ဖြစ်စဉ်လေ့လာချက်

မိုဘိုင်းငွေကြေးဝန်ဆောင်မှုများကအနှေးယာဉ်လုပ်သားတစ်ဦးကိုမည်သို့ကူညီနိုင်ပါသလဲ

sikecar
ကျော်မင်းဟာအသက်၂၈နှစ်ရှိပြီဖြစ်တဲ့ဆိုက်ကားဆရာတစ်ဦးဖြစ်ပြီးဇနီး၊ကလေးနှစ်ယောက်တို့နဲ့
အတူမန္တလေးမြို့မှာ နေပါတယ်။သူက ကျောက်ဆည်မြို့ပြင်မှာရှိတဲ့ကျေးရွာလေးတစ်ခုက
မိဘနှစ်ပါးဆီကိုလတိုင်းငွေ၂၀,၀၀၀ကျပ်ကိုတာဝန်ကျေပွန်စွာပို့ပေးနေကျပါ။
မနက်ပိုင်းအဝေးပြေးကားနဲ့ပို့လိုက်တဲ့ ငွေကိုအဲဒီညနေဒါမှမဟုတ် နောက်တစ်နေ့မနက်မှာမှ ကျောက်ဆည်မြို့မှာသွားထုတ်ယူလို့ရပါတယ်။လတိုင်းဆိုသလို ငွေအဆင်ပြေပြေမရောက်မှာကိုသူအမြဲစိတ်ပူနေခဲ့ရပါတယ်။
ဘဏ်မှာ ငွေသွင်းထားဖို့ဆိုပြန်တော့လည်းအနည်းဆုံးရှိရမယ့် ငွေပမာဏမရှိနေတဲ့အတွက်
ကျော်မင်းအနေနဲ့ဘဏ်accountဖွင့်လို့မရပြန်ဘူး။ပြီးတော့ဘဏ်တွေအပေါ်မယုံကြည်စိတ်ကလည်း
သူ့မှာရှိနေပြန်တယ်။တစ်နေ့ပိုက်ဆံအလုံအလောက်ရှိလာတဲ့အခါသူ့ဆိုက်ကားကိုအပြီးသတ် ကျောခိုင်းပြီးဆိုင်လေးတစ်ဆိုင်ဖွင့်ဖို့၊သူ့ကလေးတွေကိုပညာသင်ပေးပြီးအရွယ်ရောက်တဲ့အခါ
အိမ်ထောင်ချပေးဖို့သူ မျှော်လင့်နေခဲ့တယ်။
အခုဆိုရင် ကျော်မင်းဟာ Wave Money ကိုသုံးပြီးယုံကြည်ရတဲ့ကိုယ်စားလှယ်ဆီကဒါမှမဟုတ်
သူ့မိုဘိုင်းဖုန်းဆီကတဆင့်မိဘတွေဆီကိုပိုက်ဆံပို့ပေးနိုင်ပြီ ဖြစ်ပါတယ်။
ပိုက်ဆံလွှဲပေးရတာကလည်းစိတ်ချရပြီးချက်ချင်းရောက်တယ်။ ကျော်မင်းမိဘတွေကလည်း
ကျောက်ဆည်ကသူတို့နဲ့အနီးဆုံး Wave Shop တွေဆီမှာပိုက်ဆံကိုချက်ချင်းထုတ်ယူနိုင်ပါပြီ။