ဆုကြေးငွေပေါင်း သိန်း ၄၀ ကျော်အထိ ပါတဲ့ WAVE TikTok Filter Challenge

ဆုကြေးငွေပေါင်း သိန်း ၄၀ ကျော်အထိ ပါတဲ့ WAVE TikTok Filter Challenge

WAVE SuBuu TikTok Filter Challenge က WAVE ၁၀ နှစ်ပြည့်အထူး အစီအစဉ်ဖြစ်လို့ ….  
၁ သိန်းဆုတွေကို ၁၀ ရက် တစ်ကြိမ်တိုင်းမှာ ကံထူးရှင် ၁၀ ဦးစီ ရွေးချယ်ပြီး ၄ ပတ်ဆက်တိုက် ဆုလက်ဆောင်ပေးသွားမှာနော်။ 🥳

လုံးဝ အမိုက်စားပဲဟုတ် 🤭

ကဲ ကိုယ်က ချွေတာစုဆောင်း သူဌေးလောင်းလေးလား ဒါမှမဟုတ် တခြား အမှန်တရားလေးများ 😝 ရမလား ဆိုတာကို သိဖို့ 

WAVE TikTok Account က Su Buu Challenge effect ကိုသုံး → စိတ်ကြိုက်သီချင်းလေးရွေး
↳ 60 Sec နှိပ် → TikTok ရိုက် → အဖြေရှာကြည့်ပြီး 
ဒိ Hashtag လေး (၃) ခု နဲ့ တင်ပေးရုံနဲ့ 
#WAVESuBuuChallenge
#WAVE10thAnniversary
#WAVE 
🎁 ၁ သိန်းဆု ကံထူးယူနိုင်ပြီ။

📆 ဇူလိုင်လ (၁) ရက်ကနေ ဩ‌ဂုတ်လ (၁၀) ရက်အတွင်း WAVE TikTok Filter စုဘူး Challenge ကို ဆော့ထားတဲ့ TikToker တွေထဲက သတ်မှတ်ချက်တွေနဲ့ ကိုက်ညီသူ (၄၀) ဦး ကို (၁၀) ရက်တစ်ကြိမ် Random ရွေးချယ်ပြီး 🎁 ၁ သိန်းကျပ်စီ ဆုလက်ဆောင်ပေးသွားမှာမို့

🎁 ဆုငွေတွေလည်း ကံထူးယူ၊ အပျော်တွေ ကူးဖို့TikTok ဆော့ရင်း WAVE ရဲ့ Official TikTok Account လေးကိုပါ Follow ပေးဖို့ မမေ့နဲ့ဦးဗျို့။

(အငြင်းပွားမှုတစ်စုံတစ်ရာဖြစ်ပေါ်ခဲ့ပါက WAVE ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။)

ပရိုမိုးရှင်း စည်းမျဉ်းစည်းကမ်းအသေးစိတ်အား ကြည့်လိုက်ပါ

WAVE ဆယ်နှစ်ပြည့် Su Buu Challenge” TikTok Filter ပြိုင်ပွဲအစီအစဉ်အတွက် စည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များ 

 

၁) ပါဝင်ဆင်နွှဲနိုင်သူများ  

  • ကိုယ်ပိုင် TikTok အကောင့် နှင့် အတည်ပြုပြီးသား WAVE အကောင့် ရှိသည့် မည်သူမဆို ဤအစီအစဉ်တွင် ပါဝင်နိုင်ပါသည်။  
  • Wave Money Official TikTok အကောင့်အား Follow လုပ်ထားပေးရမည်။ 

 

၂) ပါဝင်ဆင်နွှဲရန် ပြုလုပ်ရမည့် လုပ်ငန်းစဉ်များ 

  • WAVE (၁၀) နှစ်ပြည့်အထူး Su Buu TikTok Filter Challenge ကို အသုံးပြု ဆော့ကစားပြီး  #WAVE10thAnniversary #WAVESuBuuChallenge #WAVE  

ဖော်ပြပါ #Hashtags များနှင့်အတူ  ပြိုင်ပွဲကာလဖြစ်သည့် 📆 ဇူလိုင်လ  ရက် မှ ဩဂုတ်လ ၁၀ ရက်နေ့အတွင်း မိမိရဲ့ TikTok Account တွင် တင်ပေးရပါမည်။  

