မေးလေ့ရှိသော မေးခွန်းများ

အထွေထွေ

နီးစပ်ရာ Wave ဆိုင်မှတစ်ဆင့် မည်သူမဆိုငွေလွှဲနိုင်ပါတယ်။

Telenor အသုံးပြုသူများအနေဖြင့် လွယ်ကူစွာ Wave အကောင့်ဖွင့်နိုင်ပြီး အချိန်မရွေး၊ နေရာမရွေး မိမိမိုဘိုင်းဖုန်းမှ ငွေလွှဲနိုင်ပါတယ်။

Wave ဆိုင်မှ ငွေလွှဲခြင်း

အနီးဆုံးမည်သည့် Wave ဆိုင်မှာမဆို သွားရောက်ပြုလုပ်နိုင်ပါတယ်။ သင်နှင့် အနီးဆုံးဆိုင်

ငွေလွှဲဖို့ အမျိုးသားမှတ်ပုံတင်ကဒ်ပြား နှင့် မိုဘိုင်းဖုန်းနံပါတ်တို့ လိုအပ်ပါတယ်။

ငွေလက်ခံဖို့ အမျိုးသားမှတ်ပုံတင်ကဒ်ပြား၊ လုပ်ငန်းစဉ်အမှတ် နှင့် လျှို့ဝှက်ငွေထုတ်နံပါတ်တို့ လိုအပ်ပါတယ်။

လျှို့ဝှက်ငွေထုတ်နံပါတ် ၆ လုံးရှိပါတယ်။

Customer helpline သို့ ဖုန်းခေါ်ဆိုရပါမယ်။

Wave အကောင့် ၀န်ဆောင်မှုများ

ကိုယ်တိုင် Wave အကောင့် မှတ်ပုံတင်နည်းများမှာ –
• Wave Money App ကို Play Store bit.ly/waveplay (သို့မဟုတ်) bit.ly/waveapk1 မှ download ရယူခြင်း
• *901# သို့ ဖုန်းခေါ်ဆိုခြင်း
• Wave ဆိုင်ကိုယ်စားလှယ်ထံ သွားရောက်ခြင်း
• 901 သို့ “JOIN” ဟု SMS ပို့ခြင်း
• IVR 900 သို့ ဖုန်းခေါ်ဆိုခြင်း

လုပ်ငန်းစဉ်များကို အကောင့်ဖွင့်ပြီးပြီးချင်း စတင်လုပ်ဆောင်နိုင်ပါပြီ။

လွှဲနိုင်ပါတယ်။ ငွေလွှဲသူမှ Wave အကောင့်ကို အသုံးပြုပြီး လျှို့ဝှက်ငွေထုတ်နံပါတ်ပြုလုပ်ကာ ငွေလက်ခံသူအားအသိပေးလိုက်သည်နှင့် မည်သည့် Wave ဆိုင်တွင်မဆို ငွေသွားရောက်လက်ခံနိုင်ပါတယ်။

လက်ခံနိုင်ပါတယ်။ ငွေလက်ခံသူရဲ့ Wave အကောင့်သို့ မည်သူမဆို Wave ဆိုင်မှတစ်ဆင့် ငွေလွှဲနိုင်ပါတယ်။

Customer helpline သို့ ဖုန်းခေါ်ဆိုရပါမယ်။

SMS ဘာသာစကားပြောင်းလဲဖို့ အောက်ပါအဆင့်များအတိုင်း လုပ်ဆောင်ရပါမယ် –
• 900 သို့ ဖုန်းခေါ်ဆိုပါ
• Wave အကောင့် ဘာသာစကားပြောင်းလဲရန်အတွက် 5 ကိုနှိပ်ပါ
• PIN နံပါတ် ၄ လုံးထည့်ပါ
• မြန်မာဘာသာစကားအတွက် 1 ကိုနှိပ်ပါ (သို့မဟုတ်) အင်္ဂလိပ်ဘာသာစကားအတွက် 2 ကိုနှိပ်ပါ
ဘာသာစကားပြောင်းလဲပြီးသည်နှင့် Wave အကောင့်နှင့် ပတ်သက်သည့် SMS များအားလုံးကို ရွေးချယ်ထားသောဘာသာဖြင့် ရရှိပါမယ်။

သိရှိလိုသည်များကို
ရှာမတွေ့ခဲ့လျှင်