UKyawThanAung

U Kyaw Than Aung

Head of Strategic Partnership
ဦးကျော်သန်းအောင်သည် ရိုးမဘဏ်ကို ၁၉၉၅ ခုနှစ်ကတည်းက စတင်ဝင်ရောက်ခဲ့ပြီး ၁၉ နှစ်အတွင်း ဘဏ်ခွဲတည်ထောင်မှုအပိုင်းတွင် ဦးဆောင်သူနေရာရရှိခဲ့ပြီး စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်တစ်ဦးလည်းဖြစ်ခဲ့သည်။ ၁၉၉၈ ခုနှစ်မှ စတင်ပြီး အလုပ်အမှုဆောင်ရာထူးအမျိုးမျိုးတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ဘဏ်ခွဲစီမံခန့်ခွဲမှုအပိုင်းနှင့် ရိုးမဘဏ်၏ ဘဏ်ခွဲတည်ထောင်မှုတွင်လည်း အတွေ့အကြုံများစွာရှိသည်။ ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံအောက်ပိုင်းဒေသ၏ အထွေထွေမန်နေဂျာရာထူး ခန့်အပ်ခြင်းခံခဲ့ရသည်။ ယခုအခါတွင် Wave Money ၌ မဟာဗျူဟာမြောက်မိတ်ဖက်ခြင်းဆိုင်ရာ အကြီးအကဲအဖြစ် လုပ်ကိုင်လျက်ရှိသည်။