၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်၊ ရန်ကုန်။ ။ ကိုယ်ပိုင်လူနေမှုဘဝကို မိမိစိတ်တိုင်းကျပုံဖော်နိုင်ရန် တစ်ဖက်တစ်လမ်း မှ ပံ့ပိုးကူညီပေးမည့် မြန်မာနိုင်ငံ၏ ယုံကြည်စိတ်ချရသော မိုဘိုင်းလ်ပိုက်ဆံအိတ် အက်ပလီကေးရှင်း WavePay ကို မြန်မာနိုင်ငံ၏ မိုဘိုင်းငွေကြေးဝန်ဆောင်မှုတွင် ဦးဆောင်ကုမ္ပဏီ တစ်ခုဖြစ်သော Wave Money မှ ဆောင်ပုဒ်သစ် “ကိုယ့်ဘဝ ကိုယ့်စိတ်ကြိုက်” နှင့်အတူ အဆိုပါ အက်ပလီကေးရှင်းတွင် ပါဝင်သော စိတ်ဝင်စားဖွယ်ရာ ဝန်ဆောင်မှုများအား တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်စေရန် မိတ်ဆက်လိုက်သည်။
ရန်ကုန် - မြန်မာ၊ ဇွန်လ (၈) ရက်နေ့၊ ၂၀၂၀ ။ ။ အစိုးရအဖွဲ့များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းစုများသည် မြန်မာနိုင်ငံ၏ မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုကဏ္ဍ၏ ဦးဆောင်ကုမ္ပဏီ တစ်ခုဖြစ်သော Wave Money နှင့် ပူးပေါင်းကာ COVID-19 ကပ်ရောဂါအခြေအနေများကြောင့် ထိခိုက်ဆုံးရှုံးမှုများ ရင်ဆိုင်ကြုံတွေ့လျက်ရှိသည့် လူ့အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသို့ ဒီဂျစ်တယ်နည်းပညာဖြင့် ကူညီထောက်ပံ့ပေး လျက်ရှိသည်။
၂၀၂၀ ခုနှစ်၊ မေလ ၁၈ ရက်၊ ရန်ကုန်၊ ဟန်ကျိုး။ ။ မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်းဝန်ဆောင်မှုကို လက်လှမ်းမမီသေးသူများနှင့် အခြေခံပြည်သူများအတွက် လူတိုင်း ဘဏ္ဍာရေးဝန်ဆောင်မှု အသုံးပြုနိုင်ရေးကို မြှင့်တင်လုပ်ဆောင်ရန် Digital Money Myanmar Limited (“Wave Money”) နှင့် Alipay ၏ အော်ပရေတာဖြစ်သူ Ant Financial Services Group (“Ant Group”) တို့အကြား မဟာဗျူဟာမြောက် မိတ်ဖက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်းကို ယနေ့တွင် ထုတ်ပြန်ကြေညာသည်။ ဒီဂျစ်တယ်နှင့် မိုဘိုင်းငွေပေးချေမှုလုပ်ငန်းတွင် ရှေ့တန်းမှဦးဆောင်လျက်ရှိသော Ant Group ၏ နည်းပညာပိုင်းဆိုင်ရာပံ့ပိုးမှုများနှင့်အတူ Wave Money သည် မြန်မာနိုင်ငံအနှံ့ရှိ သုံးစွဲသူများအတွက် ပိုမိုလွယ်ကူအဆင်ပြေပြီး လုံခြုံစိတ်ချရသည့် မိုဘိုင်းဘဏ္ဍာရေးဝန်ဆောင်မှုများကို တိုးမြှင့်လုပ်ဆောင်သွားဖြစ်သည်။
မြန်မာနိုင်ငံ၏ မိုဘိုင်းငွေပေးချေမှုကဏ္ဍတွင် ဦးဆောင်ကုမ္ပဏီဖြစ်သော Wave Money မှ နိုင်ငံတဝှမ်းရှိ WavePay အသုံးပြုသူများအတွက် လွယ်ကူလျင်မြန်သော ငွေပေးချေမှုဝန်ဆောင်မှုအား အကောင်အထည်ဖော်ဆောင်ရေးရည်ရွယ်ကာ ကမ္ဘာလုံးဆိုင်ရာ ငွေပေးချေမှုကုမ္ပဏီဖြစ်သည့် 2C2P နှင့် ပူးပေါင်းဆောင်ရွက် လိုက်ပြီဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲအား ရန်ကုန်မြို့ရှိ Sule Shangri-La ဟိုတယ်တွင် ပြုလုပ်ကျင်းပခဲ့သည်။
