်မလာတာတို့ ကိုယ့်ပတ်ဝန်းကျင်မှာ ကြားနေတွေ့နေရတယ်လေ။ ကိုယ့်ဖုန်းလေးနဲ့ပဲလစာကိုလက်ခံနိုင်ပြီး ပိုပြီးယုံကြည်အားထားရတဲ့ နေရာတစ်ခုခုကနေ အလုပ်ချိန်ပြင်ပနဲ့ ပိတ်ရက်တွေမှာပါ ငွေထုတ်လို့ရရင်တော့ အကောင်းဆုံးပေါ့ရှင်။”

ချစ်စုရွှေ, ရုံးစာရေး, ရန်ကုန်

“ဦးလေးနာမည်က ဦးတင့်လွင်ဦးပါ။ ဒဂုံမြို့သစ်မြောက်ပိုင်းမှာနေပြီး ရေပိုက်နဲ့ပတ်သက်တဲ့ဝန်ဆောင်မှုတွေလုပ်ကိုင်ပါတယ်။ ကုမ္ပဏီကတော့ ငါးရက်ကိုတစ်ခါလုပ်အားခ ရှင်းပေးတယ်။ အဲ့ဒီထဲကမှ ဘတ်စ်ကားခနဲ့အသေးသုံးတွေကိုချန်ပြီး မိန်းမကိုအားလုံးအပ်ပါတယ်။ ဦးမိန်းမကပဲ နေထိုင်စားသောက်ရေးနဲ့ တခြားကျသင့်ငွေတွေကိုပေးဆောင်ဖို့အတွက် စီမံခန့်ခွဲပေးပါတယ်။ ဦးတို့ရဲ့ငွေကြေးလည်ပတ်မှုက ၅ ရက်စာလောက်ပါပဲ.. နောက်တစ်ခေါက်လုပ်အားခမရခင်အထိပေါ့။ တခါတလေလုပ်အားခရဖို့ နောက်ကျတာတွေကြုံဖူးတယ်။ အဲလိုအခြေအနေမျိုးကျ အပေါင်ဆိုင်သွားပြီး ရှိတဲ့ရွှေလေးဘာလေးသွားပေါင်ရတာပေါ့။ နေ့တိုးနဲ့ပေးရပြီး စျေးကြီးပေမယ့် ရွေးစရာလမ်းမရှိဘူးလေ။ အရင်ကတော့ လတိုင်းငွေနည်းနည်းစီစုဖြစ်တယ်။ မကြာသေးမီကပဲ စုထားတဲ့ပိုက်ဆံနဲ့ မြေကွက်လေးဝယ်ပြီးရင်းနှီးမြှုပ်နှံထားလိုက်တယ်။ ရတဲ့လုပ်အားခနဲ့ လတိုင်းခြစ်ကုပ်စုဆောင်းရတာမလွယ်ပေမယ့် တန်ဖိုးတော့အင်မတန်ရှိပါတယ်။ ”

