JustinHadgkiss

Justin Hadgkiss

Head of Technology and Commercial

Justin သည် Wave Money တွင် နည်းပညာ platform လုပ်ဆောင်မှုစွမ်းရည်များ ဖော်ဆောင်ခြင်း နှင့် စီမံခန့်ခွဲခြင်းအပိုင်းတို့အပြင် sourcing အပိုင်းကိုပါ တာဝန်ယူဦးဆောင်လျက်ရှိသည်။ ကမ္ဘောဒီးယားနိုင်ငံ Wing ၏ ၀န်ထမ်းဟောင်းတစ်ဦးဖြစ်ပြီး လွန်ခဲ့သော ၉ နှစ်အတွင်း အရှေ့တောင်အာရှတွင် လက်လီဘဏ်လုပ်ငန်း၊ ဒီဂျစ်တယ်ရုပ်သံလိုင်း နှင့် ထုတ်ကုန်ပေးပို့ခြင်းဆိုင်ရာ ရာထူးများတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ အသစ်ပေါ်ထွက်လာသောဈေးကွက်ဖြစ်သည့် မိုဘိုင်းငွေကြေး၊ ငွေပေးချေမှုကွန်ယက်၊ လက်လီဘဏ်လုပ်ငန်းစီမံခန့်ခွဲမှု နှင့် နည်းပညာပိုင်းတွင်လည်း အတွေ့အကြုံရှိသူဖြစ်သည်။ ပညာရေးတွင် University of Melbourne မှ Psychology/Information Systems (Dean’s Honours List) ဖြင့် ဘွဲ့နှစ်ခုရရှိထားသည်။