မြန်မာ့ထိပ်တန်း မိုဘိုင်းလ် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းဖြစ်သည့် Wave Money သည် တစ်နှစ်တာ ငွေလွှဲပမာဏ မြန်မာကျပ်ငွေ ၆.၄ ထရီလီယံနှင့်အတူ၂၀၁၉ ခုနှစ်ကို အောင်မြင်တိုးတက်မှုများစွာဖြင့် မြန်မာ့ဘဏ္ဏာရေးကဏ္ဍတွင် မှတ်ကျောက်တင်နိုင်ခဲ့သည်။ ထိုငွေလွှဲပမာဏ သည် ၂၀၁၈ ခုနှစ်အတွင်း ရရှိခဲ့သော ပမာဏဖြစ်သည့် မြန်မာကျပ်ငွေ ၂ ထရီလီယံထက် သုံးဆကျော်လွန် မြင့်မားခဲ့သည်။
မြန်မာနိုင်ငံ၏ မိုဘိုင်းလ်ငွေပေးချေမှုတွင်ထိပ်တန်းကုမ္ပဏီဖြစ်သော Wave Money နှင့် ပြည်တွင်းခရီးသွားလက်မှတ်များ၊ ခရီးသွားလာရေးဆိုင်ရာ ဝန်ဆောင်မှုများတွင် ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်သော Flymya.com သည် လွယ်ကူလျင်မြန်သော ခရီးသွားလာရေးဆိုင်ရာ ငွေပေးချေမှုများ ပံ့ပိုးပေးနိုင်ရန် ပူးပေါင်းဆောင်ရွက်ခဲ့သည်။
မြန်မာနိုင်ငံ၏ မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုကဏ္ဍတွင် ဦးဆောင်ကုမ္ပဏီ တစ်ခုဖြစ်သော Wave Money သည် ဒီဂျစ်တယ်ငွေပေးချေမှုအတွက် အပြန်အလှန်အကျိုးသက်ရောက်မှုရှိသော လုပ်ငန်း လည်ပတ်မှုနည်းပညာ (Interoperability) တစ်ရပ်ပေါ်ပေါက်စေရေးအတွက် ဦးဆောင်ဦးရွက်ပြုကာ ဈေးကွက်အတွင်း အသိပညာမျှဝေပေးရေးအတွက် အဓိကထားဆောင်ရွက်လျက်ရှိသည်။ Wave Money မှ ငွေပေးချေရေးနှင့် မိုဘိုင်းလ်ငွေကြေးကဏ္ဍတို့တွင် နိုင်ငံတကာအသိအမှတ်ပြုပညာရှင်ဖြစ်သူ Mr. Charles Niehaus ရေးသားပြုစုထားသော “Digital Financial Services Interoperability: An Overview of the Journey Ahead” အား အများပြည်သူထံသို့ ချပြလိုက်သည်။ ၎င်းသည်အားလုံးပါဝင်နိုင်သော ငွေကြေးစနစ်ရရှိရေးအတွက် အဓိကအခန်းကဏ္ဍတွင် တစ်ခုအပါအဝင် လည်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် မိုဘိုင်းလ် ငွေကြေးဝင်ဆောင်မှုကဏ္ဍကို ဦးဆောင်လျက်ရှိသော လိုင်စင်ရကုမ္ပဏီတစ်ခုဖြစ်သည့် Wave Money သည် စားသောက်ကုန်ဖြန့်ဖြူးခြင်းကဏ္ဍတွင် ဦးဆောင်လုပ်ကိုင်လျက်ရှိသည့် METRO Wholesale မြန်မာ နှင့်ပူးပေါင်းကာ မြန်မာနိုင်ငံ၏ စားသောက်ကုန် ထောက်ပံ့မှုအား ဒီဂျစ်တယ်စနစ်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယနေ့ သတင်းထုတ်ပြန်ကြေညာလိုက်သည်။