တင့်လွင်ဦး, ပိုက်ပြင်ဆရာ, ရန်ကုန်

“ကျွန်တော့်နာမည်က မောင်မောင်ဦးပါ၊ မန ္တလေး စက်မှု၂ မှာနေပြီး စိုက်ပျိုးရေးပစ ္စည်းအရောင်းအဝယ်လုပ်ပါတယ်။ ကျွန်တော့်လုပ်ငန်းက နယ်နဲ့ဆက်စပ်ပြီးလုပ်ရတဲ့အတွက် ပိုက်ဆံကို ဘယ်လိုထိထိရောက်ရောက် လွှဲလို့ လက်ခံလို့ရတယ်ဆိုတာအပေါ် အများကြီးမူတည်ပါတယ်။ ခုတော့ ငွေလွှဲဖို့အတွက် ဘဏ်နဲ့ဟွန်ဒီကိုသုံးတယ်၊ တခြား ဘဏ်မရှိတဲ့ တောဘက် နယ်ဘက်တွေအတွက် ဟွန်ဒီကိုတော့ပိုသုံးဖြစ်တယ်။ ဒါပေမယ့် ဟွန်ဒီကစျေးပိုကြီးတယ်၊ ငွေပြတ်သွားလို့ နောက်ရက်မှငွေထုတ်ရတဲ့အခြေအနေမျိုးတွေလည်း ကြုံဖူးပါတယ်။ အမြဲတမ်းလည်း ယုံကြည်စိတ်ချလို့မရဘူး၊ ပိုက်ဆံတွေယူပြီးလိမ်ပြေးသွားတယ် ဘာညာဆိုတဲ့သတင်းတွေလည်းကြားဖူူးထားတာကိုး။ Wave Money နဲ့ဆိုရင်တော့ ကျွန်တော်တို့လို အရောင်းအဝယ်သမားတွေအတွက် ပိုအဆင်ပြေမှာပါ။ ရွာထဲမှာတင် Wave Money ဆိုင်ရှိရုံနဲ့ ငွေလွှဲ ငွေလက်ခံနိုင်တယ်ဆိုတာ အရမ်းကောင်းပါတယ်။ ဆိုင်တွေဆိုတာက စနေ၊ တနင်္ဂနွေ နဲ့ အစိုးရရုံးပိတ်ရက်တွေမှာလည်းဖွင့်တော့ ဘယ်နေရာ ဘယ်အချိန်ဖြစ်ဖြစ် ငွေလွှဲဖို့လွယ်သွားတာပေါ့။ ယုံကြည်စိတ်ချရတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်မယ်လို့လည်း ထင်ပါတယ်။”

မောင်မောင်ဦး, စိုက်ပျိုးရေးပစ္စည်းအရောင်းအဝယ်, မန္တလေး

“ကျွန်တော့်နာမည်က ရဲကိုကိုထက်ပါ၊ အသက်က ၂၂၊ security အလုပ်လုပ်ပြီးတော့ ရန်ကုန် ဗဟန်းမြို့နယ်မှာ အမေနဲ့အတူနေပါတယ်။ လတိုင်းတော့အမေ့ကိုကျွန်တော့်လစာရဲ့ တဝက်ပေးဖြစ်ပါတယ်၊ အဲ့ဒီထဲကမှ အမေကသူ့အတွက်ရော ကျွန်တော့်ရှေ့ရေးအတွက်ပါ နည်းနည်းဆီ ငွေစုပေးထားတာပေါ့။ အမေကကျန်းမာရေးကြောင့်လူများတဲ့နေရာတွေသွားဖို့အဆင်မပြေတော့ ဘဏ်မှာလည်းငွေမစုဖြစ်ဘူး၊ ဘဏ်တွေဆိုတာသူ့အတွက်မဟုတ်ဘူးလို့သတ်မှတ်ထားပုံရတယ်၊ ပိုက်ဆံနည်းနည်းနဲ့ ဘဏ်သွားဖို့လည်း ရှိန်တာပါမှာပေါ့၊၊ အဲဒါကြောင့်အိမ်မှာဘဲစုပြီး ပိုက်ဆံပွားလာအောင် တခါတလေမှာ ငွေလိုတဲ့သူတွေအတွက် အတိုးနဲ့ချေးပါတယ်။ ဒါပေမယ့်ဗျာ…ပြန်မပေးတာကခပ်များများရယ်။ ကျွန်တော့်မှာအမေ သူများတွေကိုပိုက်ဆံချေးပေးလိုက်တိုင်းလန့်နေရတယ်။ အိမ်မှာဘဲပိုက်ဆံစုထားတယ်ဆိုတာလည်း အကောင်းဆုံးနည်းမဟုတ်ပါဘူး၊ သူခိုးခိုးတာတို့ မီး လောင်တာတို့ဆိုဘယ်လိုလုပ်မလဲ။ အမေ့လိုလူမျိုးတွေအတွက်ပေါ့လေ ငွေစုဖို့တခြားနည်းလမ်းကောင်းတွေ ရွေးစရာရှိလာရင် အများကြီးအဆင်ပြေမှာပဲ။”

ရဲကိုကိုထက်, လုံခြုံရေးဝန်ထမ်း, ရန်ကုန်