ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များအား လျှို့ဝှက်ထားရှိမှုကို အကာအကွယ်ပေးရန် အလေးအနက်ထား ဆောင်ရွက်ပါသည်။ Digital Money Myanmar အတွင်းရှိ ခွင့်ပြုချက်ရရှိထားသော ဝန်ထမ်းများသည် သုံးစွဲသူတစ်ဦးချင်းစီထံမှ ရယူထားသည့် သတင်းအချက်အလက်တစ်ရပ်ရပ်ကို သိရှိရန်လိုအပ်သည့် အခါတွင်သာ အသုံးပြုပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ သုံးစွဲသူများအား တတ်နိုင်သမျှ အကောင်းဆုံးသော ဝန်ဆောင်မှုများ ပေးစွမ်းနိုင်ရန် ကျွန်ုပ်တို့၏ စနစ်များနှင့် အချက်အလက်များကို အစဉ်အမြဲ ပြန်လည်သုံးသပ်ပါသည်။
ကျွန်ုပ်တို့သည် ကွန်ပြူတာစနစ်များနှင့် အချက်အလက်များအပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ဆောင်ရွက်သည့် လုပ်ဆောင်ချက်များအား တာဝန်ရှိသူများအပေါ် ကျရောက်ဖြစ်ပေါ်သည့် ထိခိုက်ပျက်စီးမှုများအား ပြန်လည် ကာမိစေရန် တရားစွဲဆိုခြင်း နှင့်/သို့မဟုတ် တရားမကြောင်းအရ ဥပဒေဆိုင်ရာအရေးယူခြင်းတို့အား ဆောင်ရွက်မည်ဟူသော ရည်ရွယ်ချက်ဖြင့် စုံစမ်းစစ်ဆေးပါမည်။