MMQR အကြောင်းကို TikTok ရိုက်ရင်း ဝေမျှကာ သိန်းချီဆုများစွာ ရယူပါ

MMQR အကြောင်းကို TikTok ရိုက်ရင်း ဝေမျှကာ သိန်းချီဆုများစွာ ရယူပါ

MMQR ဆိုရင် WAVE အပါအဝင် ဘယ်လို Pay/ Wallet နဲ့ပဲပေးပေး ပေးချေရတာ✨ လွယ်ကူမြန်ဆန် အဆင်ပြေစိတ်ချရကြောင်းကို Video လေးတွေ စိတ်ကြိုက်ဖန်တီးပြီး သိန်းချီဆုကြီးတွေ ရယူနိုင်ပြီနော်။ 🥳

ကိုယ့်ဆိုင်မှာရိုက်ထားတဲ့ MMQR Video တွေကို သတ်မှတ်ထားတဲ့ကာလနဲ့ အရေအတွက်အတိုင်း TikTok ပလက်ဖောင်းမှာတင်ပြီး Hashtag  #MMQRဆိုWAVEလိုက် နှင့် #MMQRWAVEဆိုင် တို့ကို ထည့်ပေးရုံပဲနော်။

အဓိကကတော့ 
“MMQR ဆိုတာဘာလဲ?” ဆိုတာလေးကို ရှင်းပြပြီး ဆိုင်မှာ MMQR ကို ဘယ်လိုအသုံးပြုဖြစ်လဲ၊ ဘယ်လိုငွေလက်ခံလဲဆိုတာကို Video ရိုက်ကူးပြရမှာဖြစ်ပြီး တစ်လကို သတ်မှတ်ထားတဲ့ အရေအတွက်အလိုက် တစ်ပတ်ကို တစ်ပုဒ်နှုန်း တင်ပေးရမှာပါနော်။

တင်သမျှ Video တိုင်းမှာလည်း WAVE Money Official TikTok Channel ကို Mention/ Tag ပြီး #MMQRဆိုရင်WAVEလိုက် Hashtag ကို မဖြစ်မနေ ထည့်သွင်းပေးရမှာဖြစ်ပါတယ်နော်။

ကဲ အခုပဲ ဆုကြီးတွေကံထူးဖို့ MMQR ဆို WAVE လိုက်တော့နော်။

#MMQRSoWAVELite #MMQR #WAVE ​

ပရိုမိုးရှင်း စည်းမျဉ်းစည်းကမ်းအသေးစိတ်အား ကြည့်လိုက်ပါ

“MMQR ဆို WAVE လိုက်” _ WAVE MMQR Merchant UGC Campaign 

စည်းကမ်းသတ်မှတ်ချက်များ 

 

 

၁) အစီအစဉ် ကာလ 

  • ဤအစီအစဉ်ကို [၁၅.၀၉.၂၀၂၆မှ [၁၄.၁၁.၂၀၂၆] အထိ ကျင်းပသွားမည်ဖြစ်ပါသည်။ 

 

 

 ပါဝင်ဆင်နွှဲနိုင်သူများ 

  • ရွေးချယ်ထားသော Chain Merchant များ၏ Head Office မှ ခွင့်ပြုထားသော Outlet များ၏ ဆိုင်ခွဲမန်နေဂျာများ၊ ငွေကိုင်များ (Cashiers) နှင့် ဝန်ထမ်းများအားလုံး ပါဝင်နိုင်ပါသည်။ 

 

 

