brad

Brad Jones

CEO

Brad Jones သည် Wave Money ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သည်။ Brad သည် အတွေ့အကြုံရင့် အမှုဆောင်တစ်ဦးဖြစ်ကာ အာရှ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းအပါအဝင် ဖွံ့ဖြိုးဆဲ ဈေးကွက်များရှိ ဒစ်ဂျစ်တယ်ငွေကြေး၊ မိုဘိုင်းငွေကြေးနှင့် စီးပွားရေးလုပ်ငန်း အသွင်ပြောင်းလဲခြင်းအပိုင်းများတွင် အထူးပြု လုပ်ကိုင်လာသူဖြစ်သည်။

ယခုရာထူးမတိုင်မီ Brad သည် Visa ၏ အာရှပစိဖိတ်၊ အရှေ့အလယ်ပိုင်း၊ မြောက်နှင့် အနောက်အာဖရိက နှင့် ပါကစ္စတန်ဆိုင်ရာ မိုဘိုင်းငွေကြေးနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်းများအား ဦးဆောင်ခဲ့သည်။ သူသည် ကမ္ဘာ့ဘဏ်နှင့် Grameen Foundation တို့တွင်လည်း လက်လီပေးချေမှုနှင့် မိုဘိုင်းငွေကြေးဆိုင်ရာ အတိုင်ပင်ခံအဖြစ် ဆောင်ရွက်ခဲ့ ကာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်နှင့် တရုတ် အပါအဝင် ဈေးကွက်အမျိုးမျိုးတွင် လုပ်ကိုင်ခဲ့သည်။ Visa နှင့် လက်မတွဲမီ Brad သည် အာရှ၏ပထမဆုံး ဘဏ်ဦးဆောင်သည့် မိုဘိုင်းငွေကြေး လုပ်ငန်းဖြစ်သော Wing Cambodia ၏ တည်ထောင်သူ အုပ်ချုပ်မှုဒါရိုက်တာ အဖြစ်တာဝန်ယူခဲ့သည်။ Wing ကိုဦးဆောင်နေစဉ်အတွင်း သူ၏ လုပ်ငန်းသည် ကမ္ဘောဒီးယား၏ ပြည်နယ်တိုင်းတွင်ကိုယ်စားလှယ်များ ထားရှိနိုင်ခဲ့ကာ၊ မိုဘိုင်းဆက်သွယ်ရေး လုပ်ငန်း ငါးခုနှင့်လည်း ပူးပေါင်းချိတ်ဆက်နိုင်ခဲ့ပြီး ဆန်းသစ်တီထွင်မှုဆုများလည်း ရရှိခဲ့သည်။ Brad သည် ကမ္ဘောဒီးယား ဗဟိုဘဏ်နှင့် ပူးတွဲ၍ မိုဘိုင်းဖုန်းဖြင့် ငွေပေးချေမှုဆိုင်ရာ စည်းမျဉ်းအသစ်များ ချမှတ်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး နိုင်ငံတကာ ငွေကြေး ကော်ပိုရေးရှင်းနှင့် AusAid Enterprise Challenge Fund စသည့် ခိုင်မာသော ဖွံ့ဖြိုးရေး လက်တွဲဖက်များလည်း ချိတ်ဆက်နိုင်ခဲ့သည်။

Brad သည် သြစတြေးလျနိုင်ငံရှိ Griffith တက္ကသိုလ်မှ စီးပွားရေးဘွဲ့ ရရှိကာ Queensland တက္ကသိုလ်မှ စီးပွားရေးဘွဲ့လွန် အသိအမှတ်ပြုလက်မှတ်များလည်း ရရှိထားသည်။