 

  • အထက်ပါအချက်များနှင့် ပြည့်စုံကိုက်ညီတဲ့ ပါဝင်သူများထဲမှ ကျပ်တစ်သိန်း ဆုရှင် (၁၀ဦး ကို  ဆယ်ရက်(၁)ကြိမ် (ဇူလိုင်လ ၁၁ ရက်၊ ၂၁ ရက်၊ ၃၁ ရက် နှင့် ဩဂုတ်လ ၁၁ ရက်) များတွင် စုစုပေါင်း (၄) ကြိမ်တိတိ ကြေညာပေးသွားမည်ဖြစ်သည်။ 

 

၃) အကျိုးခံစားခွင့်များ 

  • ပါဝင်သူများထဲမှ ဖော်ပြပါအချက်များနဲ့  ပြည့်စုံအောင်လုပ်ဆောင်ပေးတဲ့သူတွေထဲက  သိန်းဆုရှင် (၄၀ဦး ကို WAVE ဘက်မှ ကျပန်းစနစ်ဖြင့် ရွေးချယ်မှာဖြစ်ပြီး အနိုင်ရရှိသွားသူများကို Wave Money Official Facebook Page နှင့် Wave Money Official TikTok Account မှတစ်ဆင့် ကြေညာပေးသွားမည် ဖြစ်သည်။  

၄) စည်းကမ်းသတ်မှတ်ချက်များ 

  • ပြိုင်ပွဲကာလဖြစ်သည့် ဩဂုတ်လ (၁၀ရက်နေ့၊ ည (၁၂) နာရီအထိသာ နောက်ဆုံးထားပြီး ယှဉ်ပြိုင်ခွင့်ရှိမည်။ 

 

  • ဩဂုတ်လ (၁၀ရက်နေ့၊ ည (၁၂) နာရီကျော်လွန်ပြီးနောက်မှ တင်ထားသော TikTok ပို့စ်များနှင့်  ပြန်လည်မွမ်းမံထားသော ပို့စ်များအား အနိုင်ရရှိသူ ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားသွားမည် မဟုတ်ပါ။  

 

  • အနိုင်ရရှိသူများကို အပြာရောင် အမှတ်အသားပါရှိသည့်  Wave Money Official Facebook Page နှင့် Wave Money Official TikTok Account တို့မှတစ်ဆင့် ကြေညာပေးသွားမှာဖြစ်ပြီး အနိုင်ရရှိသူများသည် Wave Money TikTok Account သို့ မိမိကိုယ်ပိုင် WAVE အကောင့်ဖွင့်ထားသည့် ဖုန်းနံပါတ်အား လာရောက်ပေးပို့ပေးရမည်။ 

 

  • အနိုင်ရရှိသူများရဲ့ အချက်အလက်များ စစ်ဆေးပြီးနောက် WAVE မှ ဆက်သွယ်ပေးမည်ဖြစ်ပြီး အနိုင်ရရှိသူ၏ WAVE အကောင့်ထဲသို့ ရုံးဖွင့်ရက် (၃) ရက် မှ (ရက် အတွင်း ဆုငွေများကို ဖြည့်သွင်းပေးသွားမည်ဖြစ်သည်။ 

 

  • ဆုငွေများကို WAVE App မှတစ်ဆင့် e – money  ဖြင့် ပေးအပ်သွားမည်ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်သူများအနေဖြင့် WAVE အကောင့်မရှိသေးပါက ဆုလက်ခံရယူရန် အတည်ပြုပြီးသား WAVE အကောင့်တစ်ခုဖွင့်ထားဖို့ လိုအပ်ပါသည်။ 

 

