“Agent Referral Campaign”
========================
၁။ Campaign အသေးစိတ်
(က) ပါဝင်ဆင်နွှဲနိုင်သူများ – Wave Agent များသာ
(ခ) ပြုလုပ်ရမည့်လုပ်ငန်းစဉ် – Campaign ကာလ (September လ 1 ရက်နေ့မှ November 30 ရက်နေ့) အတွင်း Agent များမှ Wave Account မရှိသော Customer များအား Referral ပြုလုပ်ပြီး Wave အကောင့်အသစ်ဖွင့်ပေးပြီး Wave Account အား Level-2 အထိ မြှင့်တင်ပေးရမည်ဖြစ်ပါသည်။
(ဂ) Agentဘက်မှ အကျိုးခံစားခွင့် – သတ်မှတ်ကာလအတွင်း Agent များအနေဖြင့် မိမိ referပေးသော Customer၏ Wave Account သည် Level-2ဖြစ်မှသာ ပြန်အမ်းငွေ 1000 ကျပ်ကို ရရှိမည်ဖြစ်ပါသည်။
အောက်တွင်ဖော်ပြထားသော ဇယားပါ သတ်မှတ်ထားသော အရေအတွက်ကို အမှတ်စဉ် (ခ)တွင်ဖော်ပြထားသော စည်းမျဉ်းများနှင့်အညီ ပြုလုပ်ထားသော Agentများအတွက် အောက်ပါ bonus များကို ခံစားခွင့်ရနိုင်မည်ဖြစ်ပါသည်။
| အမှတ်စဥ် (ခ) ရှိလုပ်ငန်းစဉ်အား ပြီးမြောက်သော Customer အရေအတွက် | Bonus ပမာဏ |
| ၅ ဦး မှ ၉ ဦး အထိ | တစ်ဦးလျှင် ၃၀၀ ကျပ် |
| ၁၀ ဦး မှ ၁၉ ဦး အထိ | တစ်ဦးလျှင် ၄၀၀ ကျပ် |
| ၂၀ ဦး နှင့်အထက် | တစ်ဦးလျှင် ၅၀၀ ကျပ် |
(ဃ) သတ်မှတ်ချက် – အမှတ်စဥ် (ခ)တွင်ဖော်ပြထားသောပြုလုပ်ရမည့် လုပ်ငန်းစဥ်ကို သတ်မှတ်ကာလအတွင်း ပြီးမြောက်အောင်လုပ်ဆောင်မှသာ ဤအစီအစဥ်တွင် အကျုံးဝင်ပါမည်။
မှတ်ချက် (မှန်ကန်ခြင်း မရှိသောအချက်အလက်များဖြင့် အကောင့်အသစ်ဖွင့်လှစ် ခြင်းအား ထည့်သွင်း စဉ်စားမည် မဟုတ်ပါ)
(င) Promotion ကာလ – 2026 ခုနှစ် September လ 1 ရက်နေ့မှ November 30 ရက်နေ့
(စ) Cashback ရရှိနိုင်မည့်ကာလ – စည်းကမ်းသတ်မှတ်ချက်များနှင့်ကိုက်ညီသည့် Agentများ၏ WavePay အကောင့်များသို့ e-money cash back ကို Promotion ကာလပြီးဆုံးပြီး ရုံးဖွင့်ရက် (၇) ရက်အတွင်း ထည့်သွင်းပေးမည်ဖြစ်ပါသည်။
၂။ အခြားစည်းမျဉ်းစည်းကမ်းများ
(က) ယခုအစီအစဉ်မှာ ပါဝင်နိုင်ရန် မည်သည့်အခကြေးငွေမှပေးရန် မလိုအပ်ပါ။ အထူးသတိပြုရန်မှာ Wave Money Call Center နှင့် တကွ ဝန်ဆောင်မှုပေးသောသူများသည် အသုံးပြုသူများ၏ PIN (သို့) OTP များကို မေးမြန်ခြင်း ပြုမည်မဟုတ်ပါ။ တစ်စုံတစ်ဦးမှမေးမြန်းလာပါက ဖြေကြားခြင်းမပြုပါနှင့်။
(ခ) မသမာသော လုပ်ငန်းစဥ်လုပ်ဆောင်မှုများ၊ ပြန်အမ်းငွေရရှိစေရန်သာ ရည်ရွယ်၍ လုပ်ဆောင်ထားသော လုပ်ငန်းစဥ်များ တွေ့ရှိရပါက ပြန်အမ်းငွေအား ထည့်သွင်းပေးမည်မဟုတ်ပါ။
(ဂ) အထက်ဖော်ပြပါ အချက်များအပြင် Wave Money ၏ စည်းမျဉ်းကန့်သတ်ချက်များအား ကြိုတင်အကြောင်း ကြားခြင်းမပြုဘဲ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်းများ ပြုလုပ်နိုင်ခွင့် ရှိပါသည်။ ပရိုမိုရှင်းအစီအစဉ်တွင် ဝင်ရောက်ခြင်းဖြင့် အဆိုပါပြင်ဆင်မှုများ၊ ဖြည့်စွက်မှု၊အစားထိုးမှုများနှင့်အတူ စည်းမျဉ်းကန့်သတ်ချက်များနှင့်သာ အားလုံးကို နောက်ဆုံး ဆုံးဖြတ်မည်ကို သိရှိလက်ခံထားပြီးဖြစ်ပါသည်။
(ဃ) အငြင်းပွားမှု တစ်စုံတစ်ခုပေါ်ပေါက်လာပါက Wave Money အဆုံးအဖြတ်သာလျှင် နောက်ဆုံးအတည်ဖြစ်သည်။