Press Release
Article

သတင်းထုတ်ပြန်ချက်များ

Wave Money မှ မြန်မာနိုင်ငံရှိ COVID-19 လှုပ်ရှားမှုများဆိုင်ရာ ဒီဂျစ်တယ်ငွေပေးချေမှုကဏ္ဍအား ဦးဆောင်လျက်ရှိ

June 12, 2020

ရန်ကုန် - မြန်မာ၊ ဇွန်လ (၈) ရက်နေ့၊ ၂၀၂၀ ။ ။ အစိုးရအဖွဲ့များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းစုများသည် မြန်မာနိုင်ငံ၏ မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုကဏ္ဍ၏ ဦးဆောင်ကုမ္ပဏီ တစ်ခုဖြစ်သော Wave Money နှင့် ပူးပေါင်းကာ COVID-19 ကပ်ရောဂါအခြေအနေများကြောင့် ထိခိုက်ဆုံးရှုံးမှုများ ရင်ဆိုင်ကြုံတွေ့လျက်ရှိသည့် လူ့အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသို့ ဒီဂျစ်တယ်နည်းပညာဖြင့် ကူညီထောက်ပံ့ပေး လျက်ရှိသည်။

မြန်မာပြည်သူများအားလုံး ဘဏ္ဍာရေးဝန်ဆောင်မှုအား လက်လှမ်းမီစေရန် ရည်ရွယ်၍ Wave Money နှင့် Ant Financial Services Group တို့မှပူးပေါင်းဆောင်ရွက်

May 18, 2020

၂၀၂၀ ခုနှစ်၊ မေလ ၁၈ ရက်၊ ရန်ကုန်၊ ဟန်ကျိုး။ ။ မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်းဝန်ဆောင်မှုကို လက်လှမ်းမမီသေးသူများနှင့် အခြေခံပြည်သူများအတွက် လူတိုင်း ဘဏ္ဍာရေးဝန်ဆောင်မှု အသုံးပြုနိုင်ရေးကို မြှင့်တင်လုပ်ဆောင်ရန် Digital Money Myanmar Limited (“Wave Money”) နှင့် Alipay ၏ အော်ပရေတာဖြစ်သူ Ant Financial Services Group (“Ant Group”) တို့အကြား မဟာဗျူဟာမြောက် မိတ်ဖက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်းကို ယနေ့တွင် ထုတ်ပြန်ကြေညာသည်။ ဒီဂျစ်တယ်နှင့် မိုဘိုင်းငွေပေးချေမှုလုပ်ငန်းတွင် ရှေ့တန်းမှဦးဆောင်လျက်ရှိသော Ant Group ၏ နည်းပညာပိုင်းဆိုင်ရာပံ့ပိုးမှုများနှင့်အတူ Wave Money သည် မြန်မာနိုင်ငံအနှံ့ရှိ သုံးစွဲသူများအတွက် ပိုမိုလွယ်ကူအဆင်ပြေပြီး လုံခြုံစိတ်ချရသည့် မိုဘိုင်းဘဏ္ဍာရေးဝန်ဆောင်မှုများကို တိုးမြှင့်လုပ်ဆောင်သွားဖြစ်သည်။