  • အနိုင်ရရှိသည့် ဆုငွေကို ဆုရှင်၏ ကိုယ်ပိုင် WAVE အကောင့်ထဲသို့သာ လွှဲပေးမည်ဖြစ်ပြီး အခြားသောနည်းလမ်းဖြင့် ပြောင်းလဲပေးမည်မဟုတ်ပါ။ ဆုငွေကိစ္စများနှင့် ပတ်သက်ပြီး အငြင်းပွားဖွယ်တစ်စုံတစ်ရာဖြစ်ပေါ်လာပါက WAVE ၏ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်သည်။ 
  • ယခုအစီအစဉ်တွင် ပါဝင်ရန်အတွက် ၄င်းတို့ နေထိုင်ရာ၊ နိုင်ငံသားခံယူထားရာ နိုင်ငံများမှ  ဥပဒေအရ တားမြစ်ထားသူများ ပါဝင်ယှဉ်ပြိုင်ခွင့်မရှိပါ။  

 

  • Profile အစစ်အမှန်များဖြင့် ယှဉ်ပြိုင်ထားသော အကောင့်များကိုသာ ထည့်သွင်းစဉ်းစားသွားမည် 

 

  • TikTok အကောင့်တစ်ခုလျှင် တစ်ကြိမ်တည်းသာ ပါဝင်ယှဉ်ပြိုင်ခွင့်ရှိမည်။ 

 

  • ဆုငွေပေးရန် အချက်အလက်တူညီနေသော ကံထူးရှင်များကိုလည်း ဆုကြေးငွေ ပေးသွားမည်မဟုတ်ပါ။ 

 

  • အငြင်းပွားဖွယ်ရာတစ်စုံတစ်ရာရှိပါက Wave ရဲ့ ဆုံးဖြတ်ချက်သာအတည်ဖြစ်သည်။ 

 

  • ယခုအစီအစဉ်တွင် ပါဝင်နိုင်ရန် မည်သည့်အခကြေးငွေမှ ပေးရန် မလိုအပ်ပါ။ အထူးသတိပြုရန်မှာ Wave Money Call Center နှင့်တကွ WAVE ဝန်ဆောင်မှုပေးသောသူများနှင့် WAVE တရားဝင် ဝန်ထမ်းများသည် အသုံးပြုသူများ၏ PIN (သို့မဟုတ်) OTP များကို ဘယ်သောအခါမှ မေးမြန်းခြင်းပြုမည်မဟုတ်ပါ။ တစ်စုံတစ်ဦးမှ မေးမြန်းလာပါကလည်း လုံးဝ  ဖြေကြားခြင်း မပြုပါနှင့်။ 

 

  • အထက်ပါအချက်များအပြင် WAVE သည် စည်းမျဥ်းကန့်သတ်ချက်များအား ကြိုတင်အကြောင်းကြားခြင်းမပြုဘဲ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်းများ ပြုလုပ်ခွင့်ရှိပါသည်။  

ပါဝင်သူအနေနဲ့ ပွဲအစီအစဥ်တွင် ဝင်ရောက်ခြင်းဖြင့် အဆိုပါပြင်ဆင်မှုများ၊ အစားထိုးမှုများ၊  စည်းမျဥ်းကန့်သတ်ချက်များနှင့် အသိပေးချက်များဖြင့်သာ နောက်ဆုံး ဆုံးဖြတ်မည်ကို သိရှိလက်ခံထားရပါမည်။  

  • အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက Wave Money ၏ အဆုံးအဖြတ်သာလျှင် နောက်ဆုံးအတည်ဖြစ်သည်။  

 

  • အသေးစိတ်အချက်အလက်များအား ဆက်သွယ်မေးမြန်းလိုပါက 900 (အက်တမ် ATOM နံပါတ်) နှင့် 09 79000 9000 (အခြားအော်ပရေတာအသုံးပြုသူများကို ခေါ်ဆိုမေးမြန်းနိုင်ပါသည်။ 

email – [email protected] ကိုလည်း ဆက်သွယ်နိုင်ပါသည်။  

Icon
campaign brief

ဆုကြေးငွေပေါင်း သိန်း ၄၀ ကျော်အထိ ပါတဲ့ WAVE TikTok Filter Challenge လာပြီဗျို့

Icon
campaign period

01 Jul - 10 Aug 2026

Icon
prize

၁၀၀၀၀၀ ကျပ် - ၄၀ ဆု

share on:

Wavemoney © 2026. All rights reserved.Developed by B360

chat icon