htd_IMG_5395

Prasoon Sinha

CFO
Mr. Prasoon Sinha သည် Wave Money ၏ ဘဏ္ဍာရေး အမှုဆောင် အရာရှိချုပ် အဖြစ် တာဝန် ထမ်းဆောင်လျက် ရှိသည်။ Prasoon သည် Telecom လောက၏ ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီး စျေးကွက်များတွင် အတွေ့အကြုံ အများအပြား ရှိသူ တစ်ဦးလည်း ဖြစ်သည်။ ယခင်က Telenor India ၏ ဘဏ္ဍာရေး အမှုဆောင် အရာရှိချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် Telenor ရုံးချုပ်ဖြစ်သည့် တယ်လီနော နော်ဝေ (Telenor Norway) သို့ ပြောင်းရွှေ့ခဲ့သည်။ တယ်လီနော နော်ဝေတွင် ရှိနေစဉ် စကန်ဒီနေးဗီးယား၊ အရှေ့ ဥရောပနှင့် အာရှရှိ တယ်လီနော၏ တယ်လီကွန်း လုပ်ငန်းစဉ် (၁၃)ခု မှတဆင့် ထူးခြားပြောင်မြောက်သည့် အပြောင်းအလဲ တစ်ခု ဖော်ဆောင်ရေးအတွက် ဦးစီး လုပ်ဆောင်ခဲ့သည်။ Prasoon သည် ဒေလီတက္ကသိုလ်မှ စီးပွားရေး စီမံခန့်ခွဲမှုဆိုင်ရာ မဟာဘွဲ့ ရရှိထားသူ ဖြစ်သည်။