၃) ပြုလုပ်ရမည့် လုပ်ငန်းစဉ်များ 

  • ပါဝင်သည့် Chain Merchant ဆိုင်ခွဲများတွင် WAVE MMQR ကို အသုံးပြု၍ ငွေပေးချေနိုင်မှု၊ လွယ်ကူအဆင်ပြေမှုတို့ကို အခြေခံ၍ ဆိုင်၏ WAVE MMQR Standee ပါဝင်သော (၁၅ စက္ကန့်မှ ၆၀ စက္ကန့်အထိ) TikTok ဗီဒီယိုတိုကို ဖန်းတီးရမည်။ 
  • ဗီဒီယိုအား Chain Merchant များ၏ တရားဝင် TikTok အကောင့်တွင် #MMQRဆိုWAVEလိုက် နှင့် #WAVEMMQR ဆိုင် Hashtags (#) များ ထည့်သွင်း၍ Public Post အဖြစ် တင်ပေးရမည်။ 
  • Chain Merchant များ၏ ဆိုင်ခွဲအရေအတွက်၊ အဆင့်ပေါ်မူတည်၍ သတ်မှတ်ထားသော ကမ်ပိန်းကာလအတွင်း သတ်မှတ်ထားသော စုစုပေါင်း TikTok ဗီဒီယိုအရေအတွက်ကို Chain Merchant များ၏ တရားဝင် TikTok အကောင့်တွင် တင်ပေးရမည်။ 
  • တင်ထားသော ဗီဒီယို Link များကို စုစည်း၍ WAVE ၏ သတ်မှတ်ထားသောအီးမေးလ် _ 

[email protected] သို့ ပေးပို့ရမည်။ 

 

 

၄) အကျိုးခံစားခွင့်နှင့် ဆုကြေးများ 

  • သတ်မှတ်ထားသော ဗီဒီယိုအရေအတွက်နှင့် Content စည်းကမ်းချက်များကို ပြည့်မီသော Chain Merchant များအား Campaign သတ်မှတ်ချက်နှင့်အညီ ဆုများ ပေးအပ်မည်ဖြစ်ပါသည်။ 
  • ဆုကြေးငွေ e-money ကို Chain Merchant’s Head Office သို့ WAVE Account မှတစ်ဆင့် ဗီဒီယို Link များ လက်ခံရရှိပြီး ၅ရက်အတွင်း ပေးအပ်သွားမည်ဖြစ်ပါသည်။  

 

Outlet အရေအတွက် အလိုက် Merchant အဆင့် ပါဝင်မည့်  

Chain Merchant အရေအတွက် 

တင်ရမည့် 

စုစုပေါင်း အရေအတွက် 

ဆုကြေး (ကျပ်) Remarks 
1 ~ 5 3 2 200,000 ၁ လအတွင်း အပြီးတင်ရန် (15th Sept ~ 14th Oct) 
5 ~10 2 4 300,000 ၁ လအတွင်း အပြီးတင်ရန် (15th Sept ~ 14th Oct) 
10 ~ 20 5 6 400,000 ၄၅ ရက်အတွင်း အပြီးတင်ရန် (15th Sept ~ 29th Oct) 
>20 1 10 500,000 ၂ လအတွင်း အပြီးတင်ရန် (15th Sept ~ 14th Nov) 

 

 

၅) အခြားသတ်မှတ်ချက်များ 

  • တင်သည့် Video သည် Chain Merchant ၏ ဝန်ထမ်းများ ကိုယ်တိုင်ဖန်တီးထားသော Content ဖြစ်ရမည်။ အခြားသူများ၏ ပုံ၊ Video၊ Music၊ Trademark သို့မဟုတ် အခြားမူပိုင်ခွင့်ရှိသည့် အကြောင်းအရာများကို ခွင့်ပြုချက် မရှိဘဲ အသုံးမပြုရပါ။ 
  • Customer ၏ မျက်နှာ၊ ကိုယ်ရေးအချက်အလက်၊ ဖုန်းနံပါတ်၊ ငွေပေးချေမှုအချက်အလက်၊ OTP၊ PIN သို့မဟုတ် အခြားလျှို့ဝှက်အချက်အလက်များကို ခွင့်ပြုချက်မရှိဘဲ Video တွင် ထည့်သွင်းဖော်ပြခြင်း မပြုရပါ။ 
  • မသင့်လျော်သော၊ ရိုင်းပျသော၊ အထင်အမြင်မှားစေနိုင်သော၊ မမှန်ကန်သော သို့မဟုတ် Chain Merchant နှင့် WAVE ၏ Brand Image ကို ထိခိုက်စေနိုင်သော Content များ မပါဝင်ရပါ။ 

 

 

မူပိုင်ခွင့်နှင့် အထွေထွေ စည်းကမ်းများ 

  • ဒီ Campaign မှာ ပါဝင်ခြင်းဖြင့် သင်၏ Video (သို့မဟုတ်) Content အားလုံးကို ဖြစ်စေ၊ တစိတ်တပိုင်းကို ဖြစ်စေ Wave Money ၏ Social Media Channel များတွင် ပြန်လည် Share ခြင်း၊ Repost ခြင်း နှင့် ကြော်ငြာအဖြစ် အသုံးပြုခြင်းများ ကို Wave Money မှ ပြုလုပ်ခွင့်ရှိပါမည်။ 
  • မည်သည့် အငြင်းပွားမှုမဆို Wave Money ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။ 

 

 

သတ်မှတ်ချက်နှင့် မကိုက်ညီသော Content 

  • စည်းကမ်းသတ်မှတ်ချက်များနှင့် မကိုက်ညီသော Content၊ မှားယွင်းသောအချက်အလက်များ ပါဝင်သော Content သို့မဟုတ် အခြားသူများ၏ မူပိုင်ခွင့်နှင့် ကိုယ်ရေးအချက်အလက်ဆိုင်ရာ အခွင့်အရေးများကို ချိုးဖောက်သည့် Content များကို Campaign တွင် ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ ထို Content များနှင့် ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သည့် တောင်းဆိုမှုများအတွက် Wave Money မှ တာဝန်ယူမည်မဟုတ်ပါ။ 

 

 

) Campaign ပြင်ဆင်/ရပ်ဆိုင်းခွင့် 

  • W‌ave Money သည် လိုအပ်ပါက Campaign ကာလ၊ စည်းကမ်းသတ်မှတ်ချက်များ၊ ဆုများနှင့် Campaign အစီအစဉ်များကို ကြိုတင်အသိပေး၍ ပြင်ဆင်ခြင်း သို့မဟုတ် ရပ်ဆိုင်းခြင်း ပြုလုပ်နိုင်ပါသည်။ 
  • အငြင်းပွားဖွယ်တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက Wave Money ၏ အဆုံးအဖြတ်သာလျှင် အတည်ဖြစ်သည်။ 

 

 

၉) သတိပြုရန် နှင့် ဆက်သွယ်ရန် 

  • ယခုအစီအစဉ်တွင် ပါဝင်နိုင်ရန် မည်သည့်အခကြေးငွေမှ ပေးရန်မလိုအပ်ပါ။ အထူးသတိပြုရန်မှာ Wave Money Call Center နှင့်တကွ ဝန်ဆောင်မှုပေးသောသူများသည် အသုံးပြုသူများ၏ PIN (သို့မဟုတ်) OTP များကို မေးမြန်းခြင်းပြုမည်မဟုတ်ပါ။ တစ်စုံတစ်ဦးမှ မေးမြန်းလာပါက ဖြေကြားခြင်းမပြုပါနှင့်။ 

 

  • အသေးစိတ်အချက်အလက်များအား ဆက်သွယ်မေးမြန်းလိုပါက 900 (အက်တမ် ATOM သီးသန့်နံပါတ်) နှင့် 09 79000 9000 (အခြားအော်ပရေတာအသုံးပြုသူများ) ကို ခေါ်ဆိုမေးမြန်းနိုင်ပါသည်။ Email – [email protected] ကိုလည်း ဆက်သွယ်နိုင်ပါသည်။  
Icon
campaign brief

MMQR အကြောင်းကို TikTok ရိုက်ရင်း ဝေမျှကာ သိန်းချီဆုများစွာ ရယူပါ

Icon
campaign period

15 Sep - 14 Oct 2026

Icon
prize

သတ်မှတ်ထားသော WAVE MMQR Merchant ကြီးများ နှင့် ဆိုင်ခွဲများ

share on:

Wavemoney © 2026. All rights reserved.Developed by B360

chat icon